ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရောင်းအားကောင်းလျက်ရှိသော ထားဝယ်အုန်းသီးနုစျေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တွင် အုန်းပင်စိုက်ပျိုးသူများပြားပြီး အုန်းသီးစိမ်း အနု ရောင်းချသူများရှိကြောင်း သိရသည်။ ထားဝယ်မြို့နယ်တွင် အုန်းသီးနုရည်ကို ဈေးကြီးများနှင့် လမ်းဘေးဈေးသည်များ၊ သုံးဘီများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြသည်။ အုန်းစိမ်းရည် ရောင်းချရန်အတွက် အုန်းစိမ်းရည်ကို ဒေသတွင်းစားသူံးသူများသောကြောင့် ဈေးကွက်ချဲ့ထွင် သူများ များ ရှိလာသည်။ အုန်းစိမ်းရည်များကို အုန်းချိုမွှေးနှင့် အုန်းဂျယ်လီများလည်း ပြုလုပ်ရောင်းချ ကြကြောင်းလည်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ်အောက်တိုဘာလ ၂၀ရက် တွင် ထားဝယ်မြို့ပေါ်တွင်  အုန်းစိမ်းရည် တစ်လုံးလျှင် (၄၀၀၀)ကျပ်နှင့် (၄၅၀၀)ကျပ်၊ အုန်းသီးအရင့် တစ်လုံး ၃၅၀၀၊ ကြွက်မြီးဆွဲ ၆၀၀၀ကျပ်ဖြင့် ရောင်းချနေကြောင်း အုန်းစိမ်းရည်ရောင်းသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ငရုတ်သီးဈေးနှုန်း အနည်းငယ်မြင့်တက်

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာဈေး၌  ရာသီပေါ်သီးနှံများဖြစ်သည့် မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီးနှင့် ငရုတ်သီးများရောင်းချလျက် ရှိပြီး စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

     အောက်တိုဘာလအတွင်း ငရုတ်သီးစိမ်းဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ နိုဆီဘူး(၁)ဘူးလျှင် (၁၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အောက်တိုဘာလ အတွင်း ငရုတ်သီးစိမ်း ဈေးနှုန်းတက်သွားကြောင်း၊ ငရုတ်သီးကို မြို့ပေါ်ရပ်ကွက်များနှင့် ထားဝယ်မြို့ နယ်အတွင်း ရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရသည်။

DOCA(တနင်္သာရီ)

မြင်းခြံမြို့နယ်၌‌ရောင်းချနေသောရှမ်းကြက်သွန်ဖြူဈေးနှုန်းများကျဆင်းလာခြင်း

    မြင်းခြံမြို့နယ်အတွင်းရှိ တလုပ်ရွာ၊ တောပုရွာ၊ ‌ဂေါင်းကွဲရွာနှင့် ပတ္တာရွာများတွင် ဗမာကြက် သွန်ဖြူများကို ဆောင်းရာသီတစ်ရာသီသာ စိုက်ပျိုးလေ့ရှိကြောင်း၊ နွေရာသီနှင့် မိုးရာသီများ၌ ကြက်သွန်ဖြူများစိုက်ပျိုး ဖြစ်ထွန်းမှုမရှိကြောင်း၊ ယခုအချိန်တွင် ဒေသထွက်ကြက်သွန်ဖြူများ ထွက်ပေါ်ကုန်ဆုံးပြီဖြစ်သောကြောင့် မြို့နယ်အတွင်းသို့ ဈေးကွက်လိုအပ်ချက်အရ ကြက်သွန်ဖြူ များကို ရှမ်းပြည်နယ် တောင်ပိုင်းအောင်ပန်းမြို့နှင့် မန္တလေးမြို့တို့မှ တင်သွင်း ရောင်းချကြောင်း သိရှိရသည်။  ယခု ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ရှမ်းကြက်သွန်ဖြူ ထူး ၁ တစ်ပိဿာလျှင်(၃၀၀၀) ကျပ်၊ ထူး ၂ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ထူး ၃ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ထူး(၄) တစ်ပိဿာ (၆၅၀၀) ကျပ်၊  ထူး ၅ တစ်ပိဿာ(၇၀၀၀)ကျပ်၊ ထူးရှယ်စ တစ်ပိဿာ (၉၅၀၀) ကျပ်နှင့် ဥတစ်လုံးကြက်သွန်ဖြူတစ်ပိဿာလျှင် (၁၈၀၀၀-၂၃၀၀၀) ကျပ်ပေါက်ဈေး များဖြင့်ရောင်းချ   လျက်ရှိကြောင်း၊ ယခင်စက်တင်ဘာလတတိယပတ်နှင့် နှိုင်းယှဉ် ပါက ယခုလတွင် ရှမ်းကြက်သွန်ဖြူ အစစုံတစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ပြည်တွင်း၌သာ အရောင်းအဝယ်ဖြစ်သော ကြောင့် ဈေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နေ့စဉ်ကုန်ချိန် (၁၀၀-၁၅၀) ပိဿာခန့် ဒေသအတွင်း ရောင်းချရကြောင်း၊ စာသုံးမှုများ၍ အရောင်းအဝယ် ကောင်းကြောင်း၊ ကြက်သွန်ဖြူရောင်းချသူတစ်ဦး၏ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲလွန်းဖြူ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊ ပဲလွန်းဖြူသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ပဲလွန်းဖြူတစ်တင်းလျှင် (၈၉၀၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၈၈၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် စက်တင်ဘာလ စတုတ္ထပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုလ စတုတ္ထပတ်အတွင်း ပဲလွန်းဖြူသီးနှံ တစ်တင်းလျှင် (၁၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ပဲလွန်းဖြူသီးနှံများကို မန္တလေး မြို့ရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများသို့ တင်ပို့လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)       

အောက်တိုဘာလအတွင်းရှိမြင်ခြံမြို့၏ဘုရားပန်းဈေးနှုန်းများ

          မြင်းခြံမြို့နယ်အတွင်းရှိ စံပြဈေးနှင့် အေးမြသီတာ‌ဈေးတို့တွင် ရောင်းချနေသော ဘုရားပန်း အမျိုးမျိုးကို ရှမ်းပြည်နယ်တောင်ပိုင်းဖြစ်သော အောင်ပန်းမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်း ချကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ရောင်းချနေသော ပန်းဈေးနှုန်းများမှာ မေမြို့ပန်းတစ်စည်းလျှင် (၂၀၀၀-၂၅၀၀) ကျပ်၊ ပန်းထိမ်ငိုပန်းတစ်စည်းလျှင် (၁၅၀၀- ၂၀၀၀) ကျပ်၊ သစ္စာပန်းတစ်စည်းလျှင် (၂၅၀၀-၃၀၀၀) ကျပ်၊  ဂျပန်အနီနှင်းဆီ ၁၀ ပွင့်ပါတစ်စည်းလျှင် (၃၀၀၀-၃၅၀၀) ကျပ်၊ လီလီပန်းတစ်ခက်လျှင် (၂၀၀၀၀) ကျပ်၊ စိန်လယ်တုံတစ်စည်းလျှင် (၁၅၀၀-၂၀၀၀) ကျပ်နှင့် နှင်းပန်းတစ်စည်းလျှင် (၁၅၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချခဲ့ကြောင်း၊ ယခုလတွင် ဈေးနှုန်းများအတက်အကျမရှိဘဲ ယခင်စက်တင်ဘာလဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိ ကြောင်းသိရှိရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် သဒ္ဒါကြည်ညိုစိတ်ဖြင့် မြတ်စွာဘုရား ကိုရည်မှန်းပြီး ဘုရားပန်းအမျိုးမျိုး ကပ်လှူကြသောကြောင့် ဘုရားပန်းများမှာ ဈေးကွက် တစ်ခုဖြစ်လျက်ရှိပြီး နေ့စဉ်ရောင်းချရကြောင်း၊ ကုသိုလ်လည်းရဝမ်းလည်းဝ၍ မွန်မြတ်သော အရောင်းအဝယ်ဖြစ်ကြောင်း၊ ပန်းအရည်အသွေးလတ်ဆတ်မှုအပေါ်တွင် ဈေးနှုန်းများအနည်းငယ် ကွာခြားကြောင်း ဘုရားပန်းရောင်းချသူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ရာသီပေါ်ရွှေဖရုံညွှန့်ဈေးနှုန်းများ

       မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော လေးအိမ်တန်း၊ ဘောလုံး၊ လှိုင်းတက်၊ အနိမ့်နှင့် နဘူးအိုင်ကျေးရွာများမှ တောင်သူများက မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန်  ဥယျာဥ်ခြံ မြေများ စိုက်ပျိုးလျှက်ရှိရာ စိုက်ခင်းများမှထွက်ရှိသော ရွှေဖရုံညွှန့်များကို တောင်သူများကိုယ်တိုင် အေးမြသီတာဈေးသို့ လာရောက်‌ရောင်း ချကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ရောင်းချနေသော ရွှေဖရုံညွှန့် (၂၅) ကျပ်သားလျှင် (၁၅၀၀) ကျပ် ပေါက်ဈေးများရှိကြောင်း၊ ယခုမိုးရာသီအချိန်တွင် ရာသီပေါ် ရွှေဖရုံညွှန့်များ လှိုင်လှိုင်ထွက် ပေါ်ချိန်ဖြစ်သောကြောင့် ပေါပေါများများရရှိနိုင်ကြောင်း၊ လူကြိုက်များသော ရွှေဖရုံညွှန့်များ စားသုံးမှုများ၍  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တောင်သူ များအနေ ဖြင့် အပိုဝင်ငွေရရှိကြောင်း သိရှိရသည်။  ကျန်းမာရေးအကျိုး ကျေးဇူးအနေဖြင့် ရွှေဖရုံညွှန့်သည် အမျှင်ဓာတ်ကြွယ်ဝသဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်း ကိုကာကွယ်ပေးကြောင်း ပိုတက်ဆီယမ် ပါဝင်သောကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါ ကိုလျော့ချ ပေးကြောင်း၊ ပေးကြောင်း၊ ဗီတာမင်အေ၊ စီပါဝင်သောကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေး၍ အရွယ်တင်နုပျိုစေ ကြောင်းသိရှိရသည်။ 

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်၌  ပဲတီစိမ်းဈေးနှုန်း ပြန်လည်မြင့်တက်

          စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင်(၇၆၀၀၀) ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၈၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်စက်တင်ဘာလ စတုတ္ထပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလစတုတ္ထပတ် အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် (၃၀၀၀)ကျပ်နှင့် ထွက်တိုးတစ်တင်းလျှင် (၅၅၀၀)ကျပ်ဈေး နှုန်းဆက်လက်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ အများဆုံးတင်ပို့ရောင်းချကြောင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

 

         

မြင်းခြံမြို့နယ်၏ ၂၀၂၅/၂၀၂၆ခုနှစ်၊မိုးအစေ့ထုတ်ပြောင်း စိုက်ပျိုးထားရှိမှုနှင့်တစ်ဧကအကျိုးအမြတ်ရရှိမှု

       မြင်းခြံမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး မိုးရာသီ ကာလ ၌ မိုးသီးနှံများကိုလည်း အဓိကအား ထားစိုက်ပျိုးလျှက်ရှိရာ အစေ့ထုတ်ပြောင်း မိုးသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးထားကြောင်းသိရသည်။   မိုးအ‌စေ့ထုတ် ပြောင်းကို  မေလ၊ ဇွန်လနှင့် ဇူလိုင်လ တို့တွင် စတင်စိုက်ပျိုးပြီး  အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက် ပေါ်မည် ဖြစ်ကြောင်းသိရှိရသည်။   

          ၂၀၂၅/၂၀၂၆ ခုနှစ်တွင် မြင်းခြံမြို့နယ်အနေဖြင့် မိုးအစေ့ထုတ်ပြောင်း စီမံကိန်းစနစ်ဖြင့် စိုက်ပျိုးရန် (၁၆၀၆)ဧက လျားထားချက်အပေါ်တွင် စိုက်ပျိုးပြီးဧကပေါင်း (၁၈၀၃) ဧက စိုက်ပျိုး ထားကြောင်း၊ လျာထားချက်အပေါ်ကျော်လွန်၍ (၁၉၇)ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စက်တင် ဘာလ တတိယပတ်မှစ၍ မြင်းခြံမြို့နယ်၌ မိုးအစေ့ထုတ်ပြောင်းသီးနှံ (၁၈၅)ဧကအား စတင် ရိတ်သိမ်း နေပြီဖြစ်ကြောင်း၊ ယခုအောက်တိုဘာလတွင်လည်း ကျန်ဧကများ ဆက်လက် ရိတ်သိမ်း နေကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ စိုက်ပျိုး သည့်စနစ်မှာ ဘောင်ဖြင့်အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း တစ်ပင်ကို (၈-၉) လက်မခန့်ခွာ၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသောမျိုးမှာ ရေဆင်း(၉) စိမ်းဝါမျိုးနှင့် ရေဆင်း(၁၁)အစိမ်းမျိုး ကိုစိုက်ပျိုးထားကြောင်း၊ မြေပြုပြင် ရာတွင် ထယ်ရေး နက်နက်တွင်    ထွန်ရေးညက်ညက်ထွန်ပြီး စိုက်ပျိုးပါက   အထွက်နှုန်းကောင်းကြောင်း၊  စိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  စုစုပေါင်း  (၆-၇) သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် တစ်ဧကအထွက်နှုန်းအနေဖြင့်  (၇၅)တင်းခန့်ထွက်ရှိကြောင်း၊ ထွက်ပေါ်ချိန်ရောင်းဈေးအနေဖြင့် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၃၀၀၀/-) ကျပ် ပေါက်ဈေး များဖြင့်ရောင်းချကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၉)သိန်းကျပ်ဝန်းကျင်ခန့် အကျိုး အမြတ်ရရှိကြောင်း၊  ထွက်ပေါ်ချိန်တွင် တောင်သူများမှပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ရောင်းချကြောင်း၊ အစေ့ထုတ်ပြောင်းသည် အကျိုးအမြတ်ရရှိသောကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးသင့် ကြောင်း ပတ္တာကျေးရွာမှ အစေ့ထုတ်ပြောင်းစိုက် တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။ CP ပြောင်းများကို ဒေသတွင်းစားသုံးရန်နှင့် ပိုလျှံသည်များကို မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံများသို့လည်း တင်ပို့ရောင်းချကြောင်း ပြောင်းကုန်သည် တစ်ဦး၏ ပြောပြချက် အရသိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်တွင် ပဲဇီးကွက်သီးနှံဈေးနှုန်း အနည်းငယ်ကျဆင်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း ပဲဇီးကွက်သီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၉၃၇၀၀)ကျပ်၊ အကွဲအနာပါလျှင် (၉၃၂၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင် စက်တင်ဘာလ စတုတ္ထပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ပဲဇီးကွက်သီးနှံကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)       

                                                         

ကန့်ဘလူမြို့နယ်တွင် ဈေးနှုန်းကျဆင်းလျက်ရှိသည့် အစေ့ထုတ်ပြောင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများ လုပ်ကိုင်လျက်ရှိရာ ကန့်ဘလူမြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့်  အစေ့ထုတ်ပြောင်း ကိုကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် C.P.808နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၄၀၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၃၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်စက်တင်ဘာလ စတုတ္ထပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလစတုတ္ထပတ်အတွင်းအစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)                                                        

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း