
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် (၁၈.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၃:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အလှကုန် ရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ အလှကုန်ရောင်းချသည့် လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချကြရန် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး Online Sale မှတ်ပုံတင် လျှောက်ထားခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အလှကုန်ရောင်းချသည့်လုပ်ငန်းရှင်များမှ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားခြင်းအား အသေးစိတ်သိရှိလိုပါက www.eComreg.gov.mm website မှတဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ပါကြောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်၊၊ ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၂၅)ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
