ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန်သာယာဈေးရှိ ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ရာသီပေါ်သီးနှံ များကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ချဉ်ပေါင်ပင်များကို နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာကွက်ခြံစည်ရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချ လျက်ရှိပြီး ဆလပ်ရွက်သည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်ပြီး သံနုန်း မြေများတွင် သဘာဝနွားချေးမြေဆွေးများကို ထည့်သွင်းစိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းသော အပင်မျိုး ဖြစ်ပါသည်။ အစိုဓာတ်ကို နှစ်သက်သော အပင်တစ်မျိုးဖြစ်ပြီး ရေကိုများများ လောင်းပေးရန် လိုအပ်ပါသည်။ ဆလပ်ရွက်ကို မုန်လာရွက်(အစိမ်းရောင်)ဟုလည်း ခေါ်ကြပါ သည်။ ဆလပ်ရွက်သည် တို့စရာဟင်းလျာအဖြစ်လည်းကောင်း၊ အသုပ်များသုပ်စားရာတွင် လည်းကောင်း အသုံးပြုနိုင်ပါသည်။ မုံရွာမြို့၊  ချင်းတွင်းဈေးနှင့်ကန်သာယာဈေးတို့တွင် ဩဂုတ်လ ပထမပတ်တွင် ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ (၁) စည်းလျှင် (၂၀၀)ကျပ်၊ (၅)စည်းလျှင် (၅၀၀)ကျပ်ဖြစ်ပြီး  ဆလပ်ရွက်တစ်စည်းလျှင် (၃၅၀)ကျပ်မှ (၄၀၀)ကျပ် အသီးသီးရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဆလပ်ရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် ရာသီချိန်အလိုက် စားဖိုဆောင်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ဆလပ်ရွက်ကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာများတွင် မိမိတို့နေအိမ်ခြံဝင်းများ၊ မိမိတို့ယာကွက်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ဆလပ်ရွက်သည် စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာသည့်အတွက်  ထိုက်သင့်သည့်အကျိုးအမြတ် ရရှိကြောင်း သိရသည်။

    ဆလပ်ရွက်သည် အစားအသောက်အမျိုးမျိုးနှင့်တွဲဖက် စားသုံးကြသည့်အတွက် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ အကင်ဆိုင်များ၊ အသုတ်ဆိုင်များစသည့် ဆိုင်များမှဝယ်ယူအသုံးပြုသည့် အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ဆလပ် ရွက်အပင်ကြီး(၁)ပင်လျှင် (၈၀၀)ကျပ်၊ အလတ်(၁)ပင်လျှင် (၇၀၀)ကျပ်နှင့် အသေး(၁)ပင်လျှင် (၅၀၀)ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ ဆလပ်ရွက်မှာ အဝင်နည်းသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဒန့်ဒလွန်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိ မှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရလွယ်ကူပြီး မြေနေရာသီးသန့်အကျယ်အဝန်းအများကြီး မလိုတာကြောင့် အိမ်ခြံဝန်းအတွင်း စားသုံးသီးနှံပင်အဖြစ် ဒန့်ဒလွန်ကို စိုက်ပျိုးကြောင်း၊ ဒန့်ဒလွန် စိုက်ပျိုးရာတွင် ကိုင်းဖြတ်စိုက်ခြင်းနဲ့ အစေ့ကိုတိုက်ရိုက်စိုက်ခြင်းဆိုပြီး (၂)မျိုးရှိကြောင်း၊ ဒန့်ဒလွန် ကိုမိုးဦးကျချိန် ဇွန်လတွင် စိုက်ပျိုးလျှင် အကောင်းဆုံးဖြစ်ကြောင်း ၊ ဒန့်ဒလွန်တစ်ပင်သည် အရွယ် ရောက်လာပါက စိုက်ပျိုးနည်းစနစ်ပေါ်မူတည်ပြီး အသီးတောင့်ရေ(၂၀၀)ခန့်သီးကြောင်း သိရသည်။

    မြန်မာလူမျိုးများသည် ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်တို့ကို နှစ်သက်စွာ ချက်ပြုတ်စားသောက်ကြကြောင်း၊ ဒန့်ဒလွန်တစ်ပင်လုံးသည် ကျန်းမာရေးအတွက်အကျိုးပြုသော အဟာရဓာတ်များစွာ ပါဝင်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒန့်ဒလွန်သီး (၅)တောင့်ပါ(၁)စီးလျှင် (၅၀၀)ကျပ်၊ အတောင့်လှလျှင်(၃)တောင့်ပါ(၁)စီးကို (၂၀၀)ကျပ် ၊ အရွက် (၁)စီးလျှင် (၃၀၀)ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ မိမိတို့နေအိမ်ခြံဝန်းမှ စိုက်ပျိုးထွက်ရှိသည့်အတွက် စားစရာဟင်းတစ်ခွက်အပြင် အသီး၊အရွက်တို့ကို ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိနေသည့်အတွက် စိုက်ပျိုးသင့်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)       

ကြက်သွန်ဖြူမှရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများနှင့် ဈေးနှုန်းဈေးကွက်

            ခေတ်အဆက်ဆက်မှသည် ယနေ့တိုင် ကြက်သွန်ဖြူကိုဟင်းချက်ရာတွင် ဟင်းအနှစ် အရသာရှိစေရန်အတွက် တွင်တွင်ကျယ်ကျယ်အသုံးပြုကြပြီး ကျန်းမာရေးအတွက်လည်း ဆေးစွမ်းကောင်းတစ်လက်အဖြစ် အသုံးပြုလျက်ရှိပါသည်။ ကြက်သွန်ဖြူကို နှစ်ထောင်ပေါင်းများစွာ ကတည်းက သုံးစွဲလာကြပြီး ကျန်းမာရေးအတွက်သာမက အချက်အပြုတ် နှင့် ရောဂါကုထုံးများလုပ်ဆောင်ရာတွင်ပါအသုံးပြုခဲ့ကြသည်။ ကြက်သွန်ဖြူတွင် ကယ်လ်လိုရီ အဆီများနှင့် ဆိုဒီယမ်တို့ပါဝင်မှုအလွန်နည်းပါးသည့်အပြင် ဖော့စဖောရပ်စ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဆာလဖာ၊ ဗီတာမင်စီ၊ ဗီတာမင်B6၊ ဗီတာမင်B1၊ ကလိုရင်းစသည့် အသုံးဝင်သော သတ္ထုဓာတ်များစွာပါဝင်သည်။ ကြက်သွန်ဖြူကိုပုံမှန်စားသုံး ပေးခြင်းဖြင့် ရရှိလာနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများမှာ သွေးတိုးနှင့်နှလုံးရောဂါ အန္တရာယ်ကိုလျော့နည်းစေခြင်း၊ အရိုးကျန်းမာရေးကိုအထောက်အပံ့ဖြစ်စေခြင်း၊ အစာခြေမှု ကိုမြှင့်တင်ပေးနိုင်ခြင်း၊ သွေးထဲရှိသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ ကိုယ်ခံအား ကိုမြှင့်တင်ပေးခြင်း နှင့်ကိုယ်အလေးချိန်လျော့ချပေးခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ ထိုကဲ့သို့ ဟင်းချက်ရာတွင်သာမက ကျန်းမာရေးအတွက်ပါ များစွာအသုံးဝင်သောကြက်သွန်ဖြူကို မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင်(၁၀၀၀၀-၁၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းဖြူ) တစ်ပိဿာလျှင်(၅၀၀၀-၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန်ကျီးပင်တစ်ပင်လုံးအသုံးဝင်ပုံနှင့်ဈေးနှုန်းဈေးကွက်

     မန္တလေးတိုင်းဒေသကြီးအတွင်းတွင် မန်ကျီးပင်များပေါများလှသည်။ မန်ကျီးပင် သည် အမြင့် ၃ပေလောက်အရွယ်မှစတင်ကာ အရွယ်နုကလေးများကို စတင်ကြော်၊ချဉ်ရည်၊ အသုပ်များ အသုံးပြုလာကြသည်။ မန်ကျီးရွက်များမှာ တန်ခူးလမှ နယုန်လအထိ ပေါ်ဦး ပေါ်စ မန်ကျီးရွက်နု များ စတင်ထွက်ရှိသည့်အချိန်တွင် (၁၀)သားလျှင် ၂၀၀၀ ကျပ်မှ လှိုင်လှိုင်ပေါများသည့် အချိန်တွင် (၁၀)သားလျှင် ၁၀၀၀ ကျပ်နှင့်ရက်ရှည်လများ စားသုံးရန် မန်ကျီးချဉ်များပြုလုပ်၍ စားသုံးရန် သာမက စီးပွားဖြစ်ရောင်းချမှုများ ပြုလုပ်ကြသည်။

     မန်ကျီးအရွက်များရင့်လာပြီးဝါဆို၊ဝါခေါင် မန်ကျီးအစိမ်းများ ဈေးကွက်အတွင်းသို့ဝင်ရောက်  လာပြီး ပေါ်ဦးပေါ်စအချိန်တွင် မန်ကျီးစိမ်း ၁၀ သားလျှင် ၂၀၀၀ ကျပ် လှိုင်လှိုင်ဝင်ရောက်လာ သည့် အချိန်တွင် ၁၀၀၀ ကျပ်ရှိကြပြီး မန်ကျီးကိုအစိမ်းထောင်း၊ ငကြော်ချက်၍ ပုဇွန်နှင့် မျှစ် တို့ ဖြင့် ရောနှောချက် ပြုတ်စားပြီး စားသောက်ကြသည်။ထိုမှ တဆင့် တပေါင်း၊တန်ခူးလတို့တွင် မန်ကျီးသီးမှည့်များ ဈေးကွက်သို့ဝင်ရောက်လာပြီး မန်ကျီးမှည့်အသစ်များ ၁ ပိဿလျှင်(၁၀၀၀၀) ကျပ်ထိရှိခဲ့သည်။ မန်ကျီးသီးအမှည့် ဗလာ ချောင်ကြော် ၊ချဉ်ရည်ဟင်း ၊ခေါက်ဆွဲကြော်၊ ကြာဇံ ကြော် တို့နှင့်လည်း အချဉ်ပြုလုပ်ပြီး စားကြပြီး မန်ကျီးဖျော်ရည် ၊ မန်ကျီးကော်ဖီများ ပြုလုပ်ကြ သည်။မန်ကျီးပင်သည် အသားမာကြောသောကြောင့် အသား ၊ ငါးခုတ်ရာတွင် စင့်တီတုံး ပြုလုပ် ၍ ၎င်းတုံးဖုတ်ရာတွင်လည်းအသုံးပြုကြပြီး ထင်းအဖြစ်အသုံးပြုကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)                                                                                         

သီးတောင့်ရှည်၏ကျန်းမာရေးအကျိုးပြုပုံနှင့်ဈေးနှုန်းဈေးကွက်

            ပဲသီးတောင့်သည် ရာသီစာဟင်းသီးဟင်းရွက်မဟုတ်ဘဲ တစ်နှစ်ပတ်လုံးရရှိနိုင်သော အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ပဲသီးတောင့်ရှည်တွင် ဗီတာမင်အေ၊ ပရိုတင်း၊ သံဓာတ်၊ မီးစုန်း၊ သီအာမင်၊ ရီဘိုပလာဗင်နှင့် ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာပါရှိသည့်အပြင် ဗီတာမင်စီ၊ ဖောလိတ်၊ မဂ္ဂနီဆီယမ်နှင့် မဂ္ဂနိစ်တို့စုဝေးရာ အရင်းအမြစ်လည်းဖြစ်သည့်အတွက် ပဲသီးကိုအားအင်ပြည့်ဝစေသော အစားအစာတစ်ခုအဖြစ် စားသုံးသင့်ပေသည်။ ပဲသီးတောင့်ရှည်ကို စားသုံးပေးခြင်းဖြင့် အိုမင်းရင့်ရော်မှုကိုနှောင့်နှေးစေပြီး အရွယ်တင်နုပျိုစေကာ နှလုံးသွေးကြောနှင့် ဆိုင်သော ရောဂါများကိုလည်း ကာကွယ်ပေးနိုင်သည်။ သွေးတိုးရောဂါ၊ အဆစ်ရောင်ဝေဒနာရောဂါ၊ အရိုးပါးရောဂါ၊ လေသင်တုန်းဖြတ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါများမဖြစ်အောင် လည်းကာကွယ်ပေးပါသည်။ ပဲသီးတွင်ပါဝင်သောသဘာဝဗီတာမင်စီသည် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ကူးဆက်လွယ်သော အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ ရာသီဖျားနာခြင်းတို့မှလည်းကာကွယ်ပေးနိုင်သည်။ ဗီတာမင်အေ ပါဝင်သောကြောင့် မျက်စိရောဂါအမျိုးမျိုးအတွက် လွန်စွာဆေးဖက်ဝင်သည်။ နာတာရှည်သွေးအားနည်းရောဂါရှိသူများအနေဖြင့်လည်း သံဓာတ်ပါဝင်မှုများသောပဲသီးကို မကြာခဏစားသုံးပေးသင့်ပါသည်။  စားသုံးသူများအတွက် ဘက်ပေါင်းစုံမှဆေးဖက်ဝင်ပြီး ဘေးထွက်ဆိုးကျိုးမရှိစေဘဲ တစ်နှစ်ပတ်လုံး အလွယ်တကူရရှိနိုင်ကာ အာဟာရလည်းဖြစ်စေသော ပဲတောင့်ရှည်ကို မြင်းခြံမြို့၊ အေးမြသီတာ ဈေးတွင် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ပေါ်ဦးပေါ်ဖျားဇီးဖြူသီးဈေးကောင်းရ

       မန္တလေးဈေးကွက်အတွင်းသို့  မန္တလေးမြို့/စစ်ကိုင်းအနီးတဝိုက်တို့တွင် ဇီးဖြူပင်များ အလေ့ကျပေါက်သော အသီးတစ်မျိုးဖြစ်သည်။ ယခုအခါ ဇီးဖြူပင်များကို ခြံစည်းရိုး တဝိုက်တို့တွင် စိုက်ပျိုးလာပြီး မိမိတို့အိမ်တွင်စားသုံး၍ ပိုလျှံသော အသီးများကို ဈေးသို့တင်ပို့ရောင်းချပြီး စီးပွား ဖြစ် စိုက်ပျိုးလာကြသည်။ ဇီးဖြူပင်သည် နှစ်ရှည်သီးပင် တစ်မျိုးဖြစ်သည်။ ယခင်နှစ် များတွင် ဇီးဖြူသီးများ တော်သလင်းလလောက်မှတင်၍ ဈေးကွက်သို့ဝင်ပြီး ယခုနှစ်တွင် မိုးကောင်းသည့် အတွက်ကြောင့် ဇီးဖြူသီးများဈေးကွက်သို့အဝင်စောလာသည့်အပြင် ပြာသိုလလောက်အထိ အသီးများသီးလျက်ရှိသည်။ ယခင်နှစ်က ၁၀လုံးလျှင် (၃၀၀-၄၀၀) တစ်ပြည်လျှင် (၂၅၀၀)ကျပ် ရှိခဲ့ပြီး ယခုနှစ် ပေါ်ဦးပေါ်စအချိန်တွင် ၁၀လုံးလျှင် (၁၃၀၀-၁၅၀၀) ကျပ် လှိုင်လှိုင်ထွက်ရှိသည့် အချိန်တွင် ၁၀လုံးလျှင် ၅၀၀ ကျပ် တစ်ပြည်လျှင် (၃၅၀၀)ကျပ် ဈေးဖြင့်ရောင်းဝယ်လျက်ရှိသည်။ မြန်မာလူမျိုးတို့သည် ဇီးဖြူသီးကို အစိမ်းထောင်း၍သော်လည်းကောင်း ပြုတ်၍ထောင်းပြီး ဇီးဖြူ သီးသနပ်ပြုလုပ်ပြီး ဇီးဖြူသီးကို ငါးကြော်ဖြင့်ချက်၍ စားသုံးကြသည်။ ဇီးဖြူသီး ပေါများသော  အချိန်တွင် ရက်ရှည်စားရန် ဆားရေစိမ်ပြုလုပ်ကြသည်။ ဇီးဖြူသီးကို သီးစုံအချဉ်ပေါင်းများတွင် ထည့်၍ ရောင်းကြသည်။ ဇီးဖြူသီးတွင် သံဓာတ်ပါဝင်ကြောင်း ဇီးဖြူသီးခြောက်ကို ပရဆေးများ ပြုလုပ်ရာတွင် အသုံးပြုရုံသာမက တရုတ်ပြည်သို့လည်း တင်ပို့ရောင်းချသူထံမှသိရှိရပါသည်။

DOCA (မန္တလေး)                                                                                         

                                                                          

                                                                       

 

 

 

 

ဖရဲသီးစားသုံးခြင်း၏ကောင်းကျိုးများနှင့်ဈေးနှုန်းဈေးကွက်

           ဖရဲသီးတွင် ရေဓာတ်၉၂%ပါဝင်သောကြောင့် ရင်ကိုအေးမြစေပြီး ရေငတ်ပြေစေကာ ခန္ဓာကိုယ်အတွင်းရှိ အပူရှိန်ကိုလည်းလျှော့ချပေးနိုင်ပါသည်။ ဖရဲသီးတွင်အဆီနှင့် ကိုလက်စထရော လုံးဝမပါရှိဘဲ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်ခြင်းက ထူးခြားလှပါသည်။ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီနှင့်ဗီတာမင်စီဓာတ်ပေါများစွာပါဝင်ပြီး ကယ်လ်လိုရီအလွန်နည်းသောကြောင့် အာဟာရလည်းဖြစ်စေပါသည်။ ဖရဲသီးကိုစားသုံးပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေး ကောင်းကျိုးများမှာ နှလုံးကျန်းမာရေးကောင်းမွန်ခြင်း၊ ကျောက်ကပ်ကျန်းမာခြင်း၊ အမြင်အာရုံတိုးတက်ကောင်းမွန်ခြင်း၊ သွေးတိုးရောဂါကိုသက်သာစေခြင်း၊  အသားအရေဝင်းပစေခြင်း၊ အရိုးကျန်းမာသန်စွမ်းခြင်း၊ ကြွက်သားများနာကျင်မှုကိုခုခံပေးခြင်းနှင့် ပန်းနာရောဂါကိုတိုက်ဖျတ်ပေးခြင်းစသည့်အကျိုး ကျေးဇူးများစွာကိုရရှိစေနိုင်ပါသည်။ ဖရဲသီးတွင်ဗီတာမင်စီများစွာပါဝင်သဖြင့် ကိုယ်ခံစွမ်းအား ကိုလည်းမြှင့်တင်ပေးကာ အနာများကိုလည်း လျှင်မြန်စွာကျက်စေနိုင်ပါသည်။ သွားနှင့်ခံတွင်း ကိုလည်းကျန်းမာစေပါသည်။ ဖရဲသီးထဲရှိ အချိုဓာတ်သည် အင်ဆူလင်ကိုထိန်းညှိပေးပြီး သွေးထဲရှိသကြားပမာဏကိုကျစေသဖြင့် ဆီးချိုရောဂါရှိသူများအနေဖြင့်လည်း စားသုံးပေးသင့် ပါသည်။ ဖရဲသီးတွင်ရေဓာတ်ကြွယ်ဝစွာ ပါဝင်သဖြင့် ဖရဲသီးစားသုံးပေးခြင်းဖြင့် မကြာခဏ ဆီးသွားစေပြီး ကျောက်ကပ်ကိုသန့်စင်စေကာ ဆီးကျောက်တည်ခြင်းမှလည်းကာကွယ်ပေးပါသည်။ ဗီတာမင်အေပါဝင်ခြင်းကြောင့် ကြက်မျက်သင့်ရောဂါ၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်းစသည့် မျက်စိရောဂါအမျိုးမျိုးအပြင် ဖရဲသီးတွင်ပါဝင်သော ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်ဓာတ်များကြောင့် သွေးတိုးရောဂါကိုလည်းသက်သာစေနိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ  ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပြုသော ဖရဲသီးမှာ တစ်လုံးလုံးအသုံးဝင်ပါသည်။ ဖရဲသီးအသားကို လူသားတို့စားသားကြသည်သာမက ဖရဲစေ့ကိုလည်(ကွာစေ့) ပြုလုပ်၍စားသုံးကြပါသည်။ ထို့အပြင် ဖရဲသီးအခွံများကိုလည်း နွားများကြိုက်နှစ်သက်ပြီး တိရစ္ဆာန်အစာအဖြစ်လည်းအသုံးဝင်ပါသည်။ ကျန်းမာရေးအတွက်အကျိုးပြုရုံသာမက တစ်လုံးလုံးအသုံးဝင်သောဖရဲသီးကို မြင်းခြံမြို့ရှိ သစ်သီးဆိုင်များနှင့်အေးမြသီတာဈေးထဲတွင် တစ်လုံးလျှင် (၁၀၀၀-၁၅၀၀-၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပင်မှည့်သီးကောင်းကျိုးနှင့် ဈေးနှုန်းဈေးကွက်

    ပင်မှည့်သီးများကို ဇူလိုင်လ တတိယပတ်မှ စတင်ဝင်ရောက်လျက်ရှိပါသည်။ ပင်မှည့်သီး များစတင်ဝင်ရောက်ချိန်တွင် တစ်လုံးလျှင် (၅၀၀) ကျပ်မှ (၆၀၀) ကျပ်ထိ ရောင်းချလျက် ရှိပါသည်။ ယခု ဩဂုတ်လ ပထမပတ်တွင် ပင်မှည့်သီးဝင်ရောက်မှုများပြားလာသဖြင့် တစ်လုံးလျှင် (၃၀၀)ကျပ်၊ (၄၀၀)ကျပ် ဟူ၍လည်းကောင်းရောင်းချလျက်ရှိကြောင်း သိရပါသည်။ ပင်မှည့်သီး သည် ရာသီပေါ်သီးနှံဖြစ်ပြီး ပင်မှည့်သီးများကို သကြားနှင့် သော်လည်းကောင်း၊ ပျားရည်ဖြင့် သော်လည်းကောင်း ဖျော်၍သောက်သုံးကြသည်။ ပင်မှည့်သီးကိုသောက်သုံးခြင်းဖြင့် အူလမ်းကြောင်း ကျန်းမာရေးတွက် အထောက်အကူဖြစ်ခြင်း ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း နှလုံးသွေးကြော အတွက်ကောင်းမွန်စေခြင်း၊ ခေါင်းမူးခေါင်းကိုက် သက်သာစေခြင်း၊ အိပ်ပျော်စေခြင်း၊ မျက်စိအားကောင်း စေခြင်း၊ သွေးအားနည်းခြင်းကိုလည်းကာကွယ်ပေးခြင်း၊ သံဓာတ်ကြွယ်ဝခြင်း စသဖြင့် ကျန်းမာရေး အတွက် အထောက်အကူပြုသော ရာသီပေါ်သီးနှံတစ်ခုဖြစ်ပါသည်။

DOCA (မန္တလေး)                                                                                         

 

 

 

သကြားပြောင်းဖူး၏ကျန်းမာရေးအကျိုးပြုပုံနှင့်ဈေးနှုန်းဈေးကွက်

       အဝါရောင်သကြားပြောင်းဖူးတွင် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်သောကြောင့် အရေပြားပျက်စီးမှုကနေအထိရောက်ဆုံးကာကွယ်ပေးပြီး အရေးအကြောင်းဖြစ်ခြင်း၊ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းမှလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသည်။ ဗီတာမင်E ကြွယ်ဝစွာပါဝင်သောကြောင့် ဝက်ခြံအမာရွတ်များကို အထိရောက်ဆုံးသက်သာ ပျောက်ကင်းစေနိုင်ပြီး ပြောင်းဖူးကိုခြစ်ပြီးရလာသောအနှစ်ကို ဝက်ခြံအမာရွတ်များကိုလိမ်းပေးခြင်းဖြင့်လည်း သက်သာစေနိုင်ပါသည်။ ပြောင်းဖူးအဆီသည်သွေးစီးဆင်းမှုကောင်းစေနိုင်သလို ဆံသားကိုလည်း ကျန်းမာသန်စွမ်းစေပြီး  ဦးရေပြားတွင်ဖြစ်တတ်သော အရေပြားပြဿာနာများမှကင်းဝေးစေပြီး နတ်မှောင်သန်စွမ်းသောဆံသားကိုပိုင်ဆိုင်စေနိုင်ပါသည်။ ဗီတာမင်Cကြွယ်ဝစွာပါဝင်သောကြောင့် ဆံသားကိုအရင်းမှအဖျားအထိနတ်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းမှလည်း သက်သာစေနိုင် ပါသည်။ သကြားပြောင်းဖူးတွင် ဗီတာမင်B12၊ သံဓာတ်၊ ဖောလစ်အက်ဆစ်တို့ကြွယ်ဝစွာ ပါဝင်သောကြောင့် ပြောင်းဖူးစားသုံးပေးခြင်းဖြင့် သွေးအားနည်းရောဂါကိုကာကွယ်ပြီးသားဖြစ်စေ ပါသည်။ ဗီတာမင်A ကြွယ်ဝစွာပါဝင်သောကြောင့် အမြင်အာရုံကိုအားကောင်းစေနိုင်ပြီး အသက်အရွယ်ကြောင့်ဖြစ်သော အမြင်အာရုံပြဿာနာများမှလည်းကာကွယ်ပေးနိုင်ပါသည်။ သကြားပြောင်းဖူးသည် ကစီဓာတ်ပါဝင်သောကြောင့် အခြားအသီးအနှံများထက် စွမ်းအင်ပိုမိုရစေ နိုင်ပြီး ခန္ဓာကိုယ်အင်အားပြည့်ဝစေပါသည်။ သကြားပြောင်းဖူးတွင် ဖောလစ်အက်ဆစ် ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် စားသုံးပေးသင့်သော အစားအစာ တစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်တတ်သော ခြေလက်ဖောရောင်ခြင်းမှလည်း သက်သာစေနိုင်ပါသည်။ ထို့ကဲ့သို့ အရသာရှိပြီး ကျန်းမာရေးအကျိုးကျေးဇူးများသော သကြားပြောင်းဖူးချိုချိုလေးကို မြင်းခြံမြို့၊အေးမြသီတာဈေးတွင် တစ်ဖူးလျှင် (၅၀၀-၆၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။            

DOCA(မန္တလေး)                

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း