ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နိုဝင်ဘာလ နောက်ဆုံးပတ်၌ မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

   မုံရွာမြို့တွင် စက်သုံးဆီဆိုင် (၂၇)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၂၆၅) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၄၀၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၁၉၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၂၈၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

     ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၂၃၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၃၅၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၆၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၃၆၀) ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်နိုဝင်ဘာလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၃၅)ကျပ်၊  ဓာတ်ဆီ(95) တစ်လီတာလျှင် (၅၀)ကျပ် စသည်ဖြင့် ဈေးနှန်းအသီးသီးကျဆင်းလျက်ရှိပြီး ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၇၅) ကျပ် ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၈၀)ကျပ်ဈေးနှုန်းအသီးသီးမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့၌ စားသုံးဆီဈေးများအနည်းငယ်မြင့်တက်

   စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများအနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။

    ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး နိုဝင်ဘာလ စတုတ္ထပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၁၀၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် စားသုံးဆီတစ်ပိဿာဈေးနှုန်းတို့ကိုနှိုင်းယှည်ကြည့်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၁၀၀)ကျပ်၊ ပဲဆီသန့်နှင့်နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီလက်ကားအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                  

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် စပါး/ဆန်ဈေးနှုန်းများအနည်းငယ်မြင့်တက်ပြီး ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်းသိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (ပဉ္စမပတ်)တွင်ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း၁၀၀လျှင် ကျပ်၃,၈၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅,၀၀၀ကျပ်၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၅,၀၀၀ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၈၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၃,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

    ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း၁၀၀လျှင် ကျပ်၃,၈၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၄၅,၀၀၀၊ နွေစပါး (ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ်၁,၈၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၃,၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

  ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀လျှင် ကျပ်၂,၈၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၅,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ကျပ်၂၈၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၅,၀၀၀၊ ဧရာမင်း(စပါး) တင်း၁၀၀လျှင် ကျပ်၂,၈၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀လျှင် ကျပ်၁,၉၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀,၀၀၀၊ ဧရာမင်း (စပါး)တင်း၁၀၀လျှင် ကျပ်၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း၁၀၀လျှင် ကျပ်၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ မနောသုခ(စပါး) တင်း၁၀၀လျှင် ကျပ်၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၇,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်၃,၅၅၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း၁၀၀လျှင် ကျပ်၁,၆၅၀,၀၀၀၊ ရွှေဝါထွန်း(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   နိုဝင်ဘာလ (စတုတ္ထပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရန်ကုန်သို့ အိတ်ရေ ၁၆,၂၀၀၊ မန္တလေးသို့ အိတ်ရေ ၂၄,၀၀၀၊ မကွေးသို့ အိတ်ရေ ၁,၃၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂,၃၀၀၊ ချင်းသို့ အိတ်ရေ ၃,၃၂၀၊ မွန်သို့ အိတ်ရေ ၅,၉၆၀ စုစုပေါင်းအိတ်ရေ (၅၈,၃၈၀) အိတ်၊ တန်အားဖြင့် (၂,၉၁၉) တန်စီးထွက်ခဲ့ပြီး ယခုနိုဝင်ဘာလ(တတိယပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ နိုတင်ဘာလ (ပဉ္စမပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆,၅၀၀၊ မန္တလေးသို့ အိတ်ရေ ၂၂,၄၀၀၊ မကွေးသို့ အိတ်ရေ ၁,၃၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅,၃၀၀၊ ချင်းသို့ အိတ်ရေ ၂,၀၉၅၊ မွန်သို့ အိတ်ရေ ၃,၆၈၀ စုစုပေါင်းအိတ်ရေ (၅၆,၅၇၅) အိတ်၊ တန်အားဖြင့် (၂,၈၂၈) တန်စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၁၈,၀၅) အိတ်၊ တန်အားဖြင့် (၉၁) တန်လျော့နည်း၍ စီးထွက်ခဲ့ပါကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)                

ရွှေဘိုမြို့တွင် နိုဝင်ဘာလ နောက်ဆုံးပတ်၌ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၂၇၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၄၁၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၁၉၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၂၈၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။

 နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၂၃၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၃၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၆၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၃၆၀)ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ (92) တစ်လီတာလျှင် (၄၀)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၅၀)ကျပ်ဈေးနှုန်းကျဆင်းခဲ့ပြီး ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၇၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၈၀)ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

                  

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅)တစ်အိတ်လျှင် (၈၅,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၂၅,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% သံကွင်း(တရုတ်) တစ်အိတ်လျှင် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်လျှင် (၇၆,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၄,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ်လျှင် (၁၅၉,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ်လျှင် (၇၅,၀၀၀) ကျပ်၊ အာမို(၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ်လျှင် (၁၅၄,၀၀၀)ကျပ်၊ MC (ကွန်ပေါင်း) တစ်အိတ်လျှင် (၁၄၀,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ်လျှင် (၇၁,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူးလျှင် (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူးလျှင် (၁၇,၅၀၀) ကျပ်၊ ဘက်တား (100CC)တစ်ထုပ်လျှင် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီ(100CC) တစ်ထုပ်လျှင် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC)တစ်ဘူးလျှင် (၁၁,၅၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူးလျှင် (၂၅,၅၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1Liter)တစ်ဘူးလျှင် (၃၄,၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1Liter)တစ်ဘူးလျှင် (၄၉,၅၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500g)တစ်ဘူးလျှင် (၂၅,၀၀၀)ကျပ်၊ ရွှေစိုက်ပါ(1Liter)တစ်ဘူးလျှင် (၂၈,၀၀၀)ကျပ်၊ အီမာ(1Liter) တစ်ဘူးလျှင် (၃၄,၀၀၀) ကျပ်၊ သန်းဒါး(10CC) တစ်ဘူးလျှင် (၁,၈၀၀)ကျပ်၊ ဒိုဇာ(10g)တစ်ဘူးလျှင် (၂,၀၀၀)ကျပ်၊ ထိသေ/စားသေ (1Liter)တစ်ဘူးလျှင် (၁၄၀၀၀)ကျပ်၊ ပင်လုံးပြန့်(1Liter) တစ်ဘူးလျှင် (၂၉,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။

     ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ်လျှင် (၈၅,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၂၅,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်) တစ်အိတ်လျှင် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်လျှင် (၇၇,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၄,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ်လျှင် (၁၆၀,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ်လျှင် (၇၂,၀၀၀) ကျပ်၊ အာမို(၁၅:၁၅:၁၅)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ်လျှင် (၁၅၄,၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ်လျှင် (၁၄၀,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ်လျှင် (၇၁,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူးလျှင် (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC)တစ်ဘူးလျှင် (၁၇,၅၀၀) ကျပ်၊ ဘက်တား (100CC)တစ်ထုပ်လျှင် (၂၁,၅၀၀)ကျပ်၊ ဆန်နာဂျီ(100CC) တစ်ထုပ်လျှင် (၁၈,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC)တစ်ဘူးလျှင် (၁၁,၅၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူးလျှင် (၂၅,၅၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1Liter)တစ်ဘူးလျှင် (၃၄,၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1Liter)တစ်ဘူးလျှင် (၅၁၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500g)တစ်ဘူးလျှင် (၂၅,၀၀၀)ကျပ်၊ ရွှေစိုက်ပါ(1Liter)တစ်ဘူးလျှင် (၂၈,၀၀၀)ကျပ်၊ အီမာ(1Liter) တစ်ဘူးလျှင် (၃၄,၀၀၀) ကျပ်၊ သန်းဒါး(10CC) တစ်ဘူးလျှင် (၁,၈၀၀)ကျပ်၊ ဒိုဇာ(10g)တစ်ဘူးလျှင် (၂,၀၀၀)ကျပ်၊ ထိသေ/စားသေ (1Liter)တစ်ဘူးလျှင် (၁၃၃၀၀)ကျပ်၊ ပင်လုံးပြန့်(1Liter) တစ်ဘူးလျှင် (၂၉,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဈေးနှုန်းများအနည်းငယ်ပြောင်းလဲမှုရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 ပြင်ဦးလွင်ဒေသထွက် ဆွယ်တာဈေးကွက်

            ပန်းမြို့တော်(ခေါ်)ပြင်ဦးလွင်မြို့တွင် ဒေသထွက်ကုန်တစ်ခုဖြစ်သော သိုးမွှေး၊ ယုန်မွှေး၊ နိုင်လွန်ချည်၊ ရိုးရိုးချည်တို့နှင့်ဖန်တီးထားသော စက်ထိုးလက်ထိုးနှင့် ကလေးလူငယ်လူကြီးများ အတွက် ခြေအိတ်၊ လက်အိတ်၊ တဘက်၊ ခြုံပုဝါ၊ မာဖလာ၊ ခေါင်းစွပ်ဦးထုပ်နှင့်အင်္ကျီမျိုးစုံတို့မှာ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းတစ်ဖြစ်သည့်အပြင် အမျိုးသမီးများ အိမ်တွင်းလက်မှုလုပ်ငန်း တစ်ခုဖြစ်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းရလဒ်တစ်ခုလည်း ဖြစ်ပါသည်။ ဆွယ်တာ လုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးရဲ့ တစ်ရက်လုပ်သားခ ၇၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်ထိ မိမိလုပ်ကိုင်သည့် လုပ်အားပေါ်မူတည်၍ ရရှိကြောင်းလည်း သိရှိရပါသည်။

          ပြင်ဦးလွင်မြို့ ဆွယ်တာဈေးကွက်အနေနှင့် ကလေးဝတ်မျိုးစုံတစ်ထည်လျှင် ၃၅၀၀ကျပ် မှ ၉၀၀၀ ကျပ်ထိ အရွယ်အစားနှင့်ဆိုဒ်ပေါ်မူတည်၍ ရောင်းဝယ်လျက်ရှိပါသည်။ လူလတ်ပိုင်း နှင့်လူကြီးပိုင်း ကျားမများအတွက် ခေါင်းစွပ်ဆွယ်တာအထူအပါးမျိုးစုံရှိပြီး အပါး ၁ထည်လျှင် ၈၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊ အထူ ၁ထည်လျှင် ၁၈၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်၊ အမျိုးသမီးများ အတွက် အပေါ်ထပ်ဝတ် ဒီဇိုင်းစုံဆိုဒ်စုံများကို ၁ ထည်လျှင် ၁၅၀၀၀ ကျပ်မှ ၃၅၀၀၀ အထိ အရောင်အသွေး စုံစုံလင်လင်နှင့် ဒီဇိုင်းဆန်းဆန်းလေးများ ရောင်းချပေးလျက်ရှိပါသည်။ အမျိုးသမီးများအတွက် သိုးမွှေးတဘက်နှင့် ချည်တဘက်များကို တစ်ထည်လျှင် ၆၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိ အထူအပါးနှင့် ဆိုဒ်ပေါ်မူတည်၍ ရောင်းချခြင်း၊ လည်ပင်းပတ်သည့် မာဖလာ လေးများမှာ ၁ထည်လျှင် ၆၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ဝန်းကျင်ထိရှိပါသည်။ ဦးထုပ်ဒီဇိုင်းမျိုးစုံ တို့မှာလည်း ရောင်းအားကောင်းသည့်ဈေးကွက်တစ်ခုဖြစ်ပါသည်။ ယုန်မွှေးအတိုအရှည်အင်္ကျီ များ ဒီဇိုင်းမျိုးစုံReadyရှိပြီး ကြိုက်နှစ်သက်ပါက လူကြီးဝတ်ကျားမ ခေါင်းစွပ် ၂၀၀၀၀ မှ ၃၅၀၀၀ကျပ်၊ ကုတ်အင်္ကျီဒီဇိုင်းများကိုမူ  အမျိုးသမီးများက ကြိုက်နှစ်သက်ပြီး အော်ဒါမှာယူ ပါကလည်း လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုနှစ်တွင် ဆောင်းရာသီ စတင် ဝင်ရောက်လာပြီ ဖြစ်သည့် အတွက် ရာသီဥတုကလည်း အေးသည့်ဘက်သို့ပါရှိပြီး နံနက် အာရုံတွင် နှင်းများကျဆင်းခြင်း တို့ကြောင့် ကလေးလူကြီးများအကြိုက် ဒေသထွက် ဦးထုပ်မာဖလာနှင့် တဘက်တို့ကို ဝယ်ယူရန် တစ်ခေါက်တစ်ခါ အရောက်လှမ်းခဲ့ကြဖို့ ပန်းမြို့တော်(ပြင်ဦးလွင်)မှ  ဖိတ်ခေါ်လိုက်ရပါသည်။

DOCA(မန္တလေး)

စျေးငြိမ်နေသောပွက်သားစျေးကွက်

           မန္တလေးသကြားနှင့်သကာရည်ကုန်စည်ဒိုင်အသင်း(သကြားကုန်စည်ဒိုင်)  စျေးကွက်အတွင်း နိုဝင်ဘာလနောက်ဆုံးပတ်တွင်  ကြံကျိုချက်သည့်ပွက်သားလက်ကျန်  နည်းပါးမှုကြောင့် ၁ ပိဿာ လျှင် ၃၀၀၀ကျပ်နှင့် ၃၀၅၀ ကျပ်အကြားစျေးဖြင့် ငြိမ်နေကြောင်း သိရသည်။   ယခုနှစ်ကြံရိတ်သိမ်း မည့်ရာသီတွင် မုတ်သုံ မိုးရွာသွန်းမှုများကြောင့်    ကြံရိတ်သိမ်းမှုနောက်ကျနိုင်ကြောင်း သိရသည်။ ကြံရိတ်သိမ်းမည့်အချိန်တွင်မိုးရွာပါက(၁၅)ရက်နောက်ဆုတ်ပြီးမှရိတ်သိမ်းမှသာကြံအချိုဓါတ်ပြည့်ဝစွာရရှိနိုင်ကြောင်း သကြားကုန်စည်ဒိုင်အသင်းဥက္ကဌဦးမွန်နား၏ပြောပြချက်အရသိရသည်။စျေးကွက်အတွင်း နိုဝင်ဘာလနောက်ဆုံးပတ်(၂၈.၁၁.၂၀၂၃)နေ့တွင် ပေါင်းသကြားတစ်ပိဿာလျှင်  ၃၆၅၀ကျပ် နှင့်၃၇၀၀ကျပ်အကြား၊ခါသကြားတစ်ပိဿာလျှင် ၃၃၅၀ကျပ်၊ ကြံကျိုချက်သည့် ပွက်သားတစ်ပိဿာ လျှင်၃၀၀၀ကျပ်နှင့် ၃၀၅၀ကျပ်အကြား၊ခါစက်ကျရည် တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ပေါင်းစက်ကျရည် တစ်ပိဿာလျှင် ၇၅၀  ကျပ်နှင့်  ၁၃၅၀ ကျပ်အကြားစျေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း    မန္တလေး သကြားနှင့်သကာရည် ကုန်စည်ဒိုင်အသင်းမှ သိရသည်။

          မြန်မာနိုင်ငံတွင်   ကြံသီးနှံအများအပြားစိုက်ပျိုးထုတ်လုပ်သည့်ဒေသများမှာ  ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီးတို့ဖြစ်ပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်းမြန်မာတစ်နိုင်ငံလုံးကြံစိုက်ပျိုးမှု(၄၁၆၃၉၁)ဧက ဖြစ်ပြီး၊ကြံထွက်ရှိမှု (၁၁၀၄၁၀၆၄)တန် ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းများအရ သိရှိရ ပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်ကြံရာသီတွင် တရုတ်နိုင်ငံသို့  ကြံ  ၂၇၈၃၅၁.၁၂၀  တန်တင်ပို့နိုင်ခဲ့ပြီး၊ တန်ဖိုးအမေရိကန်ဒေါ်လာ  ၁၄.၀၅၇ သန်း ရရှိခဲ့ကြောင်း သိရသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကြံသီးနှံ (ခင်းသစ်)တစ်ဧကလျှင် စိုက်ပျိုးစရိတ်   ၁၄ သိန်း‌ကျော်ဖြစ်ပြီး၊   ‌ဒေသအနီးအဝေးအပေါ် မူတည်၍ သကြားစက်များမှ စက်ရုံအရောက်   ကြံတစ်တန်လျှင်  ၇၄၀၀၀၀  ကျပ်နှင့်  ၉၅၀၀၀၀ ကျပ်အကြား စျေးအသီးသီးဖြင့် ဝယ်ယူကြိတ်ခွဲခဲ့ကြောင်းသိရသည်။ ယခုနှစ်၂၀၂၃-၂၀၂၄ကြံရာသီတွင်ငွေရည်ပုလဲ သကြားစက်နှင့် မိုင်းရယ်သကြားစက်များမှ ကြံတစ်တန်လျှင် စက်ရုံအရောက်စျေး ၁၂၀၀၀၀၀ ကျပ် ဖြင့်စာချုပ်ချုပ်ဆိုဝယ်ယူလျှက်ရှိသည့်အတွက် ကြံစိုက်တောင်သူများအနေဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်ရရှိရေးအလေးထားဆောင်ရွက်ရန် နှိုးဆော်ထားကြောင်း သိရသည်။

DOCA(မန္တလေး)

 

                                                  

ဆိပ်ဖြူမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ 

        မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၁)ဆိုင်ရှိရာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)နှင့်‌ နိုဝင်ဘာလ(စတုတ္ထပတ်) ဈေးနှုန်းနှိုင်းယှဉ်ချက်အရ စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ယခင်တစ်ပတ်တွင် ကျပ် (၂၁၈၀)ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် (၂၂၆၀) ဖြစ်၍ ကျပ်(၈၀) ဈေးမြင့်ခဲ့ကြောင်း၊ 95 တစ်လီတာလျှင် ယခင်တစ်ပတ်တွင် ကျပ်(၂၃၀၀)ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ်(၂၄၀၀)ဖြစ်၍ ကျပ်(၁၀၀) ဈေးမြင့် ခဲ့ကြောင်း၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် ယခင်တစ်ပတ်တွင် ကျပ်(၂၁၉၀)ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ် (၂၁၇၀)ဖြစ်၍ ကျပ်(၂၀) ဈေးလျော့ခဲ့ကြောင်း၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ယခင်တစ်ပတ်တွင် ကျပ် (၂၂၉၅)ဖြစ်ပြီး ယခုတစ်ပတ်တွင် ကျပ်(၂၂၆၀)ဖြစ်၍ ကျပ်(၃၅) ဈေးလျော့ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့နယ်၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် (အဌမအကြိမ်) စားအုန်းဆီများရောင်းချလျက်ရှိ

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့်ဒေါ်တင်မာရီတို့သည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကိုသက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏စီမံဆောင်ရွက်မှုဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများ ရောင်း ချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသောရည်ညွှန်းဈေးအပေါ် အခြေခံ၍အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

       ဆိပ်ဖြူမြို့နယ်အတွင်းရောင်းချရာ၌ (၂၀.၁၁.၂၀၂၃)ရက်နေ့တွင် ဓမ္မရိပ်သာကျောင်းဝိုင်း၌ အနောက် ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စု(၇၀၀)စုအတွက် စားအုန်းဆီပိဿာ(၇၀၀)ပိဿာအားလည်းကောင်း၊ (၂၁.၁၁.၂၀၂၃)ရက်နေ့တွင် ရွာသစ်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝိုင်း၌ ချင်တောင်ကျေးရွာ အုပ်စုရှိ အိမ်ထောင်စု(၇၅၀)စုအတွက် စားအုန်းဆီပိဿာ(၇၅၀)ပိဿာအားလည်းကောင်း၊ (၂၂.၁၁.၂၀၂၃) ရက်နေ့တွင် မြင်ကဝကျေးရွာအုပ်စု၊ ဆူးလေကုန်းကျေးရွာရှိ အိမ်ထောင်စု(၄၀၀)အတွက် စားအုန်းဆီ ပိဿာ(၄၀၀)ပိဿာအားလည်းကောင်း၊ (၂၃.၁၁.၂၀၂၃)ရက်နေ့တွင် မြင်ကဝကျေးရွာအုပ်စုရှိ ကျီးပင်ကျေးရွာနှင့် အောက်ဆိပ်ကျေးရွာ၌ အိမ်ထောင်စု(၄၀၀)စုအတွက် စားအုန်းဆီပိဿာ(၄၀၀)ပိဿာအား လည်းကောင်း၊ (၂၄.၁၁.၂၀၂၃) ရက်နေ့တွင် ရွာသစ်ရပ်ကွက်ရှိ အိမ်ထောင်စု(၅၀၀)စုအတွက် စားအုန်းဆီ ပိဿာ(၅၀၀)ပိဿာအားလည်းကောင်း၊ စုစုပေါင်း အိမ်ထောင်စု(၂၇၅၀)စုအတွက် စားအုန်းဆီပိဿာ (၂၇၅၀)ပိဿာအား နေ့စဉ် နေ့လယ်(၁၃:၀၀)နာရီနှင့်(၁၃:၀၀)နာရီအချိန်တွင် ဆီတစ်ပိဿာလျှင် ကျပ် (၅၂၀၀)ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများကို အလှည့်ကျတန်းစီစနစ်ဖြင့် ရောင်းချပေးမှုအခြေအနေကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူကြက်သွန်နီ နိုဝင်ဘာလ(တတိယပတ်) ဈေးနှုန်းဈေးကွက်နှင့်စီးဆင်းမှု

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ယခုနိုဝင်ဘာလ(တတိယပတ်)တွင် မိုးရွာ သွန်းမှုများခြင်းကြောင့် ကြက်သွန်နီကုန်စည်ဒိုင်သို့ကုန်ဝင်နည်းကြောင်း၊ တစ်ပတ်အတွင်း ကြက်သွန်နီ ပျမ်းမျှကုန်ချိန် ပိဿာ(၁)သိန်းခန့်သာဝင်ရောက်ပြီး နိုဝင်ဘာလ(တတိယပတ်)အတွင်း ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ ပိဿာ(၄)သိန်းခန့်စီးဆင်းကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရသည်။

          ဆိပ်ဖြူကြက်သွန်နီသည် ဈေးကွက်အနေဖြင့် နိုဝင်ဘာလ(တတိယပတ်)အစောပိုင်းတွင်  အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၉၀၀)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၄၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး အလယ်ပိုင်းတွင် အမြင့်ဈေး တစ်ပိဿာလျှင် ကျပ်(၂၈၇၅)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ် (၂၃၀၀)၊ (တတိယပတ်)နှောင်းပိုင်းတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၉၂၅)၊ အနိမ့်ဈေး တစ်ပိဿာလျှင် ကျပ်(၂၆၅၀)ဖြစ်ပြီး ယခင် နိုဝင်ဘာလ(ဒုတိယပတ်)အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၁၀၀)၊ ယခု(တတိယပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၉၂၅)ဖြစ်၍ ကျပ်(၁၇၅)ဈေးကျပြီး အလတ်စနှင့်အသေးစတို့မှာလည်း ကျပ်(၁၅၀)ခန့်စီ ဈေးကျ၍ အရောင်းအဝယ် ဖြစ်ကြောင်း ဈေးကွက်မှသိရှိရသည်။

          ယခု နိုဝင်ဘာလ(တတိယပတ်)တွင် ဆိပ်ဖြူကြက်သွန်နီသည် ဒေသတွင်း၊ ပြည်တွင်း ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကုန်ချိန်(၂)သိန်းခွဲခန့်၊ မြဝတီမြို့သို့ ကုန်ချိန်ပိဿာ(၁)သိန်းခွဲ၊ ပြည်မြို့သို့ ကုန်ချိန်ပိဿာ(၃)သောင်း၊ စုစုပေါင်း ကုန်ချိန်ပိဿာ(၄)သိန်းခန့်၊ တန်ချိန်(၆၅၃)ခန့် စီးဆင်းခဲ့ပြီး ယခု တစ်ပတ်အတွင်း ပြည်ပဝယ်လက်နည်း၍ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း ဈေးကွက်မှ  သိရှိရသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း