HighLight News

Powered by Drupal

“ရွှေနန်းတော်” ခေါက်ဆွဲစက်လုပ်ငန်းရှင်အား တွေ့ဆုံ

   စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ဒု-ခရိုင်ဦးစီးမှူး၊ မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် (၂၂-၃-၂၀၂၃) ခုနှစ်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ “ရွှေနန်းတော်”ခေါက်ဆွဲစက်လုပ်ငန်းရှင်အားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    “ရွှေနန်း‌တော်” ခေါက်ဆွဲစက်ကို ၂၀၁၁ခုနှစ်မှ စတင်တည်ထောင်ခဲ့ကြောင်း၊ တစ်လလျှင် (၂၅) ပိဿာဝင်အိတ် (၅၀၀) အိတ်အသုံးပြုရကြောင်း၊ တစ်လလျှင် ခေါက်ဆွဲ ( ၁၂၄၀၀)ပိဿာထွက်ရှိကြောင်း၊ ထွက်ရှိလာသည့်ကုန်ချောများကို မြို့နယ်အတွင်းသာရောင်းချနိုင်ကြောင်း   ဆွေးနွေးသိရှိရပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြပါရှိသော လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂၀-၃-၂၀၂၃) ခုနှစ်၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့သည်  ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ “UNT ဦးသိန်းနိုင်” စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်ထံသို့သွားရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိ၊ (PPRD စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။  စက်သုံးဆီလုပ်ငန်းရှင်အနေဖြင့် တရားမဝင်သော စက်သုံးဆီ၊ ချောဆီများ တင်သွင်းဖြန့်ဖြုးရောင်းချနေခြင်းကို စိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေး သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ  ဌာနကထုတ်ပြန် ထားသော စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရေးတို့အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တမူးမြို့၊ စည်ပင်သာယာဈေးအတွင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြသည့် ကုန်စည်များရောင်းချမှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တမူးမြို့နယ်တာဝန်ခံ ဦးစွမ်းရည်(ဦးစီးမှူး)သည် (၂၂-၃-၂၀၂၃ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် တမူးမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြသည့်ကုန်စည်များအား ရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါ သည်။

      တမူးမြို့နယ်တာဝန်ခံက  မိမိတို့ရောင်းချသည့်ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိသည့်ကုန်စည်များကိုသာ ရောင်းချကြရန်နှင့် တားမြစ်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုကြရန်တို့အား အသိပညာပေးဆွေးနွေးခဲ့ပြီး မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ထုတ်လုပ်သည့်ကုန်ပစ္စည်းများပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးမှုများဆောင်ရွက်ခဲ့ကာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဟုမ္မလင်းမြို့တွင် အလှကုန်ပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံး၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်အတွင်းရှိ အလှကုန်ဆိုင်( ၂ )ဆိုင်အား ( ၂၂-၃-၂၀၂၃ ) ရက်နေ့၊ နံနက် ( ၉: ၃၀ ) နာရီအချိန်တွင် ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း(ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်း( ၂ )ဦးတို့သည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများအသုံးပြုနေသည့် အလှကုန်ပစ္စည်းများနှင့်ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့် ကြေညာထားသောအလှကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်နေသည့် အလှကုန်ပစ္စည်းများရောင်းချမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်သွားစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

 

သထုံခရိုင်ဦးစီးမှူးက ဆန်စက်လုပ်ငန်းရှင်များအား တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၂-၃-၂၀၂၃) ရက်နေ့တွင် သထုံမြို့နယ်၊  ရန်ကုန် - မော်လမြိုင်အဝေးပြေးလမ်းဘေးရှိ ကြယ်တံခွန်ဆန်စက်သို့သွားရောက်၍ ဆန်စက်ပိုင်ရှင် ဒေါ်နော်သာဝါးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သထုံခရိုင်ဦးစီးမှူးက ထုပ်ပိုးမှုအပိုင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မိမိ၏ဆန်စက်အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာများ၊ အသားတင်အလေးချိန်တို့ကိုပြည့်စုံစွာဖော်ပြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်အချက်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

    ထို့ပြင် ယခု နွေစပါးဝယ်ယူမှုအခြေအနေ၊ စျေးကွက်အခြေအနေ၊ ဆန်စပါးတို့၏ လက်ရှိစျေးနှုန်းအတက်အကျအခြေအနေ၊ သယ်ယူဖြန့်ဖြူးမှုနှင့် ဆန်စပါးများစီးဝင်/စီးထွက်မှုအခြေအနေများဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

မော်လမြိုင်မြို့နယ်တာဝန်ခံသည် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄-၃-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်စွမ်းအားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့ စစ်ဆေးရာတွင် စက်သုံးဆီသိုလှောင်ကန်များထားရှိမှုမှာ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ သတ်မှတ်စည်းကမ်းချက်နှင့်ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးထားရှိမှု၊ မီးသတ်ရေကန်ထားရှိမှုအခြေအနေအား စစ်ဆေးခြင်း၊ စက်သုံးဆီအရည်အသွေးနှင့် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိတို့ကို စစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃-၃-၂၀၂၃) ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

     ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင် (၁၈) ဆိုင်အား စစ်ဆေးခဲ့ပြီး အဆိုပါဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော Parbisure အမည်ဖြင့် ဆေးဝါးရောင်းချနေမှု ရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ရောင်းချမှုမရှိကြောင်းတွေ့ရှိရပြီး ထိုကဲ့သို့ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါရှိသောဆေးဝါးများကိုရောင်းချခြင်းမပြုရန် ဆိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ဘီးလင်းမြို့နယ်တာဝန်ခံက သောက်ရေသန့်လုပ်ငန်းရှင်အား တွေ့ဆုံ

   စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃-၃-၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့ပေါ်ရှိ “မိဘစွမ်းအား” သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်အား တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဘီးလင်းမြို့နယ်တာဝန်ခံက သောက်ရေသန့်များထုတ်လုပ်ရာတွင် စားသုံးသူများအား သန့်ရှင်းသောသောက်သုံးရေကို သုံးစွဲနိုင်စေရန်၊ အရည်အသွေးပြည့်မီစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် စသည့်အချက်များ ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်သော အကြောင်းအရာများအား အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြရမည့်အချက်များဖော်ပြပါရှိသော လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ထားဝယ်မြို့ရှိ အိုးလုပ်စျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၃ခုနှစ်၊ မတ်လ(၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်ကြသော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ အိုးလုပ်စျေးနှင့် စားသောက်ကုန်မျိုးစုံအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ ‌စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန် ကုန်စည်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါရှိသော ကုန်စည်များကိုသာရောင်းချနိုင်ရေးနှင့် သက်တမ်းကုန်လွန်သောကုန်စည်များကို ရောင်းချမှုမရှိစေရေးတို့အား အသိပညာပေးဆွေးနွေးခဲ့ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် အချက်အလက်များအား မိမိတို့ဌာနတွင် အသေးစိတ်မေးမြန်းဆွေးနွေးနိုင်ပါကြောင်းနှင့်း အသိပညာပေးလက်ကမ်းစာစောင်တို့ကို ဖြန့်ဝေမှုများဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၃ခုနှစ်၊ မတ်လ(၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်ကြသော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။   ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့်ဆေးဝါးများ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိနှင့် သက်တမ်းကုန်လွန်နေသောဆေးဝါးများရောင်းချမှုရှိ/မရှိတို့အား စစ်ဆေးပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - HighLight News