စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦး တို့သည် (၁၄.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် အမှတ်(၂၃)၊ လှိုင်မြစ်လမ်း၊ ကွက်သစ် ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ သန့်စင်စတိုးသို့ အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် သန့်စင်စတိုးမှ တာဝန်ခံပူးပေါင်းပါဝင်လျက် ရောင်းချနေသော အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးတို့မှာ ရန်ကုန်၊ အမေထွား၊ ဧရာဝတီ၊ Meizan၊ ငွေသဇင်မင်း တို့တွင် ကုန်စည်တွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများနှင့် ပိဿာ/ကျပ်သား တို့ကို မြန်မာဘာသာဖြင့်ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များလည်း ပါရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)