HighLight News

Powered by Drupal

တိုက်ကြီးမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေ

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးသည် တိုက်ကြီးမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအခြေအနေကို သွားရောက်စစ်ဆေးရာ စားအုန်းဆီကို တိုက်ကြီးမြို့နယ်မှ (၁၀)ဦး၊ ဥက္ကံမြို့မှ (၂)ဦးနှင့် အဖျောက်မြို့မှ (၃)ဦး၊ စုစုပေါင်းကိုယ်စားလှယ်(၁၅)ဦးက ထုတ်ယူဖြန့်ဖြူးပေးလျက်ရှိပါသည်။ တိုက်ကြီးကိုယ်စားလှယ်(၈)ဦးသည် ရပ်ကွက်/ ကျေးရွာသို့ဖြန့်ဖြူးပေး၍ ကျန်ကိုယ်စားလှယ်(၂)ဦးမှာ စားသောက်ဆိုင်နှင့် ဈေးအတွင်း/ အပြင်သို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ အဖျောက်မြို့နှင့် ဥက္ကံမြို့မှ ကိုယ်စားလှယ်များမှာလည်း ရပ်ကွက်/ ကျေးရွား၊ ဈေးတွင်း/ ဈေးပြင်ရှိ စားသုံးသူများကို ရောင်းချပေးလျက်ရှိပြီး ဆီကိုယ်စားလှယ်များသည် ရည်ညွှန်းဈေးကို ၂% အမြတ်၊ သယ်ယူပို့ဆောင်ခနှင့်ညီမျှသော မှန်ကန်သည့်ဈေးနှုန်းများဖြင့်သာဖြန့်ဖြူးပေးလျက်ရှိရာ ၎င်းအနေဖြင့် လက်လီရောင်းချသူများကိုလည်း သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချစေရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့်အတူ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)

BEST တံဆိပ် စည်သွပ်ဘူးလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးပါ (၄)ဦးတို့သည် ၅-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၅၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ BEST တံဆိပ် စည်သွပ်ဘူးလုပ်ငန်းသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာ၌ အမှတ်(၁၁၆)၊ ဧရာလမ်း၊ စက်မှုဇုန်(၅)ရှိ BEST တံဆိပ်စက်ရုံမှူး ဦးနိုင်လင်း ပူးပေါင်းပါဝင်လျက် ထုတ်လုပ်ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများမှာ ငါးသေတ္တာ၊ သက်သက်လွတ်သီးစုံပဲဟင်း၊ မုန့်ဟင်းခါးဟင်းရည်အနှစ်၊ ရွှေပုစွန်ကြော်ငံပြာရည်ချက်၊ ကြက်မော်လမြိုင်ချက်၊ ဒညင်းသီးပြုတ်၊ ငါးကြင်းပေါင်းတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့်ကိုက်ညီမှုရှိပြီး အမှတ်တံဆိပ်မပြည့်စုံသော ကုန်ပစ္စည်းများကိုမရောင်းချရန်၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)

မင်းသားကြီးအမှတ်တံဆိပ် စားသောက်ကုန်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးပါ (၄)ဦးတို့သည် ၅-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၂:၅၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ မင်းသားကြီးအမှတ်တံဆိပ် စားသောက်ကုန်လုပ်ငန်းသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၄၃၇)၊ ရွှေဝါ(၂)လမ်း၊ စက်မှုဇုန်(၅)ရှိ မင်းသားကြီးအမှတ်တံဆိပ် စားသောက်ကုန်လုပ်ငန်းမှထုတ်လုပ်သေ ာစားသောက်ကုန်များမှာ အာဗြဲခြောက်အချိုကင်၊ ငါးရံ့ခြောက်အချိုကင်၊ ပုစွန်ဘာလချောင်ကြော်၊ ငါးကျဉ်းခြောက်စပ်၊ မရမ်းသီးကြော်နှင့် ပုစွန်ငံပြာရည်ကြော်တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပြီး ဌာနမှလည်း စားသောက်ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချရာတွင် သန့်ရှင်းသပ်ရပ်ရေး ဦးစားပေးဆောင်ရွက်ရန်၊ မိမိထုတ်လုပ်သောကုန်စည်နှင့်ပတ်သက်၍ စားသုံးသူ တစ်စုံတစ်ခုထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် သိရှိလိုသည့်အချက်များအား ရှင်းလင်းဆွေးနွေး၍ လုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)

စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၇-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စက်သုံးဆီများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုကြရန်၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ကော်မတီက သတ်မှတ်ထုတ်ပြန်ထားသော ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် တရားမဝင်စက်သုံးဆီများဖြန့်ဖြူးရောင်းချနေခြင်းများရှိ/ မရှိကိုစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းပြီး တရားမဝင်စက်သုံးဆီများဖြန့်ဖြူးရောင်းချခြင်းများလည်းမရှိကြောင်း၊ မိမိတို့ဌာနမှလည်း သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချခြင်း၊ သိုလှောင်ထားခြင်းများမပြုရန်နှင့် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၆-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ မကွေးလမ်းမပေါ်ရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဆန်ဆိုင်များ၌ ဆန်အိတ်လက်ကျန်နှင့် တစ်နေ့ ဆန်ရောင်းချမှုဈေးကွက်ဈေးနှုန်းအခြေအနေများကိုစစ်ဆေးခြင်း၊ ဆန်ပြတ်လပ်မှုမရှိစေရေးနှင့် ဆန်ဈေးနှုန်းများကို MRF မှထုတ်ပြန်သော သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ရောင်းချရန်၊ အလေးချိန်တင်း၊ ပြည်၊ အရေအတွက်ပြည့်ဝမှန်ကန်စွာရောင်းချရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိ၊ မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို ဆန်ဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးခဲ့ကြောင်းသိရပါသည်။
DOCA(ရန်ကုန်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် “ကောင်းမွန်သောဆေးဝါးသိုလှောင်ရောင်းချမှု ကျင့်စဉ် (GPP/GSP) နှင့် ပတ်သက်၍ဆေးဆိုင်များအား အသိပညာပေးဆွေးနွေးပွဲ”သို့တက်ရောက်

             ၇.၁၁.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သော မွန်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီမှ ကြီးမှူးကျင်းပသည့် ကောင်းမွန်သောဆေးဝါးသိုလှောင်ရောင်းချမှုကျင့်စဉ် (GPP/GSP) နှင့်ပတ်သက်၍ ဆေးဆိုင်များအား အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

            ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်တာဒေါ်သူဇာဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပန်းရိပ်အောင်မှ ဆေးများရောင်းချရာတွင် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ၊ ကောင်းမွန်သောဆေးဝါးသိုလှောင်ရောင်းချမှုကျင့်စဉ် (GPP/GSP) နှင့်ပတ်သက်၍  ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်တွင် “မီလျံနာ”အမှတ်တံဆိပ်၊ သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေး

             (၆.၁၁.၂၀၂၄) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှဝန်ထမ်းများ၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်ရှိ “မီလျံနာ” အမှတ်တံဆိပ်ပါ  သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ “မီလျံနာ” အမှတ်တံဆိပ်ရှိ ရေသန့်ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

              ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော “မီလျံနာ” အမှတ်တံဆိပ်ပါ ရေသန့်ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂ / ၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့်ပြည့်စုံမှန်ကန်စွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး၊  လုပ်ငန်းရှင်အား စီးပွားရေး လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များကိုသာရောင်းချရန်  အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

သထုံမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

             မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် (၄.၁၁.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သထုံမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

              ထိုသို့ဈေးကွက်ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များတွင်ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး တရားမဝင်ဆေးဝါးများရောင်းချမှုမပြုစေရေးအတွက် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချမှုရှိ/ မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေး

           ၇.၁၁.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါးများရောင်းချမှု ရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ချောင်းဆုံမြို့ပေါ်ရှိ ဆေးဆိုင် (၄) ဆိုင်အားစစ်ဆေးခဲ့ပြီး အဆိုပါဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်တွင် “TT” အမှတ်တံဆိပ်၊ သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

            (၇.၁၁.၂၀၂၄) ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှဝန်ထမ်းများ၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်ဖနဲရပ်ကွက်ရှိ “TT” အမှတ်တံဆိပ်ပါ  သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ “ TT ” အမှတ်တံဆိပ်ရှိ ရေသန့်ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ / မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

              ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော “TT” အမှတ်တံဆိပ်ပါ ရေသန့်ဘူးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး၊  လုပ်ငန်းရှင်အား စီးပွားရေး လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များကိုသာရောင်းချရန်  အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News