HighLight News

Powered by Drupal

ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၄-၁၀-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်အတွင်းရှိ ဆန်ရောင်းချနေသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပြည်တွင်းဒေသထွက်ဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ၂၀၂၄ခုနှစ်၊ အောက်တိုဘာလအတွက် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသောဈေးကွက်၊ ဆန်ရည်ညွှန်းဈေးနှုန်းများကို သိရှိလိုက်နာဆောင်ရွက်ရန် ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်ကန်စွာ စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် ဆန်လက်ကျန်အခြေအနေ၊ ရောင်းချသည့်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         (၁၅-၁၀-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်များသည် မှော်ဘီမြို့မဈေးအတွင်းရှိ ဆေးဆိုင်များသို့ ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာ မှော်ဘီမြို့နယ်၊ မြို့မဈေးရှိ ရောင်းချနေသောဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ရာ ဆေးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းမရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ပဲခူးမြို့၊ မြို့မဈေးနှင့် ရပ်ကွက်ကုန်စုံဆိုင်များရှိ စားအုန်းဆီရောင်းချနေသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်းနှင့် အဖွဲ့သည် (၁၄.၁၀၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေသောဆိုင်များအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီခွဲတမ်းရရှိသော အရောင်းဆိုင်များအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ညွှန်ကြားထားသောဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/ မရှိ ဆိုင်းဘုတ်တင်ချိတ်ဆွဲရောင်းချနေခြင်းရှိ/ မရှိ ၊ ဈေးနှုန်းဆိုင်းဘုတ်ကို အများပြည်သူများ ထင်သာမြင်သာရှိနိုင်သောနေရာများတွင် ချိတ်ဆွဲထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ရာ ခွဲတမ်းရရှိသော ဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ ဈေးနှုန်းဆိုင်းဘုတ်များကို ထင်သာမြင်သာရှိသော နေရာများတွင် ချိတ်ဆွဲရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး အလေးချိန်၊ အချိန်အတွယ်များကို ပြည့်ဝစွာ ရောင်းချသွားရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)

ပဲခူးမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား Online စနစ်ဖြင့် ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသ ကြီး ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းနှင့်အဖွဲ့သည် (၁၄.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ပဲခူးမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ ဖန်စီပစ္စည်းများအား ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့် မြို့နယ်အတွင်းရှိ MSMES လုပ်ငန်းရှင်များအား ONLINE စနစ်ဖြင့် ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဟောပြောဆွေးနွေးမှုတွင် ဦးစိုးမိုး (ဦးစီးအရာရှိ)မှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းဆိုသည်မှာ ကုန်စည်သော်လည်းကောင်း၊ ဝန်ဆောင်မှုကိုလည်းကောင်း ONLINE မှတစ်ဆင့်ရောင်းချခြင်းကိုဆိုလိုကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားပြီးသော လုပ်ငန်းရှင်များအနေဖြင့် သိရှိရန်လိုအပ်သောအချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အွန်လိုင်းရောင်းချများ၏ အားသာချက်၊ အားနည်းချက်များ၊ လိမ်လည်နိုင်သည့်ပုံစံများနှင့် မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ရွေးချယ်ဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)

ပဲခူးမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်းနှင့် အဖွဲ့သည် (၁၀.၁၀၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ပဲခူးမြို့ပေါ်ရှိ ဆေးဆိုင်များသို့သွားရောက်၍ ဆေးဝါးပြတ်လပ်မှု ရှိ/ မရှိ၊ တိုင်းရင်းဆေးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ပဲခူးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချနေသော တိုင်းရင်းဆေးများကို စစ်ဆေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉နှင့် အညီ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြထားသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့လိုအပ်သော ဆေးဝါးများကို အခက်အခဲမရှိ ဝယ်ယူရရှိနေကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပြီး ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးပစ္စည်းရောင်းချသော ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)

ပဲခူးခရိုင်အတွင်းရှိ အသင့်စားစည်သွပ်ဗူးအမျိုးမျိုးပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းဆင်းစစ်ဆေး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်းနှင့်အဖွဲ့သည် (၁၀.၁၀၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပဲခူးမြို့ပေါ်ရှိ စတိုးဆိုင်များ၊ ဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊ မြို့ပေါ်ရှိ mart များသို့ သွားရောက်၍ အသားဟင်း၊ ငါးဟင်း စည်သွပ်ဗူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသား ကွဲလွဲမှုရှိ/ မရှိ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများပေါ်တွင် ရိုက်နှိပ်ထားသော အညွှန်းဖော်ပြချက်များနှင့် စတစ်ကာကပ်၍ဖော်ပြထားသည့် အညွှန်းဖော်ပြချက်များ တူညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ လုပ်ငန်းရှင်များအား မိမိတို့ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းပြည့်စုံ မှန်ကန်စွာဖော်ပြထားရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုသည်များရှိပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)

ကျိုက်ထိုမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများ၊ အရက်နှင့်အဖျော်ယမကာ လက်လီ/ လက်ကားအရောင်းဆိုင်များ၊ အရက်ချက်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေး

    ၁၄.၁၀.၂၀၂၄ ရက်နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဆောင်၍ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းကာ ကျိုက်ထိုမြို့နယ်၊ တံတားဖြူကျေးရွာရှိ မြမြင့်မိုရ်သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ရေသန့်ထုတ်လုပ်မှုနှင့် ပတ်သက်သော သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်နှင့် ခွင့်ပြုချက်လက်မှတ်များ၊ ရေသန့်ထုတ်လုပ်မှု အခြေအနေများ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့သည်။ ထို့နောက် ရန်ကုန်/ မော်လမြိုင်ကားလမ်းဘေးရှိ ဦးအောင်သူမြတ်၏ D1A လိုင်စင်ရယူဆောင်ရွက်လျက်ရှိသော အရက်ချက်စက်ရုံ တည်ဆောက်ထားရှိမှုနှင့် ပိုင်ဆိုင်မှုအထောက်အထားများ၊ လုပ်ငန်းလည်ပတ်မှုအခြေအနေများအား တွေ့ဆုံမေးမြန်းကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်တွင် စည်သွပ်ဗူးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

၁၅.၁၀.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ် အမှတ် (၂) မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် အသားဟင်း၊ ငါးဟင်း စည်သွပ်ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အသားဟင်း၊ ငါးဟင်းစည်သွပ်ဗူးများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂ / ၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)

ချောင်းဆုံမြို့နယ် အမှတ် (၂) မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

၁၄.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အမှတ်(၂)မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)

ကျိုက်မရောမြို့နယ်တွင် ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ရုံးမှ ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၄) ရက်နေ့တွင် ကျိုက်မရောမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်ရှိမြို့မဈေးနှင့် ရန်မျိုးအောင်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့သွားရောက်၍ ငရုတ်ဆီနှင့်အချဉ်ရည် အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ပါ/ မပါတို့ကို စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းသောကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးကြစေရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News