ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြဝတီမြို့ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

           ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြဝတီခရိုင်အတွင်းရှိ အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီကုန်ဈေးနှုန်း အခြေအနေများအား မြဝတီမြို့ စက်သုံးဆီအခြေခံစားသောက်ကုန်ဈေးကွက်ရောင်းချသူများထံမှ သိရသည်။

           ကမ္ဘာ့ရေနံဈေး ဆက်လက်မြင့်တက်နေတာကြောင့် ပြည်တွင်းစက်သုံးဆီဈေးကွက်မှာ ဒီဇယ်တစ်လီတာကို ကျပ်(၃၀၀)အထိ ဈေးမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ မတ်လ (၁၀)ရက်နေ့တွင် သိရှိပါသည်။ ယနေ့ ၂၀၂၂ခုနှစ် မတ်လ ၁၃ရက်နေ့ မြဝတီမြို့အောက်တိန်း92 တစ်လီတာကို ၂၂၅၀ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၂၉၅ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၃၇၅ကျပ်၊နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာကို ၂၃၃၄၅ကျပ် ပေါက်ဈေး ဖြစ်ပေါ်နေကြောင်း မြဝတီမြို့ ပုဂ္ဂလိကစက်သုံးဆီဆိုင်တစ်ဆိုင်မှ ထုတ်ပြန်ချက်အရသိရပါသည်။ ကမ္ဘာ့ရေနံစိမ်းကလည်း မတ်လ (၇)ရက်နေ့မှ တစ်စည်ကို အမေရိကန်ဒေါ်လာ (၁၃၀)အထက်ကို မြင့်တက်ခဲ့တယ်လို့ သိရပါသည်။   

          ပြည်တွင်းရွှေဈေးကွက်မှာလည်း အခေါက်ရွှေ ကျပ်သိန်း (၂၀၀၈၀၀၀)နီးပါးရှိနေပြီး၊ ၁၅ပဲ ရည်မှာ ၁၉၉၈၀၀၀ကျပ် ဖြစ်ပေါ်လျှက်ရှိပါသည်။ ဒါ့အပြင်ပြည်တွင်း ငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာဈေး သည် မတ်လ ၁၂ရက်နေ့အထိ ၁၇၇၈ ဝယ်ယူနေပြီး၊ ရောင်းဈေးမှာ ၁၇၈၃ဖြစ်ပါသည်။ ထိုင်းဘတ် ငွေလဲလှယ်နှုန်းမှာ ၅၃.၂၄ ဖြစ်ပေါ်လျှက်ရှိကြောင်း မြဝတီမြို့ငွေလဲလှယ်သူများထံမှ သိရပါသည်။

           အခြေခံစားသောက်ကုန်ဈေးနှုန်းအနေဖြင့် မြန်မာနိုင်ငံသို့ တင်သွင်းလျှက်ရှိသော စားအုံးဆီဈေးနှုန်းမှာလည်း နိုင်ငံခြားငွေလဲနှုန်းမြင့် တက်လာသောကြောင့် ၁ပိဿာလျှင် ယခင် ၃၀၀၀ကျော်မှ ယခု ၈၅၀၀ကျော်ထိ မြင့်တက်လျှက်ရှိကြောင်း စားသောက်ကုန်ခြောက်ရောင်းချသူများထံမှ သိရသည်။ ပဲဆီဈေးနှုန်းမှာ ယခင် ၇၅၀၀ကျပ်မှ ယခု ၁ပိဿာ ၉၅၀၀ကျပ်ဖြစ်ပေါ်လျှက်ရှိပါသည်။ ငရုတ်သီးခြောက် ၁ပိဿာ ယခင် ၆၀၀၀မှ ယခုဈေး ၁၀၀၀၀ကျပ်၊ ငရုတ်သီးအပုပွ ယခင် ၁ပိဿာ ၁၂၀၀၀ကျပ်မှ ယခုဈေး ၁ပိဿာ ၂၀၀၀၀ကျပ်၊ ကြက်သွန်နီအသစ်များကို ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည်ကို တွေ့ရှိရပါသည်။ ဈေးကွက်အတွင်း ဝင်ရောက်လာသော်လည်း ဈေးနှုန်းကျဆင်းခြင်းမတွေ့ရဘဲ၊ အရောင်းအဝယ် ပုံမှန်အခြေအနေသာရှိပါသည်။ ကြက်သွန်နီမြစ်သား ယခင် ၁ပိဿာ ၉၀၀ကျပ်မှ ယခု ၁၂၀၀ကျပ်၊ ကြက်သွန်ဖြူဥတစ်လုံး ယခု ၁ပိဿာ ၃၆၀၀ကျပ်၊  ကြက်သွန်ဖြူကြူကုတ် ယခင် ၁ပိဿာ ၅၀၀၀မှ ယခု ၇၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) ၂၅၀၀ကျပ်မှ ယခု ၅၀၀၀ ကျပ်ထိလည်းကောင်း၊ မကျည်းသီး ယခု၁ပိဿာ ၄၀၀၀ကျပ်ဖြစ်ပြီး ကုလားပဲဈေးနှုန်းမှာလည်း ယခင် ၁ပိဿာ ၂၈၀၀ကျပ်မှ ယခုဈေး ၄၃၀၀ကျပ်၊ ဂျင်း ၁ပိဿာ ယခင်ဈေး ၂၅၀၀ကျပ်မှ ယခုဈေး ၄၀၀၀ကျပ်၊ အာလူး ၁ပိဿာ ယခင်ဈေး ၄၀၀၀မှ ယခုဈေး ၈၀၀၀ကျပ်နှုန်း ဈေးနှုန်းများဖြင့် မြဝတီမြို့ လက်လီဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရပါသည်။

          အဆိုပါဈေးနှုန်းများသည့် မတ်လ ၁၂ရက်နေ့မှာ ဖြစ်ပေါ်နေသော မြဝတီမြို့ လက်လီဈေး ကွက်အခြေအနေတွေဖြစ်ကြောင်းနှင့် ဈေးတည်ရှိရာမြို့နယ် ဒေသနေရာတစ်ခုနဲ့တစ်ခု ကွာခြားမှုအပေါ်မူတည်၍ ဈေးအနည်းငယ် အပြောင်းအလဲရှိနိုင်ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ကျောင်းကုန်းမြို့နယ်တွင် ပြည်ပဈေးကွက်ဝယ်လိုအားရှိသော မိချောင်းကွင်းဖတ် စိုက်ပျိုးသော တောင်သူများနှင့် တွေ့ဆုံကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် ပြည်ပဈေးကွက်ဝယ်လိုအားရှိသော မိချောင်းကွင်းဖတ်စိုက်ပျိုးသည့်တောင်သူများ ယခုနှစ်တွင် ဈေးကောင်းရရှိပြီး တွက်ခြေကိုက်လျက်ရှိကြောင်း ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ရွှေကညင်ပင်ကျေးရွာရှိ မိချောင်းကွင်းဖတ်စိုက်ပျိုးတောင်သူဦးကျော်စိုးထံမှ သိရသည်။

          ကျောင်းကုန်းမြို့နယ်တွင် ယခင်မိချောင်းကွင်းဖတ်စိုက်ပျိုးသော တောင်သူ(၂၅/၃၀)ဦး ခန့်ရှိပြီး ဈေးကွက်ဝယ်လိုအားရှိသော်လည်း ဈေးနှုန်းခန့်မှန်း၍မရသောကြောင့် နောက်ပိုင်းတွင် မိချောင်းကွင်းဖတ်စိုက်ပျိုးသောတောင်သူများ လျော့နည်းလာသောကြောင့် ၂၀၁၆ ခုနှစ်တွင် မိချောင်းကွင်းဖတ်၁ပိဿာကို ကျပ်(၁၂၀၀၀)ရရှိပြီး တောင်သူများတွက်ချေကိုက်မှုရှိသော်လည်း ၂၀၁၇ခုနှစ်တောင်သူအများစုစိုက်ပျိုးလာချိန် မိချောင်းကွင်းဖတ်၁ပိဿာကို (၃၄၀၀)ကျပ်ဖြစ်သွားသည့်အတွက် တွက်ချေကိုက်မှုမရှိသည်၍ ၂၀၁၈၊၂၀၁၉ခုနှစ်များတွင် တောင်သူအများစုမစိုက်ပျိုးသောကြောင့် စိုက်ဧကလျောနည်းခဲ့ကြောင်း ကျောင်းကုန်းမြို့နယ် တာဝန်ခံဦးတင်ကိုမှ ဈေးကွက်အခြေအနေအား မေးမြန်းခဲ့ရာ ဒေသခံတောင်သူများထံမှ သိရသည်။

       ယခုနှစ်တွင်မိချောင်းကွင်းဖတ်စိုက်ပျိုးသူတောင်သူဦးကျော်စိုးထံက မိုးဦးကာလ ဇွန်လမှစတင်ပြီး ဖေဖော်ဝါရီလအထိ ကြဲခင်းဖြစ်၍ (၉)လခန့်စိုက်ပျိူးရကြောင်း၊ စိုက်ပျိုးပြီးစီးချိန်လိုအပ်သော ပိုးသတ်ဆေး၊ မှိုသတ်ဆေးများဖျန်းပေးရပြီး ရေတင်ပေးရကြောင်း၊ (၁)ဧက ပျမ်းမျှအထွက်နှုန်းမှာ(၁၀)တင်းမှ(၁၅)တင်းအထိ ထွက်ရှိနိုင်ဟု ခန့်မှန်း၍ လက်ရှိ ၁ပိဿာ ကျပ်၆၀၀၀ပေါက်ဈေးရှိပြီး (၁)ဧက စိုက်ပျိုးထုတ်လုပ်မှုမှာ ကျပ်သုံးသိန်းခန့်ရှိ၍ ၁ဧကလျှင်ပိဿာ၁၅၀ခန့် ထွက်ရှိပါက ကျပ်(၉၀၀၀၀၀)ဝန်းကျင်ရရှိမှာဖြစ်သည့်အတွက် အကျိုးအမြတ်မှာ ၁ဧကကို ကျပ်(၆)သိန်းခန့်ရရှိနိုင်ကြောင်း ပြည်ပဈေးကွက် ဝယ်လိုအားရှိသော မိချောင်းကွင်းဖတ်ကို ယခုနှစ်ဈေးကွက်အခြေအနေအရ နောက်နှစ်ကို တောင်သူအများစု ပြန်လည်စိုက်ပျိုးခြင်းဖြင့် ပြည်ပဝင်ငွေတိုးမြှင့်ရရှိနိုင်မှာဖြစ်ကြောင်း မိချောင်းကွင်းဖတ် စိုက်ပျိုးသည့်တောင်သူများအား ကျောင်းကုန်းမြို့နယ်တာဝန်ခံဦးတင်ကိုမှ ကွင်းဆင်းလေ့လာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ကျိုင်းတုံ မန်ကျည်းသီးဈေးကွက်

                 ကျိုင်းတုံမြို့သည် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မတ်လအတွင်း မန်ကျည်းသီးဈေးကွက်အခြေအနေမှာ ကျိုင်းတုံရှိ နေအိမ်များ၊ ခြံများ၌ ပေါက်ရောက်လျက်ရှိသော မန်းကျည်းပင်များကို အပင်ချုပ်စနစ်ဖြင့်ဝယ်ယူပြီး အစေ့ထုတ်ကာ ကျိုင်းတုံမြို့ဈေးများ၌ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

                ကျိုင်းတုံမြို့တွင် မန်ကျည်းသီးတစ်ပင်၏ထွက်ရှိနှုန်းမှာ ပျှမ်းမျှပိဿာချိန် (၄၀) မှ (၅၀) ထိ ထွက်ရှိကြောင်းသိရှိရပြီး၊ တစ်ပိဿာလျှင် ရောင်းဈေး (၂၅၀၀)ကျပ် မှ (၃၀၀၀)ကျပ် ထိ ရရှိကာ သဘာဝကပေးသော မန်ကျည်းပင်ကြောင့် အထွေထွေကုန်ကျစရိတ်များနုတ်ကာ တစ်ပင်လျှင် (၂၅၀၀၀) ကျပ်နှုန်း အမြတ်အစွန်းရရှိပါသည်။ မန်ကျည်းသီးရောင်းဝယ်ဖောက်ကားသူများ အလုပ်အကိုင်၊ အခွင့်အလမ်းများရရှိ၍ ဝင်ငွေများရရှိနေပါသည်။

         ယခင်နှစ်နှင့် ယခုနှစ်နှိုင်းယှဉ်ကြည့်လျှင် ယခင်နှစ်မန်ကျည်းသီးတစ်ပင်လျှင် (၃၀၀၀၀)ကျပ်၊ အပင်တက်ခ (၁၅၀၀၀)ကျပ်၊ မန်ကျည်းသီးကောက်ခ (၁၅၀၀၀)ကျပ်၊ အစေ့ထုတ်ခ (၈၀၀၀)ကျပ် နှင့် သယ်ယူပို့ဆောင်ခ (၁၅၀၀၀)ကျပ် ရှိ၍ အမြတ်အစွန်းမှာ မန်ကျည်းသီးတစ်ပင်လျှင် (၁၇၀၀၀) ကျပ်ထိ ရရှိပါသည်။ ယခုနှစ်တွင် မန်ကျည်းပင်တစ်ပင်လျှင် (၃၅၀၀၀)ကျပ်၊ အပင်တက်ခ (၂၀၀၀၀)ကျပ်၊ မန်ကျည်းသီးကောက်ခ (၁၈၀၀၀)ကျပ်၊ အစေ့ထုတ်ခ (၁၂၀၀၀)ကျပ်နှင့် သယ်ယူပို့ဆောင်ခ (၂၀၀၀၀)ကျပ် ကုန်ကျပြီး အမြတ်အစွန်းမှာ တစ်ပင်လျှင် (၂၅၀၀၀)ကျပ် ဖြစ်သည့်အတွက် ယခင်နှစ်ထက်အမြတ်အစွန်းပိုမိုရရှိကာ မန်ကျည်းပင်လုပ်ကိုင်ရောင်းဝယ်သည့် မိသားစုများအပိုဝင်ငွေရရှိနေကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)

၁၄.၃.၂၀၂၂ ရက်နေ့ မှ ၂၀.၃.၂၀၂၂ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်း

၁၄.၃.၂၀၂၂ ရက်နေ့ မှ ၂၀.၃.၂၀၂၂ ရက်နေ့အထိ စားအုန်းဆီ တစ်ပိဿာကုန်ကျစရိတ် တွက်ချက်မှုစာရင်းအား ပူးတွဲပါဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ဘီးလင်းမြို့နယ်အတွင်းရှိ ပဲတီစိမ်းနှင့် ပဲလွန်းဖြူ ဈေးကွက် အခြေအနေ

           မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပဲတီစိမ်းနှင့် ပဲလွန်းဖြူ ဈေးနှုန်းများ ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိနေပြီး ယခုလက်ရှိပဲတီစိမ်းပေါက်ဈေးမှာ ပိဿာ (၂၀) ပါတစ်တင်းလျှင် ၄၅၀၀၀ ကျပ်နှင့် ပဲလွန်းဖြူ ပိဿာ (၂၀) ပါ တစ်တင်းလျှင် ၃၀၀၀၀ ကျပ် ရရှိနေပြီး ယခင်နှစ် ပဲတီစိမ်း ဈေးနှုန်းမှာ ပိဿာ (၂၀) ပါ တစ်တင်းလျှင် ၃၆၀၀၀ ကျပ်နှင့် ပဲလွန်းဖြူ ဈေးနှုန်းမှာ ပိဿာ (၂၀) ပါ တစ်တင်းလျှင် ၂၈၀၀၀ ကျပ် ရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပဲတီစိမ်းနှင့် ပဲလွန်းဖြူများကို ပဲခူးမြို့ရှိ ပွဲရုံများသို့ တင်ပို့နေကြောင်း သိရှိရသည်။

           ဘီးလင်းမြို့နယ်တွင် ပဲတီစိမ်းနှင့် ပဲလွန်းဖြူ စိုက်ဧကမှာ (၁၇၂၇၄) ဧကရှိပြီး ယခုနှစ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် အထွက်နှုန်းများ ကျဆင်းခဲ့ပြီး တစ်ဧက အထွက်နှုန်း (၁၂) တင်းဝန်းကျင်ခန့် ထွက်ရှိကြောင်း သိရှိရသည်။

DOCA(မွန်)

စားအုန်းဆီ အပတ်စဉ် ရည်ညွှန်းဈေးနှုန်း

စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ၏ အပတ်စဉ် ရည်ညွှန်းဈေးနှုန်း(၁၄.၃.၂၀၂၂) ရက်နေ့မှ (၂၀.၃.၂၀၂၂) ရက်နေ့အထိ-

-

 

 

မော်လမြိုင်ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်အခြေအနေ

           မော်လမြိုင်မြို့၌ ယခုမတ်လဒုတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ဈေးမှာ  ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၁၀၃၀၀၊ ဆင်(ထိုင်း) ကျပ် ၁၀၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ်၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

                မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းအနည်းငယ်တက်လာပြီး အရောင်းအေးနေပြီး အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၄၇၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ်၄၈၅၀၀၊ ပုလဲ (အသေး) ၄၆%  တရုတ် (ရွှေတောင်) 50kg ပါတစ်အိတ်မှာ ကျပ် ၅၉၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ်၈၅၀၀၀၊ တီစူပါ တရုတ် (သံကွင်း) 50kg ပါတစ်အိတ်မှာ ကျပ် ၅၂၀၀၀၊ ရှိခဲ့ပြီး ယခုအပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၆၅၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၈၅၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ်၅၂၀၀၀၊ ပုလဲ (အသေး) ၄၆%  တရုတ် (ရွှေတောင်) 50kg ပါတစ်အိတ်မှာ ကျပ် ၆၁၅၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ်၉၃၀၀၀၊ တီစူပါ တရုတ် (သံကွင်း) 50kg ပါတစ်အိတ်မှာ ကျပ် ၅၅၀၀၀၊ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)

မွန်ပြည်နယ် ဆားဈေးကွက်အခြေအနေ

           မွန်ပြည်နယ်သည် နေလှန်းဆား ထုတ်လုပ်ထွက်ရှိသော ပြည်နယ်တစ်ခုဖြစ်ရာ အဆိုပါ နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် အဓိကထုတ်လုပ်ကြပြီး နှစ်စဉ် ဆားတန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိကြောင်း သိရှိရသည်။ ထွက်ရှိသော ဆားများကို ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့ကို တင်ပို့ရောင်းချကြောင်း သိရှိရသည်။

          ပြီးခဲ့သည့် ဖော်ဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆားကွင်းအများစု ထိခိုက်ပျက်စီးခဲ့ပြီး ဆားပိဿာချိန် သောင်းနဲ့ချီ ဆုံးရှုံးမှုရှိခဲ့ကြောင်း၊ လက်ရှိတွင် ဆားတောင်သူများသည် ဆားကွင်းဖျက်မိုးကြောင့် ဆားထုတ်လုပ်မှုများကို အစက ပြန်စလုပ်နေရသဖြင့် ဆားထွက်ကာလနောက်ကျနိုင်ကြောင်း၊ ထို့ပြင် စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာမှုနှင့်အတူ အထွေထွေကုန်ကျစရိတ် ကြီးမြင့်လာခြင်းတို့ကြောင့် ဆားထုတ်လုပ်သူတောင်သူများအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဆားထုတ်လုပ်သူတောင်သူတစ်ဦးထံမှ သိရှိရသည်။

          ဆားကွက်ဖျက်မိုးကြုံရပြီးနောက် ဆားဈေးနှုန်းမြင့်တက်လာခဲ့သော်လည်း ဆားလက်ကျန်မရှိခြင်းကြောင့် အရောင်းအဝယ်အေးနေကြောင်း၊ လက်ရှိဆားဈေးနှုန်းမှာ ဆားကြမ်း တစ်ပိဿာလျှင် ၁၂၀ မှ ၁၉၅ ကျပ်ထိ ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

“ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ပဲတီစိမ်းဈေးကွက်အခြေအနေ ”

          ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်များအတွင်းတွင် ပဲတီ ရွှေဝါနှင့် ရေဆင်းမျိုးများ မတ်လဆန်းမှစ၍ ဈေးနှုန်းများမြင့်တက်လာနေကြောင်း ပဲစိုက်တောင်သူများထံမှ သိရသည်။

          ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မတ်လဆန်းအထိ ပဲတီစိမ်း ( ၃၅၄၇၂၈ ) ဧက စိုက်ပျိုးထား ရှိပြီး (၁၇၂၃၇၉)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

          ယခင် ဖေဖော်ဝါရီလ (တတိယ)ပတ်တွင် ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်းလျှင်(၄၆၀၀၀/-) ကျပ် ဈေးနှုန်းဖြင့်ရောင်းချခဲ့ရာမှ မတ်လ(ဒုတိယ)ပတ်အတွင်း ပဲတီရွှေဝါတစ်တင်းလျှင် (၅၁၀၀၀/-) ကျပ် ရေဆင်းမျိုးတစ်တင်းလျှင် (၄၉၅၀၀/-)ကျပ်နှုန်းထိ မြင့်တက်လာသဖြင့် ပဲစိုက်တောင်သူများ ဝင်ငွေတိုး၍ အဆင်ပြေလျက်ရှိကြောင်း ပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(ရန်ကုန်)

ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ စားသုံးသူများသို့ ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးသည် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း”နှင့် ပူးပေါင်း၍ (၃.၃.၂၀၂၂) ရက်နေ့မှ (၇.၃.၂၀၂၂) ရက်နေ့အထိ အရှေ့ပိုင်းခရိုင်အတွင်းရှိ စားသုံးသူပြည်သူများသို့ ရာသက်ပန်ကုန်အမှတ်တံဆိပ်ဆီဘူးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပါသည်။

          ထိုကဲ့သို့ စားသုံးသူပြည်သူများ လက်ဝယ်အရောက် ကားဖြင့် လှည့်လည်၍ မင်္ဂလာတောင်ညွှန့်၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒေါပုံမြို့နယ်များအတွင်း ရောင်းချပေးရာတွင် ဟင်းသီးဟင်းရွက်ဆီ ၅၀ သား ၁ ဘူး လျှင် ၃၀၀ဝိ/- ၊ ၁ ပိဿာ ၁ ဘူးလျှင် ၆၀၀ဝိ/- ၊ နေကြာဆီ ၅၀သား ၁ ဘူးလျှင် ၃၈၀ဝိ/- ၊ ၁ ပိဿာ ၁ ဘူးလျှင် ၇၆၀ဝိ/- ၊ ပဲပိစပ် ၅၀ သား ၁ ဘူးလျှင် ၄၀၀ဝိ/- ၊ ၁ ပိဿာ ၁ ဘူးလျှင် ၈၀၀ဝိ/-  ဖြင့် အသီးသီးရောင်းချပေးခြင်းကြောင့် ဝယ်ယူသုံးစွဲသူများပြားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း