ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ဒညင်းသီးဈေးနှုန်းမြင့်တက်

မြန်မာနိုင်ငံတွင် ဒညင်းသီးပင်ကို ကရင်၊ ပဲခူး၊ မော်လမြိုင်နှင့် ရခိုင် စသည့်ဒေသများတွင်အ များဆုံး စိုက်ပျိုးကြကြောင်း၊ ဒညင်းသီးကိုစားသုံးသူ တော်တော်များများ ကြိုက်နှစ်သက်တဲ့ အစား အစာတစ်ခုအဖြစ်တွေ့ရကြောင်း၊ ဒညင်းသီးအုန်းနို့ဆမ်း၊ ဒညင်းသီးဝက်သားချက်၊ ဒညင်းသီးပြုတ် ဆီဆမ်း၊ ဒညင်းသီးကိုမီးဖုတ် ငပိရည်နဲ့တို့စားတာစသည်ဖြင့် အမျိုးမျိုးစားသုံးကြကြောင်း၊ သို့သော် ဒညင်းသီးသည် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်းမဖြစ်အောင် သတိပြုစားသုံးရန်လိုအပ်ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့တွင် ဒညင်းသီးအသေး(၁)လုံးလျှင် (၂၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၃၀၀)ကျပ်နှင့် (၁၀)လုံးလျှင် (၂၈၀၀)ကျပ်၊ ဒညင်းသီးပြုတ်(၁) လုံးလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကန့်ဘလူမြို့တွင် ရောင်းချနေသည့် ဒညင်းသီး များကို မြစ်ကြီးနားမြို့နှင့် မော်လမြိုင်မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း ဒညင်းသီးရောင်းချသူ များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)









