HighLight News

Powered by Drupal

ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  (၁၂-၁၁-၂၀၂၄)ရက်နေ့တွင် မအူပင် တာပတ်အရှေ့ကျေးရွာ ဓမ္မာရုံတွင် စားသောက်ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်(၁၃)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြသည်။

  အဆိုပါဟောပြောပွဲတွင် မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး၊ ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်ကိစ္စရပ်ကိုရှင်းလင်းခြင်း၊ စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များကိုရှင်းလင်းခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)၌ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားတွင် ပါရှိရမည့်အချက်များကိုရှင်းလင်းခြင်း၊ စားသုံးသူသည် လိုအပ်ချက်အရ ကုန်စည်ကိုဝယ်ယူ အသုံးပြုရာတွင် စားသုံးသူနှင့်ပတ်သက်ဆက်နွှယ်သည့် အကြောင်းအရာများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အကြောင်းအရာ များ၊ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်သည့် အကြောင်းအရာများအားတိုင်ကြားနိုင်သည့် Website များကိုလည်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိလုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြာသွားကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

“ကော့မှူးမြို့နယ်ရပ်ကွက်များတွင် အလှကုန် အမျိုးမျိုး (၁၀)ဂရမ်နှင့်အထက်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း "

                 စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တိုင်းဒေကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးမည့် နိုဝင်ဘာလအတွင်းဦးစားပေးကုန်စည်ဖြစ်သော အလှကုန်ပစ္စည်းအမျိုးမျိုး(၁၀)ဂရမ်နှင့်အထက်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိ နိုဝင်ဘာလ (၁၁)ရက်နေ့၊ နံနက် (၁၀း၃၀)အချိန်တွင် ကော့မှူးမြို့နယ်ရပ်ကွက် များရှိအလှကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စတိုးဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရသည်။

                 ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာမှတာ ဝန်ရှိသူများ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၁၁၂)ဗိုလ်ချုပ်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ တော်ဝင်စတိုးနှင့်အမှတ်(၁၁၆) ဗိုလ်ချုပ်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ ဇာနည်စတိုးဆိုင်တို့တွင်ဖြန့်ဖြူးရောင်းချပေးလျှက်ရှိသော အလှကုန်ပစ္စည်းအမျိုးမျိုး(၁၀)ဂရမ်နှင့်အထက်စပ်လျဉ်း၍ စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်း စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍တွဲ လျက်ဖြစ်စေရေးသားဖော်ပြထားခြင်းမရှိသော၊ သက်တမ်းလွန်နေသော၊ စံချိန်စံညွှန်းများနှင့်မကိုက်ညီသော၊ FDA ထောက်ခံချက်မပါရှိသော အလှကုန်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေး အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကွင်းဆင်းစစ်ဆေးခြင်း "

               ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်စည်ပင်သာယာဈေးအတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များသို့ နိုဝင်ဘာလ (၈)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

               ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာမြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် စားသုံးသူပြည်သူများ စားသောက်ကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စည်ပင်သာယာမြို့မဈေးအတွင်းအပြင်တွင် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ရုံ(၃၁)ဆိုင် အမှတ်(၃)ရှိ ဒေါ်အေးအေးနိုင်အလှကုန်ပစ္စည်းဆိုင်နှင့် ရုံ(၃၁)ဆိုင်အမှတ်(၇/ ၈)ရှိ ဒေါ်ဝေဝေအောင် အလှကုန်ပစ္စည်းဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးတို့၌ သက်ဆိုင်ရာဌာနများဖြစ်သော အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ခွင့်ပြုချက်ပါရှိခြင်းရှိ/ မရှိ၊ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

DOCA(ရန်ကုန်)

ကြံခင်းမြို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

                စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၈.၁၁.၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်၊ တာကြီးတန်း၊ ရွာသစ်ရပ်ကွက်ရှိ စည်ပင်ခန်းမဆောင်၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

                ဟောပြောပွဲတွင် စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူ များအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကိုမေးမြန်း၍ စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် နိုဝင်ဘာလ(၈)ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ကော့ကပ်ကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသောမုန့်ဆိုင်များအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ကွင်းဆင်းခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင်ရက်လွန်ခြင်း၊ မှိုတက်ခြင်းများ ရောင်းချမှုရှိ/ မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိ၊ သတ်တမ်းလွန်ကုန်စည်များရောင်းချခြင်းရှိ/ မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

              စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍(၈.၁၁.၂၀၂၄)နေ့ နေလယ်(၁၃:၃၀)နာရီအချိန်တွင် ကြံခင်းမြို့၊ သစ်ဆိမ့်ကိုင်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့်  စာဖတ်ရှိန်မြှင်တင်ရေး  အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

               အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက အစားအသောက်များတွင်ပါဝင်သော ဓါတုဆိုးဆေး၏ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့်လူသုံးကုန်ပစ္စည်းများဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ အဓိကဖက်ရှု့ရမည်ဖြစ်ကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာပေ၏အကျိုးကျေးဇူးများအကြောင်းအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ညနေ(၁၅:၀၀) အချိန်တွင် ဟောပြောပွဲကိုရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်စပါး၊ ပဲ၊ နှမ်း ပွဲရုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၇) ရက်၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ကြံခင်းမြို့ပေါ်ရပ်ကွက်ရှိ ဆန်၊ ပဲ၊ နှမ်းပွဲရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍  ကွင်းဆင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက  စပါးဝယ်ယူရရှိမှုနှင့် ဖြန့်ဖြူးထုတ်လုပ်မှုအခြေအနေ၊ ထုတ်လုပ်သောကုန်စည်များအရည်အသွေးပြည့်မီစေရေး၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ပဲ၊ နှမ်းရောင်းဝယ်မှုအခြေအနေ၊ လုပ်သားအင်အား၊ ဖြန့်ဖြူးမှုအခြေအနေများကိုဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက်မှလည်း လုပ်သားရှားပါးမှုနှင့် စပါးဈေး၊ ပဲဈေးနှုန်းနှင့် နှမ်းဈေးနှုန်းဈေးကွက်၊ အရောင်းအဝယ်ဖြစ်မှု အခြေအနေများအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“IQ” သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

        ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ရပ်ကွက် (၄) အတွင်းရှိ “IQ” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်နှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “IQ” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်များနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

         ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ဆွေးနွေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့‌ကြောင်းပါသည်။

DOCA(ရှမ်း)

 

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်၊ အကြီးတန်းစာရေးတို့သည်  ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ ကျပ်သားတို့ကို ဖော်ပြထားခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသောစားသုံးဆီများ၊ တရားမဝင်တင်သွင်းလာသောစားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး  စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်၏ မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ (၂၆)ပေပါ (သို့) ၂၈၆၀ ပိဿာရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားဖြစ်ကြောင်း၊ လက်လီ/ လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/ လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

 

Pages

Subscribe to RSS - HighLight News