ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ကုန်စိမ်းဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် စမ်းချောင်း ကုန်စိမ်းဈေးများတွင် ခရမ်းသီး၊ ဂေါ်ဖီထုတ်၊ ကန်စွန်းရွက်၊ ခဲဝဲသီး၊ မုန်လာထုပ်၊ ပြောင်းဖူး၊ ထိုင်ဝမ်မုန်ညင်း၊ ရွှေဖရုံသီး၊ ဆလပ်ရွက်၊ ဘိုစားပဲ၊ ပဲရှည်သီး၊ ပဲပင် ပေါက်အစရှိသည့် ကုန်စိမ်း များကို ရောင်းချကြကြောင်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ်၊ သြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကုန်စိမ်း ဈေးများမှာ ကန်စွန်းရွက်တစ်စည်းလျှင်(၈၀၀)ကျပ်၊ ခဝဲသီးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ ထိုင် ဝမ်မုန်ညင်းတစ်စည်းလျှင်(၈၀၀)ကျပ်၊ ရွှေဖရုံသီးတစ်လုံးလျှင်(၇၀၀၀)ကျပ်၊ ဆလပ်ရွက် တစ် စည်းလျှင် (၁၅၀၀)ကျပ်၊ ကြက်သွန်မိတ်တစ်စည်းလျှင်(၆၀၀)ကျပ်၊ ချဥ်ပေါင်ရွက်တစ်စည်း လျှင်(၅၀၀)ကျပ် ပူစီနံတစ်စည်းလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည်တစ်စည်းလျှင်(၉၀၀)ကျပ်၊ ဘူးသီးတစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ဒညင်းသီး(၁၀)လုံးလျှင် (၁၄၀၀)ကျပ်၊ ရုံးပတီသီး တစ်တောင့်လျှင် (၃၀၀)ကျပ် ရှိကြောင်း ကုန်စိမ်း‌ရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ပေါ်ရှိ ကန်စွန်းရွက်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် တောင်ယာလုပ်ငန်းကို အများဆုံးလုပ်ကိုင် ကြပါသည့်အပြင် ရာသီပေါ်သီးနှံနှင့် စားဖိုဆောင်သီးနှံများကို အများအပြားစိုက်ပျိုးကြပါ သည်။ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ကန်စွန်း၊ ခရမ်းသီး၊ ဘူးသီး၊ ပဲသီး အစရှိသည့် သီးနှံမျိုးစုံကို စိုက်ပျိုးကြပါသည်။ ကန်စွန်းရွက်ပင်ကို အိမ်တိုင်းလိုလိုစိုက်ပျိုးကြပါသည်။ ကန်စွန်းပင်သည် အပူပိုင်းဒေသတွင် ပေါက်ရောက်သော အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ကန်စွန်းပင်သည် ရေထဲ (သို့မဟုတ်) စိုစွတ်သောမြေကြီးပေါ်တွင် ပေါက်လေ့ရှိပြီး ကန်စွန်းရိုး အဆစ်များမှ တစ်ဆင့်အမြစ် များထွက်ပြီး ကြီးထွားလေ့ရှိပါသည်။

    ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ကန်စွန်းရွက်ဈေးနှုန်းမှာ ကန်စွန်းရွက်အချောတစ်စည်းလျှင်(၈၀၀)ကျပ်နှင့်ကန်စွန်းရွက်အကြမ်းတစ်စည်းလျှင် (၅၀၀) ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းသေကြီး၊ မြိတ်မြို့ပေါ်ရှိ မုန်ညင်းဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် စမ်းချောင်း ကုန်စိမ်းဈေးများတွင် ခရမ်းသီး၊ ဂေါ်ဖီထုပ်၊ ကန်စွန်းရွက်၊ ခဲဝဲသီး၊ မုန်လာထုပ်၊ ပြောင်းဖူး၊ ထိုင်ဝမ်မုန်ညင်း၊ ရွှေဖရုံသီး၊ ဆလပ်ရွက်၊ ရုံးပတီသီး၊ ဘိုစားပဲ၊ ပဲရှည်သီး၊ ပဲပင်ပေါက်အစရှိသည့် ကုန်စိမ်း များကို ရောင်းချကြကြောင်း သိရှိရပါသည်။

      ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ထိုင်ဝမ်မုန်ညင်းဈေးနှုန်းမှာ တစ်စည်းလျှင် (၈၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်း ကုန်စိမ်း ရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

         

 

 

တနင်္သာရီတိုင်းသေကြီး၊ မြိတ်မြို့ပေါ်ရှိ ဆလပ်ရွက်ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် စမ်းချောင်း ကုန်စိမ်းဈေးများတွင် ခရမ်းသီး၊ ဂေါ်ဖီထုပ်၊ ကန်စွန်းရွက်၊ ခဲဝဲသီး၊ မုန်လာထုပ်၊ ပြောင်းဖူး၊ ထိုင်ဝမ်မုန်ညင်း၊ ရွှေဖရုံသီး၊ ဆလပ်ရွက်၊ ဘိုစားပဲ၊ ပဲရှည်သီး၊ ပဲပင်ပေါက်၊ ရုံးပတီသီး အစရှိသည့် ကုန်စိမ်းများကို ရောင်းချကြကြောင်း သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဆလပ် ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း ကုန်စိမ်းရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ခရမ်းကြွပ်သီးဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ရာသီစာသီးနှံများနှင့် စာဖိုဆောင် သီးနှံများကို အဓိကထားစိုက်ပျိုးကြပါသည်။ ယခုအခါ မြိတ်မြို့ပေါ်ရှိ ကျေးရွာများနှင့် ကျေးရွာများတွင် ခရမ်းကြွပ်သီးများကို စိုက်ပျိုးကြပြီး ခရမ်းကြွပ်သီးများကို ဆိပ်ငယ်ဈေးကြီးနှင့် စမ်းချောင်းကုန်စိမ်းဈေးများတွင် ရောင်းချကြကြောင်း သိရှိရပါသည်။ ခရမ်းကြွပ်သီးများကို ငပိရည် နှင့် တွဲဖက်၍ အတို့အမြုပ်အဖြစ်စားသုံးကြကြောင်း ထမင်းဆိုင်များမှ နေ့စဥ်ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူများထံမှ သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ခရမ်း ကြွပ်သီးဈေးနှုန်းမှာ တစ်လုံလျှင် (၁၀၀)ကျပ်ခန့်ရှိပြီး၊ ၁၁လုံးခန့်ပါ တစ်ထုတ်လျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရျိကြောင်းသိရှိရပါသည်။

           DOCA(တနင်္သာရီ)

 

 

 

 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ဒညင်းသီးဈေးနှုန်း

       ဒညင်းသီးပင်ကို တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မော်လမြိုင်၊ ပဲခူးတိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး စသည့်ဒေသများတွင်လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ဒညင်းသီးကို စားသုံးသူတော်တော်များများစားသုံးကြပြီး ကြိုက်နှစ်သက်သည့် အစားအစာဖြစ်သည့် အတွက်ကြောင့် ဒညင်းသီးများကို အုန်းနို့ဆမ်း၊ ဒညင်းသီးဝက်သားချက်၊ ဒညင်းသီးပြုတ်စသည့် ဟင်းအမျိုးမျိုးများ ပြုလုပ်စားသုံးကြပါသည်။ ဒညင်းသီးသည် တန်ဆေးလွန်ဘေး ဆိုသည့် အတိုင်း မဖြစ်အောင်စားသုံးရန်လိုအပ်ကြောင်း လေ့လာသိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ သြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ဒညင်းသီးမှာ ၁၀လုံးလျှင် (၁၄၀၀)ကျပ်ရှိပြီး ဒညင်းသီးပြုတ်မှာ ၈လုံးလျှင်(၁၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဒေသထွက်နွားနို့စျေးနှုန်းစျေးကွက်

       နွားနို့ကို မြိတ်မြို့တွင် ဒေသတွင်းသောက်သုံးရန် အဓိကထုတ်လုပ်ပြီး စီးပွားဖြစ်တင်ပို့နိုင်ရန် ကြိုစားလျက်ရှိကြပါသည်။ မြို့တွင်း နွားမွေးမြူမှုနည်းပါးပြီး ကျေးရွာများတွင်သာ အဓိကထား မွေးမြူလျက်ရှိကြပါသည်။ ၎င်းမှ ထွက်ရှိလာသော နွားနို့များကို စျေးနှင့် လက်ဖက်ရည်ဆိုင်များတွင် ရောင်းချလျက်ရှိကြပါသည်။ ကျန်းမာရေးအရ သောက်သုံးရန် သော်လည်းကောင်း အားဖြည့်ရန်သော်လည်းကောင်း သောက်သုံးကြပါသည်။

     မြိတ်မြို့တွင် နွားနို့တစ်လီတာဘူးတစ်ဘူးလျှင် (၅၅၀၀)ကျပ်နှင့် အသင့်သောက် တစ်လီတာဘူးတစ်ဘူးလျှင် ၇၀၀၀ကျပ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စျေးကွက်ဝင် ပုဇွန်ပျော့စျေးနှုန်းစျေးကွက်

     မြိတ်ခရိုင်သည် ပင်လယ်ကမ်ရိုးတန်းဒေသဖြစ်သည့်အလျောက် မုန့်ကောင်၊ ပုဇွန်၊ ငါး၊ ဂဏန်းမွေးမြူခြင်းဖြင့် ထင်ပေါ်လျက်ရှိသည်။ ရေထွက်ကုန်ဖြစ်သည့် ပုဇွန်များထဲမှ ပုဇွန်ပျော့ဟာ ချို၍ အခွံပါးသောကြောင့် ပို၍လူကြိုက်များလျက်ရှိသည်။ ပြည်တွင်းသာမက ပြည်ပပါတင်ပို့နိုင်ပြီး စျေးကောင်းရရှိခြင်းကြောင့် မြို့နှင့် ကျေးရွာများတွင် စီးပွားဖြစ်မွေးမြူ ကြလျက်ရှိသည်။ အရွယ်အစားပေါ်မူတည်ပြီး စျေးအနည်းငယ်ကွဲပြားလျက်ရှိသည်။

      ပုဇွန်ပျော့တစ်ပိဿာလျှင် (၃၇၀၀၀)ကျပ်ခန့်ရှိပြီး စျေးများတွင် အကောင်ရေဖြင့် ရောင်းချပါက ၃လက်အရွယ်ခန့်တစ်ကောင်လျှင် (၁၀၀၀)ကျပ်ခန့်စျေးရရှိကြောင်းသိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

 

ပြည်ဒေသထွက် ကိုင်းခရမ်းချဉ်သီးစျေးကွက် 

      ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဒေသထွက်ကိုင်းခရမ်းချဉ်သီးများ စတင်ထွက်ပေါ် လာပြီ ဖြစ်ပါသည်။ ပြည်မြို့နယ် တီတွဒ်ကျေးရွာ၊ ပေါင်းတည်မြို့၊ ခွေးရဲကျေးရွာ၊ ရွှေတောင်မြို့နယ် စစ်ကိုင်းကျွန်း၊ မင်းတဲကျွန်း၊ ကျီးသဲရွာနှင့် မြို့မရွာတို့မှလည်း ပြည်မြို့နယ်ရှိ ဈေးများနှင့် ရန်ကုန် မြို့ရှိ ကုန်စိမ်း ဈေးကွက်များသို့လည်း တင်ပို့ရောင်းချကြပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ခရမ်းချဉ်သီးဈေးမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ဖြင့် ဈေးကောင်းရနေကြောင်း သိရပါသည်။

DOCA(ပဲခူး)

“ကျောက်ဖရုံသီးစိုက်ပျိုးခြင်းဖြင့်ဝင်ငွေရရှိ”

          ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံဖြစ်သော ကျောက်ဖရုံသီး သီးနှံကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ ကျောက်ဖရုံသီး မျိုးများမှာ အိုမီကာ(ထိုင်ဝမ်)မျိုးနှင့် ဗမာမျိုးများဖြစ်ပြီး အိုမီကာ(ထိုင်ဝမ်)မျိုးကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း၊ ကျောက်ဖရုံသီး စိုက်ပျိုးမည်ဆိုပါက(၁)ဧကလျှင်(၄/၅)ထုပ်စိုက်ပျိုးရကြောင်း၊ မျိုးစေ့ (၁)ထုပ် ဈေးနှုန်းအနေဖြင့် အိုမီကာ(ထိုင်ဝမ်)မျိုး(၁)ထုတ်လျှင်( ၁၈၀၀၀ )ကျပ် ဗမာမျိုး(၁)ထုပ်လျှင် ( ၁၂၀၀၀ ) ကျပ်ရှိကြောင်း၊ ကျောက်ဖရုံသီးကို ဘောင်ဖြင့်စိုက်ပျိုးရကြောင်း (၁)ပင်နှင့်(၁)ပင် (၅)တောင်ခန့် ဖွင့်၍(၁)ပေခွဲခန့် ခြားစိုက်ပျိုးရကြောင်း၊ အများဆုံးစိုက်ပျိုးသည့်ကျေးရွာများမှာ မြစ်သားမြို့နယ်ရှိ ရွာခိုင်ကြီးရွာ၊ စမြှောင်ကျေးရွာဖြစ်ကြကြောင်း၊ ကျောက်ဖရုံသီးကို သီးသန့် စိုက်ပျိုးကြသလို နနွင်းခင်း ၊ နှမ်းခင်းများတွင်လည်း သီးထပ်၊သီးညှပ်အဖြစ် စိုက်ပျိုး၍ရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၆၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်ကုန်ကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၃၅၀၀၀၀၀/၄၀၀၀၀၀၀)ကျပ် ရရှိကြောင်း၊ ကျောက်ဖရုံသီးကို စိုက်ခင်းထဲထိ ပွဲစားများမှ လာရောက်ဝယ်ယူကြပြီး၊ ပွဲစားများမှလည်း ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ကျောက်ဖရုံသီးနှံသည် ဆေးဖြန်းစရာမလို ရေပုံမှန်ပေး၍ စိုက်ပျိုးရသော သီးနှံဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံးသီး အိုမီကာ (ထိုင်ဝမ်)တစ်လုံးလျှင် (၄၀၀၀/၅၀၀၀)ကျပ်၊ ဗမာသီးတစ်လုံးလျှင်(၅၀၀၀/၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း