သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောက်ပန်းတောင်းမြို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)သည် မြို့နယ်တာဝန်ခံရုံး၌ (၂၆.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်  ၁၄:၀၀ နာရီအချိန်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ အင်တာနက်ဝန်ဆောင်မှု ဆက်သွယ် ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ပါသည်။

          မြို့နယ်တာဝန်ခံမှ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့်ဆက်သွယ်ရေး ကဏ္ဍအားလုံးအတွက် အရေးကြီးဆုံးအစိတ် အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ၊ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့မှာဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ခေါ်ဆိုတာဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး များရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆ အရ စားသုံးသူ အပေါ် အာမခံချက်ပေးထားသည့်ကာလတိုင်း ဝန်ဆောင်မှုမပေးနိုင်လျှင် သို့မဟုတ် ဝန်ဆောင်မှုပေးရန် ပျက်ကွက်လျှင် ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေးရန်၊ အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကို မရခဲ့လျှင် စားသုံးသူ၏ နစ်နာမှုအတွက် ကုစားခွင့်ပေးရန် စားသုံးသူမှတောင်းဆိုပိုင်ခွင့်ရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရ သည်။

DOCA(မန္တလေး)

 

 

ကျောက်ပန်းတောင်းမြို့ရှိ ဆေးအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးအနေဖြင့် မြို့နယ်တွင်း စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချ ရမှုရှိစေရေး၊ ဥပဒေပြဌာန်းချက် များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက် ရှိသော ကုန်စည်များနှင့်လုံခြုံစိတ် ချရမှုမရှိသောကုန်စည်များ လျော့နည်းပပျောက်သွားစေရေးတို့ အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ် ရပ်လုံးကို အသိပညာပေးလျက်ရှိသလို တဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။

            (၂၇.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်  (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ ကျောက်ပန်းတောင်းမြို့၊တမ္ပဝတီရပ်ကွက်ရှိ မိဘဂုဏ်ရည် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ပူးပေါင်းအဖွဲ့ဝင်များသည်  အရည် အသွေးမပြည့်မီသည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့်ခွင့်ပြုလိုင်စင်မရှိ သည့်ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး ၊ သက်ဆိုင်ရာဌာနထောက်ခံ ချက်ပါဝင် သောဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီသောဆေးဝါးများသာ ရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှု များတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ဆေးဝါးများကိုသာရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများနှင့်သာ ဝယ် ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက်စောင့် ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ရှိ စတိုးဆိုင်များတွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာသုံးစွဲနိုင်စေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်း မှ လျော့နည်းပပျောက်သွားစေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံ ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန စသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍(၂၅.၈.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ပူးပေါင်းအဖွဲ့သည် ရောင်းချနေသောကုန်စည်များတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် များ၊ ဥပဒေပါပြဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြပါဝင်မှုများနှင့် ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြမှုရှိ/မရှိတို့အား စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည် များအား ရောင်းဝယ်မှုမပြုရန်၊ စားသုံးသူအား ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သောကုန်စည်များနှင့် သက်တမ်လွန်ကုန်စည်များ ရောင်းချမှုများမပြုလုပ်ကြရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်နှင့်သုံးစွဲ ရန်မသင့်သော ကုန်စည်များရောင်းချခြင်းမပြုရန်၊ ဥပဒေပြဌာန်းချက်များ၊ သတ်မှတ်ချက်များ၊ ထုတ်ပြန် ချက်များ၊ ညွှန်ကြားချက်များနှင့် မညီညွတ်သော ကုန်စည်များစစ်ဆေးတွေ့ရှိပါက ဥပဒေများနှင့်အညီ စစ်ဆေးအရေးယူမှုများ ခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တ စိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ရှိ ဇဗ္ဗူအေး သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်း တောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍(၂၆.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ သီရိမင်္ဂလာရပ်ကွက်ရှိ ဗ္ဗူအေး သောက်ရေသန့်စက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုရှိစေရေ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ပူးပေါင်းအဖွဲ့သည် ကျောက်ပန်းတောင်းမြို့ရှိ သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေးရာ တွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ ထုတ်လုပ်ပုံနည်းလမ်းမှန်ကန်မှုရှိ/မရှိ၊ ဥပဒေပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ လုပ်သားများ၏ ကျန်းမာရေးဆေးစစ်မှု အခြေအနေများ၊ စက်ယူနစ်အစိတ်အပိုင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်တလျှောက်ကိုင်တွယ်မှု၊ ထည့်သွင်းမှု၊ ထုပ်ပိုးမှုနှင့်ဗူးခွံများ ပြန်လည်ဆေးကျောသန့်စင်မှုများ၊ ရေဆိုးထုတ်လုပ်မှုအခြေအနေများ၊ ကုန်အ ညွှန်းအမှတ်အသား ထည့်သွင်းဖော်ပြမှုအခြေအနေများအား သက်ဆိုင်ရာဌာနများအလိုက် စစ်ဆေးမှု များဆောင်ရွက်၍ လုပ်ငန်းရှင်များအား ၎င်းတို့ထုတ်လုပ်နေသော သောက်ရေသန့်သည် လူသား အားလုံးအတွက် မရှိမဖြစ် နေ့စဉ်အချိန်နှင့်အမျှ လိုအပ်သည့်ကုန်စည်ဖြစ်တာနှင့်အညီ သတ်မှတ်ထား သောစံချိန်စံညွှန်းများ၊ အရည်အသွေးများပြည့်မီရန် လိုအပ်ပါကြောင်း၊ သယ်ယူပို့ဆောင် ဖြန့်ဖြူး ရောင်းချမှုများတွင် စနစ်တကျသယ်ယူပို့ဆောင်ရန် လိုအပ်ပါကြောင်း၊ ရေသည် လူသားအားလုံး အသက်ရှင်သန်ရေးနှင့်ကျန်းမာရေးအတွက် ဆေးကောင်းတစ်ခုဖြစ်၍ သောက်သုံးနေရသောရေသည် သန့်ရှင်းစင် ကြယ်ရန်အထူးလိုအပ်သောကြောင့် သန့်ရှင်းသော၊ ကောင်းမွန်သော သောက်ရေသန့်များ ထုတ်လုပ်ခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသည့်အတိုင်း ရေအကျိုးဆယ်ပါး ကုသိုလ်များကို ရရှိပြီး မိမိတို့၏ အကျိုးစီးပွားများလည်းဖြစ်ထွန်းလာမည်ဖြစ်၍ စားသုံးသူများ၏ ကျန်းမာရေးကိုရှေးရှု့ ပြီး စိတ်စေတနာ အပြည့်အဝထားကာ ဥပဒေများနှင့်အညီထုတ်လုပ်ကြရန် ဆွေးနွေးရှင်းလင်းခဲ့ကြ ပါသည်။

DOCA(မန္တလေး)

                                     

ကျောက်ပန်းတောင်းမြို့ရှိ None-3 သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်း တောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍(၂၆.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ None-3 သောက်ရေသန့်စက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုရှိစေရေ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ပူးပေါင်းအဖွဲ့သည် ကျောက်ပန်းတောင်းမြို့ရှိ သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေးရာ တွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ ထုတ်လုပ်ပုံ နည်းလမ်းမှန်ကန်မှုရှိ/မရှိ၊ ဥပဒေပါ သတ်မှတ် ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ လုပ်သားများ၏ ကျန်းမာရေးဆေး စစ်မှုအခြေအနေများ၊ စက်ယူနစ်အစိတ်အပိုင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်တလျှောက်ကိုင်တွယ်မှု၊ ထည့် သွင်းမှု၊ ထုပ်ပိုးမှုနှင့်ဗူးခွံများ ပြန်လည်ဆေးကျောသန့်စင်မှုများ၊ ရေဆိုးထုတ်လုပ်မှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ထည့်သွင်းဖော်ပြမှုအခြေအနေများအား သက်ဆိုင်ရာဌာနများအလိုက် စစ်ဆေးမှုများဆောင်ရွက်၍ လုပ်ငန်းရှင်များအား ၎င်းတို့ထုတ်လုပ်နေသော သောက်ရေသန့်သည် လူသားအားလုံးအတွက် မရှိမဖြစ်နေ့စဉ်အချိန်နှင့်အမျှ လိုအပ်သည့်ကုန်စည်ဖြစ်တာနှင့်အညီ သတ်မှတ် ထား သောစံချိန်စံညွှန်းများ၊ အရည်အသွေးများပြည့်မီရန် လိုအပ်ပါကြောင်း၊ သယ်ယူပို့ဆောင် ဖြန့်ဖြူး ရောင်းချမှုများတွင် စနစ်တကျသယ်ယူပို့ဆောင်ရန် လိုအပ်ပါကြောင်း၊ ရေသည် လူသားအားလုံး အသက်ရှင်သန်ရေးနှင့်ကျန်းမာရေးအတွက် ဆေးကောင်းတစ်ခုဖြစ်၍ သောက်သုံးနေရသောရေသည် သန့်ရှင်းစင် ကြယ်ရန်အထူးလိုအပ်သောကြောင့် သန့်ရှင်းသော၊ ကောင်းမွန်သော သောက်ရေသန့်များ ထုတ်လုပ်ခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသည့်အတိုင်း ရေအကျိုးဆယ်ပါး ကုသိုလ်များကို ရရှိပြီး မိမိတို့၏ အကျိုးစီးပွားများလည်းဖြစ်ထွန်းလာမည်ဖြစ်၍ စားသုံးသူများ၏ ကျန်းမာရေးကိုရှေးရှု့ ပြီး စိတ်စေတနာ အပြည့်အဝထားကာ ဥပဒေများနှင့်အညီထုတ်လုပ်ကြရန် ဆွေးနွေးရှင်းလင်းခဲ့ကြ ပါသည်။

DOCA(မန္တလေး)

                                               

ကျောက်ပန်းတောင်းမြို့ရှိ New Luck သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်း တောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန တို့ပူးပေါင်း၍(၂၆.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ New Luck သောက်ရေသန့်စက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ၊သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။

          ပူးပေါင်းအဖွဲ့သည် ကျောက်ပန်းတောင်းမြို့ရှိ သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေးရာ တွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ ထုတ်လုပ်ပုံ နည်းလမ်းမှန်ကန်မှုရှိ/မရှိ၊ ဥပဒေပါ သတ်မှတ် ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ လုပ်သားများ၏ ကျန်းမာရေးဆေး စစ်မှုအခြေအနေများ၊ စက်ယူနစ်အစိတ်အပိုင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်တလျှောက်ကိုင်တွယ်မှု၊ ထည့်သွင်းမှု၊ ထုပ်ပိုးမှုနှင့်ဗူးခွံများ ပြန်လည်ဆေးကျောသန့်စင်မှုများ၊ ရေဆိုးထုတ်လုပ်မှုအခြေအနေ များ၊ ကုန်အညွှန်းအမှတ်အသား ထည့်သွင်းဖော်ပြမှုအခြေအနေများအား သက်ဆိုင်ရာဌာနများအလိုက် စစ်ဆေးမှုများဆောင်ရွက်၍ လုပ်ငန်းရှင်များအား ၎င်းတို့ထုတ်လုပ်နေသော သောက်ရေသန့်သည် လူသားအားလုံးအတွက်မရှိမဖြစ် နေ့စဉ်အချိန်နှင့်အမျှ လိုအပ်သည့်ကုန်စည်ဖြစ်တာနှင့်အညီ သတ်မှတ် ထားသောစံချိန်စံညွှန်းများ၊ အရည်အသွေးများပြည့်မီရန် လိုအပ်ပါကြောင်း၊ သယ်ယူပို့ဆောင် ဖြန့်ဖြူး ရောင်းချမှုများတွင် စနစ်တကျသယ်ယူပို့ဆောင်ရန် လိုအပ်ပါကြောင်း၊ ရေသည် လူသားအားလုံး အသက်ရှင်သန်ရေးနှင့်ကျန်းမာရေးအတွက် ဆေးကောင်းတစ်ခုဖြစ်၍ သောက်သုံးနေရသောရေသည် သန့်ရှင်းစင် ကြယ်ရန်အထူးလိုအပ်သောကြောင့် သန့်ရှင်းသော၊ ကောင်းမွန်သော သောက်ရေသန့်များ ထုတ်လုပ်ခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသည့်အတိုင်း ရေအကျိုးဆယ်ပါး ကုသိုလ်များကို ရရှိပြီး မိမိတို့၏ အကျိုးစီးပွားများလည်းဖြစ်ထွန်းလာမည်ဖြစ်၍ စားသုံးသူများ၏ ကျန်းမာရေးကိုရှေးရှု့ ပြီး စိတ်စေတနာ အပြည့်အဝထားကာ ဥပဒေများနှင့်အညီထုတ်လုပ်ကြရန် ဆွေးနွေးရှင်းလင်းခဲ့ကြ ပါသည်။

DOCA(မန္တလေး)

                                                         

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပြည့်စုံနှင့် ရွှေဒိုးနတ်ပေါင်မုန့်စက်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့တွင် စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သည့် စားအုန်းဆီထုတ်ယူရရှိရေး ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်အတွင်းရှိ စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများ လာရောက်လျှောက်ထားသည့် ရွှေပြည့်စုံနှင့် ရွှေဒိုးနတ်ပေါင်မုန့် စက်ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့မှ တာဝန်ရှိ သူများမှ စားသောက်ကုန်လုပ်ငန်းရှင်းများအနေဖြင့် မိမိတို့လျှောက်ထားသည့် စားအုန်းဆီများအား မိမိတို့လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲရန် လိုအပ်ကြောင်း၊ ၄င်း စားအုန်းဆီ များအား အပြင်သို့ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ထုတ်ကုန်များကိုလည်း ကုန်ညွှန်: အမှတ်အသား ပြည့်စုံစွာဖော်ပြရန် အရေးကြီးကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ ဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA (ရန်ကုန်)

 

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း၊ မြေပြင်စစ်ဆေးခြင်းနှင့်ပတ်သတ်၍ ဆွေးနွေးပွဲကျင်းပ

       အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း၊ မြေပြင်စစ်ဆေးခြင်းနှင့်ပတ်သတ်၍ ဆွေးနွေးပွဲအခမ်းအနားကို ၂၉.၈.၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါခိုင် နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်က အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့်လုပ်ငန်းရှင်များအား Online Sale လုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေတွင်ပါဝင်သည့်အတွက် မှတ်ပုံတင်ရန်အရေးကြီး ကြောင်းနှင့်ရောင်းချမည့်ကုန်စည်များတွင်လည်း  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က မြေပြင် ကွင်းဆင်းစစ်ဆေးမှုဆိုင်ရာကိစ္စရပ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ဆက်လက်၍ အခမ်းအနားတက်ရောက် လာကြသူများက သိလိုသည်များကို မေးမြန်းခဲ့ကြကာ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

 

“ သန်လျင်မြို့နယ်လူသုံးကုန်လုပ်ငန်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်ရှိ လူသုံးကုန် လုပ်ငန်းဖြစ်သည့် ရေချိုးဆပ်ပြာအရည် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းအား ၎င်းထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်များအပေါ်တွင် စားသုံးသူပြည်သူများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန်အလိုဌာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ သိရှိရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဒုခရိုင်မှူး ဦးဦးသိန်းမောင်က Skin Me လူသုံးကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ဈေးကွက်မရောက်မီ ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းအား အဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိ သော လူသုံးကုန်ပစ္စည်းများအပေါ်တွင်လည်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ဖော်ပြရန်ညွန်ကြားချက် အမှတ် (၂/၂၀၁၉)အရ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်လည်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရ မည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဆေးဝါးများ၏ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေး”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် စားသုံးသူပြည်သူများအား အန္တရာယ်ကင်းရှင်းစေရန်နှင့် ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေအား စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကော့မှူးမြို့နယ်ရှိ ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးအရောင်းဆိုင်များသို့ ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ ဦးအေးသွင်တို့ သည် မြို့နယ်စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆေးဆိုင်များ၊ ဗိုလ်ချုပ်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ ဆေးဆိုင်များ၊ ဗိုလ်ချုပ်လမ်းမြို့မရပ်ကွက်ရှိဆေးဆိုင်များတွင် စားသုံး သူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ဆေးဝါးများ၏ ဈေးနှုန်းများ အဆမတန် မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းများရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ  ဖြန့်ဖြူးရောင်းချ ခြင်းများ ရှိ/မရှိ စသည်တို့ကို စစ်ဆေးခဲ့ပြီး စပ်ဆေးအသုံးပြုမှု လျော့ပေါ့စေရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှုခံယူထားခြင်းမရှိသည့် စားသုံးသူပြည်သူများအပေါ် အာမခံချက်မရှိသော တရားမဝင် ဆေးဝါးများ ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာ ပေး ဆွေးနွေးပြောကြား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ