သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့ပေါ်ရပ်ကွက်နှင့် မြို့မနေခြည်ဈေးအတွင်းရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၂၀.၁၁.၂၀၂၄) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့ပေါ်ရပ်ကွက်နှင့် မြို့မ နေခြည်ဈေးအတွင်းရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချ နိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော်လွန်ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ဆန်အရောင်းဆိုင်(၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ပဲခူးမြို့နယ်တာဝန်ခံတို့သည် (၂၁-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

          အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် အခြေခံစားသောက်ကုန်(၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသားငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များအားကွင်းဆင်း၍ ပစ္စည်းများပြတ်လပ်မှုရှိ/မရှိကိုစစ်ဆေးရာ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ပုံမှန်အတိုင်းအ‌ရောင်းအဝယ်ဖြစ်နေပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အ.ထ.က နတ်မော်ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည်နိုဝင်ဘာလ(၁၈)ရက်နေ့၊နံနက်(၀၈:၄၅) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ နတ်မော်တိုက်နယ်ရှိ အခြေခံပညာအထက်တန်း (နတ်မော်)ကျောင်း၊ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မုန့်ဆိုင်များအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင် ရက်လွန်ခြင်း ၊မှိုတက်ခြင်းများ ရောင်းချမှုရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့်  စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သတ်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/မရှိခြင်းတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန် စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မှော်ဘီမြို့နယ်၊ မြို့မ(၄)ရပ်ကွက်၊ ကွက်သစ် အ.မ.က (မူလွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၁၉.၁၁.၂၀၂၄ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မ(၄)ရပ်ကွက်၊ ကွက်သစ် အ.မ.က (မူလွန်) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

            အဆိုပါ ဟောပြောပွဲတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန်၊ ကုန်စည်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် အရေးဆိုတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကိစ္စရပ်များ စုံစမ်းမေးမြန်းရန်အတွက် Call Center 1535 အား ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ဟောပြောပွဲတွင် ဆရာ/ ဆရာမ (၁၇)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၃၀)ဦး စုစုပေါင်း (၁၄၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် ၂၀-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ် ၁၄း၀၀ နာရီအချိန်တွင် သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက စိုက်ပျိုးထုတ်လုပ်သည့် သီးနှံအမျိုးအစားများ၊ တစ်နှစ်ဝင်ငွေ၊ တစ်လကုန်ကျစရိတ်၊ အကျိုးအမြတ်ရရှိမှု၊ ကြုံတွေ့ရသောအခက်အခဲများအားဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က ခြံစိုက်ဧက (၀.၈) ဧကစိုက်ပျိုးလျက်ရှိကြောင်း၊ ခြံ၌ စိုက်ပျိုးသောသီးနှံများမှာ ဒူးရင်း၊ ကြက်မောက်၊ ငရုတ်ကောင်း၊ နာနတ်တို့ကိုစိုက်ပျိုးကြောင်း၊ မြေပြုပြင်ခြင်း၊ ပေါင်းရှင်းခြင်း၊ သွင်းအားစုထည့်ခြင်းနှင့် အထွေထွေကုန်ကျစရိတ်မှာ တစ်လလျှင် (၁၅၀၀၀၀) ကျပ်ရှိကြောင်း၊ ခြံလုပ်ငန်းမှ တစ်နှစ်ဝင်ငွေအနေဖြင့် ဒူးရင်းသီးစိုက်ပျိုးခြင်းမှ ကျပ်သိန်း (၁၀၀) ခန့်၊ ကြက်မောက်စိုက်ပျိုးခြင်းမှ ကျပ်သိန်း (၈၀) ကျော်ခန့်၊ နာနတ်စိုက်ပျိုးခြင်းမှ ကျပ်သိန်း (၅၀) ကျော်ခန့်၊ ငရုတ်ကောင်းစိုက်ပျိုးခြင်းမှ ကျပ် (၁၀) သိန်းခန့်၊ စုစုပေါင်း တစ်နှစ်ပျမ်းမျှဝင်ငွေ ကျပ်သိန်း (၂၄၀-၂၅၀) ခန့်ရရှိကြောင်း၊ သီးနှံများကို မွန်ပြည်နယ်အတွင်း ရောင်းချကြောင်း၊ အခက်အခဲအနေဖြင့် မတည်ရင်းနှီးငွေအခက်အခဲရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

DOCA(မွန်)

အင်္ဂပူမြို့နယ်အတွင်း သက်တမ်းလွန်ဆေးဝါးများရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံသည်(၂၁.၁၁.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်အတူ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များတွင် သက်တမ်း လွန်ဆေးဝါးများရောင်းချမှုရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် ထူးကြီးမြို့ပေါ်ရပ်ကွက်တွင် ရောင်းချလျက်ရှိသော ဆေးမျိုးစုံအရောင်းဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းများမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ Registration မရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ဆေးမျိုးစုံအရောင်းဆိုင်(၉)ဆိုင်အား ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ပြည်နယ်ဦးစီးမှူးမှ “ရွှေကြက်ဖ” အမှတ်တံဆိပ် ဆန်ကြာဇံလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည်   ၂၀-၁၁-၂၀၂၄ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ “ရွှေကြက်ဖ” အမှတ်တံဆိပ် ဆန်ကြာဇံလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ ကုန်ထုတ်လုပ်မှုအခြေအနေ၊ ကုန်ကြမ်းသုံးစွဲမှု၊ စက်လည်ပတ်သည့်ကာလ၊ လုပ်သားအင်အား၊ တစ်နေ့ထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေ၊ အမြတ်ရရှိမှု၊ ကြုံတွေ့ရသောအခက်အခဲများအား ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က “ရွှေကြက်ဖ” ဆန်ကြာဇံလုပ်ငန်းကို ၂၀၀၄ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ကြောင်း၊ တစ်နှစ်လျှင် စက်လည်ပတ်ချိန် (၅) လသာလည်ပတ်၍ ကျန်သည့်လများတွင် ရပ်နားထားရကြောင်း၊ တစ်နေ့လျှင် ဆန်ကြာဇံ (၅၀၀) ပိဿာထုတ်လုပ်ကြောင်း၊ ဆန်ကြာဇံထုတ်လုပ်ရန် ကုန်ကြမ်းအနေဖြင့် ဆန်ကို အဓိကထားကြောင်း၊ တစ်နေ့ထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၂၅) သိန်းကုန်ကျကြောင်း၊ ကြာဇံ (၅) ပိဿာတစ်ထုပ်လျှင် (၃၀၀၀၀) ကျပ်ဖြင့်ရောင်းချရာ တစ်နေ့လျှင် ပျမ်းမျှအမြတ်ငွေ (၅) သိန်းခန့်ကျန်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မွန်ပြည်နယ်အတွင်းသာရောင်းချကြောင်း၊ လုပ်သားအင်အား (၂၅) ဦးအား အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း၊ အခက်အခဲအနေဖြင့် မတည်ရင်းနှီးငွေလိုအပ်လျက်ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်နယ်ဦးစီးမှူးက မတည်ရင်းနှီးငွေနှင့်စပ်လျဉ်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေချေးငွေ၊ MSME ချေးငွေတို့ကို နိုင်ငံတော်မှ ထုတ်ချေးပေးလျက်ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

DOCA(မွန်)

ဟင်္သာတမြို့နယ် စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၂၀.၁၁.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ရွှေစေတီလမ်းရှိ မြို့နယ်ထွေအုပ်ရုံး၌ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ တွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူ ဆောင်ရွက်နိုင်သည့် အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များဘက်မှလည်း သိလိုသည်များ မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အသင်းမှ သတ်မှတ်ထားသည့်ဆန်ဈေးထက် ဈေးမြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း

              ၁၉.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်များသို့ အသင်းမှသတ်မှတ်ထားသည့်ဆန်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးစည်ပင်သာယာ ဝန်ထမ်းများမှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)မှ ချိုမာဆန်ဆိုင်၊ ရွှေရွက်လှေ (၂)ဆန်ဆိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှ ဇွဲဆန်ဆိုင်၊ ပွင့်ဖြိုးခိုင်ဆန်ဆိုင်၊ အင်းစိန်ဈေးမှ ဦးကိုကိုကြီးဆန်ဆိုင်၊ ပြည့်ဝဆန်ဆိုင်နှင့် ရွှေဆန်းလွင်ဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧည့်မထ၊ ရက်(၉၀)၊ ဇီယာ၊ ပေါ်ဆန်းမွှေး၊ ဖန်သီးသုခ၊ ဆင်းသုခ၊ ဧရာပဒေသာ၊ အညာသား၊ မနောသုခနှင့် ဆင်းသွယ်အမျိုးအစားအားလုံးတို့တွင် အသင်းမှသတ်မှတ်ထားသော ဆန်ဈေးထက်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မော်လမြိုင်မြို့နယ်တွင် ဆေးနှင့်ဆေးဝါးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချနေမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀-၁၁-၂၀၂၂ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက် အမှတ် (၁) ဈေးရှိ  ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆေးနှင့်ဆေးဝါးပစ္စည်းရောင်းချလျက်ရှိသည့် ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ နေ့စဉ်သုံးဆေးဝါးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်၍ ဆေးနှင့်ဆေးဝါးပစ္စည်းများကို ဝယ်ယူသိုလှောင်ထားခြင်းရှိ/မရှိ၊ ဆေးဝါးပစ္စည်းများကို အလွယ်တကူဝယ်ယူရရှိနိုင်ရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချမှုရှိ/မရှိ၊ ဘေးကင်းလုံခြုံသော ဆေးနှင့်ဆေးဝါးစ္စည်းများရောင်းချမှုရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ