
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီး အရာရှိ)သည် (၂၆-၈-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အများပြည်သူသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးနေသော ညောင်ဦးမြို့၊ အမှတ်(၃)နယ်မြေရှိ ရတနာ စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်း၍ အလေးချိန်၊ အရည်အသွေး၊ ဈေးနှုန်းများ မှန်ကန်စွာရောင်းချမှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရတနာ စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို နေ့ရက်အလိုက် အများပြည်သူ သိရှိမြင်သာစေရန် Vinyl များချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင် အတွယ်မှန်ကန်စေရေး၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်း ကြပ်မတ်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)