
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများကို မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးရောင်းချ လျက်ရှိရာမှ မြင်းခွာရွက် နှင့် ပူစီနံနံပင်များကိုလည်း အနည်းငယ်မျှသာ စိုက်ပျိုးထားသော်လည်း သဘာဝအရ မျိုးပွားသည့်အတွက် နေ့စဉ်ခူးဆွတ်ပြီး ကျွန်းလှမြို့၊ သစ်ရာ မြိုင်ဈေး ကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါ သည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချ လျက် ရှိသောမြင်းခွာရွက် ဈေးနှုန်းမှာ မြင်းခွာရွက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ မြင်းခွာရွက်(၅၀) ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊ မြင်းခွာရွက်(၅)ကျပ်သားခန့် တစ်ပုံလျှင်(၁၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း ပူစီနံနံရွက် တစ်စည်းလျှင်(၃၀၀)ကျပ်၊ လက်တွင်းတစ်ဆုပ်စာ တစ်ပုံလျှင်(၃၀၀)ကျပ် (၂)ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)