စဉ်
|
ပစ္စည်း
အမျိုးအမည်
|
ယခင်လ ၂၀၂၂
ဇန်နဝါရီလ
|
ယခုလ ၂၀၂၂ ဖေဖော်ဝါရီလ
|
မှတ်
ချက်
|
အရေ
အတွက်
(တန်)
|
ကျပ်ထောင်
|
အရေ
အတွက်
(တန်)
|
ကျပ်ထောင်
|
၁
|
မြေပဲ
|
၇၂၀
|
၁၀၈၀၂၅၅
|
၈၀၀
|
၁၃၂၂၇၆၂
|
|
၂
|
မတ်ပဲ
|
၃၇၀
|
၅၁၅၄၇၉
|
၄၁၀
|
၅၂၇၂၆၇
|
|
၃
|
ပဲတီစိမ်း
|
၇၀၀
|
၈၅၇၃၄၆
|
၅၀၀
|
၆၄၃၀၀၉
|
|
၄
|
ပဲစင်းငုံ
|
၅၃၀
|
၆၈၉၇၀၄
|
၆၀၀
|
၇၈၉၉၈၃
|
|
၅
|
ကုလားပဲ
|
၄၀၀
|
၅၇၅၆၄၆
|
၄၉၀
|
၆၉၀၁၆၃
|
|
၆
|
ဘိုကိတ်
|
၉၈
|
၁၁၂၅၂၆
|
၁၀၂
|
၁၁၅၅၅၇
|
|
|
စုစုပေါင်း
|
၂၈၁၈
|
၃၈၃၀၉၅၆
|
၂၉၀၂
|
၄၀၈၈၇၄၁
|
|
ပြည်ခရိုင်၊ ပြည်မြို့ရှိ ပြည်ကုန်စည်ဒိုင်အနေဖြင့် နှစ်စဉ်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများမှာ အများဆုံးအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်လနှင့် ယခုလ အရောင်းအဝယ်ဖြစ်မှု နှင့် ဈေးနှုန်းအခြေအနေများအား အောက်ပါအတိုင်းလေ့လာသိရှိရပါသည်။
မတ်ပဲ
ပြည်မြို့ရှိကုန်စည်ဒိုင်တွင် ယခင်လဇန်နဝါရီလ ပထမပတ်တွင် ပဲတစ်တင်းကို ၄၁၅၀၀ကျပ်၊ ဒုတိယပတ်တွင် ၄၃၈၀၀ - ၄၄၅၀၀ကျပ်ဖြင့် တစ်နေ့လျှင်အိတ် ၂၀၀/၂၅၀ခန့် အရောင်း အဝယ် ဖြစ်ခဲ့ပါသည်။ တတိယပတ်တွင် ၄၅၀၀၀-၄၅၅၀၀ကျပ်ထိ ဈေးမြင့်ခဲ့ပြီး စတုတ္တပတ်တွင် ၄၂၅၀၀-၄၃၅၀၀ကျပ်ဖြင့် တစ်နေ့လျှင်အိတ် ၂၀၀/၂၅၀ခန့် ရန်ကုန်ဝယ်လက်ရှိခဲ့ပါသည်။ ဖေဖော်ဝါရီ ပထမပတ်တွင် ဈေးကျလာပြီး ပဲတစ်တင်းလျှင် ၄၀၀၀၀-၄၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ပါသည်။ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ၃၈၀၀၀-၃၉၀၀၀-၃၉၅၀၀ကျပ်ထိ ဈေးကျခဲ့ပြီး တစ်နေ့လျှင် အိတ် ၁၅၀/၂၀၀ခန့် ရန်ကုန်အဝယ်ရသည့်အတွက် တတိယပတ်တွင် ၄၀၃၀၀-၄၁၈၀၀ ကျပ်ထိ ဈေးပြန်တက်လာခဲ့ပါသည်။ နောက်ဆုံးပတ်တွင် ၄၁၅၀၀-၄၁၇၀၀ကျပ် ဈေးဖြင့် အရောင်း အဝယ် ဖြစ်ပြီး တစ်နေ့လျှင် အိတ် ၂၀၀/၂၅၀ခန့် ရန်ကုန်သို့တင်ပို့မှုရှိခဲ့ပါသည်။
ပဲတီစိမ်း
ယခင်လ ဇန်နဝါရီလတွင် ပုံမှန်ဈေးပဲတစ်တင်းကို ၃၈၀၀၀-၃၉၀၀၀-၄၀၀၀၀ကျပ်၊ ထိပ်စ ဈေး ၄၁၀၀၀- ၄၂၀၀၀ကျပ်ခန့်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်နေ့လျှင် အိတ် ၁၅၀/၂၀၀ခန့်၊ မန္တလေး အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ် ပုံမှန်တစ်တင်းကို ၃၉၀၀၀ကျပ်ဈေးဖြင့် ဈေးအေးနေခဲ့ပြီး တတိယ ပတ်တွင် ထိပ်စတစ်တင်းကို ၄၂၀၀၀ကျပ်ဈေးဖြင့် အရောင်း အဝယ်ရှိခဲ့ပါသည်။ ဖေဖော်ဝါရီ လပထမပတ်တွင် ပုံမှန်တစ်တင်းကို ၃၈၀၀၀-၃၉၀၀၀ကျပ်၊ ထိပ်စ ၄၂၀၀၀ ကျပ်ဖြင့် ဖေဖော်ဝါရီလ ဈေးငြိမ်နေခဲ့ပြီး လက်ကျန်လည်းနည်းနေပြီဖြစ်ပါသည်။ ရန်ကုန် မန္တလေး အဝယ်ရှိပြီး တစ်နေ့လျှင် အိတ် ၁၅၀/၂၀၀ခန့်သာရှိ၍ အရောင်းအဝယ်လည်းနည်းနေပြီ ဖြစ်ပါသည်။
ပဲစင်းငုံ
ပြည်ကုန်စည်ဒိုင်ရှိ ပဲစင်းငုံသီးနှံမှာ ယခင်လဇန်နဝါရီလပထမပတ်တွင် ပဲသစ်များလည်း ဝင်စပြုနေပြီး ပန်းတောင်း၊ ကံမ၊ မင်းတုန်းဘက်မှ အဝင်ရှိသည့်အတွက် ပဲတစ်တင်းကို ၃၆၅၀၀ကျပ်ဈေးဖြင့် ဈေးစဖွင့်ခဲ့ပါသည်။ တစ်နေ့လျှင်အိတ် ၂၀၀/၃၀၀ခန့် အဝင်ရှိပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်ခဲ့၍ တစ်နေ့လျှင် အိတ် ၂၀၀/၃၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲဈေးတက်ခဲ့ပြီး ပဲတစ်တင်းကို ၄၂၀၀၀-၄၃၀၀၀ကျပ်ထိ ဈေးမြင့်ခဲ့ပြီး တတိယ ပတ်တွင် ၄၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲတစ်တင်းကို ၄၂၀၀၀-၄၂၂၀၀ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပြီး တစ်နေ့လျှင်အိတ် ၃၀၀/၄၀၀ခန့် ရန်ကုန်ဝယ်လက်နှင့် လှောင်လက်သမားများ အဝယ်ရှိခဲ့ပါသည်။ ယခုလ ဖေဖော်ဝါရီလ ပထမတ်တွင် ပဲစင်းငုံသီးနှံတစ်တင်းကို ၄၃၀၀၀ကျပ် ဒုတိယပတ်တွင် ၄၁၀၀၀ ကျပ်ဈေးဖြင့် ဈေးကျခဲ့ပါသည်။ တတိယပတ်တွင် ၄၂၀၀၀ကျပ်ဈေးဖြင့် ဈေးပြန်တက်ခဲ့ပြီး ရန်ကုန်ဝယ်လက်အဝယ်ရှိ၍ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲတစ်တင်းကို ၄၃၀၀၀ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး အရောင်းအဝယ်မှာ အိတ် ၃၀၀/၄၀၀ခန့်သာ ရန်ကုန်တင်ပို့မှုရှိခဲ့ပါသည်။
ကုလားပဲ
ယခင်လ ဇန်နဝါရီလ ပထမပတ်တွင် ကုလားပဲဈေးမြင့်ခဲ့ပြီး ပဲတစ်တင်းကို ၄၆၅၀၀ကျပ်၊ ဒုတိယပတ်တွင် ၄၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ခွဲစက်သမားနှင့် ရန်ကုန်ဝယ်လက်အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ပဲတစ်တင်းလျှင် ၄၆၀၀၀ကျပ်၊ စတုတ္ထပတ်တွင် ၄၆၀၀၀ကျပ်ဈေးဖြင့် ဈေးငြိမ်နေခဲ့ပါသည်။ နောက်ဆုံးပတ်တွင် ကုလားပဲသစ်များ စတင်ဝင်စပြုနေပြီး မင်းတုန်း၊ ကံမနှင့် ပန်းတောင်းဘက်မှ အဝင်ရှိပြီး ပဲသစ်အဖွင့်ဈေးမှာ တစ်တင်းကို ၄၆၀၀၀ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပါသည်။ ဖေဖော်ဝါရီ ပထမပတ်တွင် ဈေးအနည်းငယ်ကျခဲ့ပြီး တစ်တင်းကို ၄၄၅၀၀-၄၃၀၀၀ကျပ်ထိ ဈေးကျလာခဲ့ပါသည်။ ဒုတိယပတ်တွင်ပဲတစ်တင်းကို ၄၀၀၀၀ကျပ်ထိ ဈေးကျလာခဲ့ပြီး တတိယပတ်တွင် ၄၁၀၀၀ကျပ်ဖြင့် ဈေးပြန်တက်ခဲ့၍ ဝယ်လက်မှာ ခွဲစက်သမားများ၊ ရန်ကုန်ဝယ်လက်များ တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ ပဲခွဲခြမ်းများကို နယ်စုံအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။
ဘိုကိတ်ပဲ
ယခင်လ ဇန်နဝါရီလတွင် ဘိုကိတ်တစ်တင်းကို ၃၇၅၀၀ကျပ်၊ ယခုလ ဖေဖော်ဝါရီတွင် ပဲတစ်တင်းကို ၃၁၅၀၀ကျပ်ဖြင့် လက်လီ/လက်ကားပါ အရောင်းအဝယ်ရှိခဲ့ပါသည်။ ယခုလ အရောင်းအဝယ်ဖြစ်မှုမှာ ယခင်လထက် ပိုကောင်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)