HighLight News

Powered by Drupal

အလှကုန်ပစ္စည်းအမျိုးမျိုး(၁၀)ဂရမ်နှင့်အထက်အား ကွင်းဆင်းစစ်ဆေးခြင်း

               ၁၃.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ သန့်စင်စတိုးသို့ အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ်နှင့် အထက်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂၃)၊ လှိုင်မြစ်လမ်း၊ ကွက်သစ်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ သန့်စင်စတိုး၌ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်း(၁၀)ဂရမ်နှင့် အထက်စစ်ဆေးခဲ့သည့် ကုန်ပစ္စည်းများမှာ HERALLINES၊ BELLA၊ CUTE PRESS၊ Misting၊ IODERN၊ Anytime၊ Blue Lady၊ ရွှေပြည်နန်း၊ တောင်ကြီးမောက်မယ်တို့တွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ပါရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ရာ အမှတ်တံဆိပ်ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် မြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် နိုဝင်ဘာလအတွက် သင့်တင့်မျှတသောဆန်ဈေးကွက်ဈေးနှုန်းဖြင့်  Super Market, Mini Mart, Grocery  တို့တွင်  Consumer Packaging ပြုလုပ်ရောင်းချနေသောဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် ဈေးမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်၊၊

              ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာမှာ ၁၄.၁၁.၂၀၂၄ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ် Capital Supermarket နှင့် သင်္ဃန်းကျွန်းမြို့နယ် Junction(ဇဝန)တို့ရှိ အရောင်းစင်တာများရှိ ဆန်ဈေးနှုန်းများကိုစစ်ဆေးခဲ့ပြီး၊ တာဝန်ရှိသူအား စားသုံးသူပြည်သူများသို့ ဆန်များရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာရောင်းချပေးရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဒလမြို့နယ်ရပ်ကွက်များရှိအလှကုန်ပစ္စည်း အရောင်းဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကွင်းဆင်းစစ်ဆေးခြင်း ”

               ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ရှိရပ်ကွက်များတွင် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များသို့ နိုဝင်ဘာလ (၁၂) ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကွင်းဆင်းခဲ့ကြောင်းသိရသည်။

                ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာမြို့မဈေးတာဝန်ခံနှင့်စားသုံးသူရေးရာဦးစီးမှ မြို့နယ်တာဝန်ခံတို့သည် စားသုံးသူပြည်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့အား ဝယ်သူသုံးစွဲရာတွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဒလမြို့နယ်ရပ်ကွက်များရှိ အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေသည့်ကုန်စုံဆိုင်များအား အလှကုန်ပစ္စည်းအမျိုးမျိုးတို့၌ သက်ဆိုင်ရာဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ခွင့်ပြုချက်ပါရှိ/ မရှိ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော,ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်ရပ်ကွက်များရှိအလှကုန်ပစ္စည်း အရောင်းဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကွင်းဆင်းစစ်ဆေးခြင်း ”

              ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိရပ်ကွက်များတွင် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များသို့ နိုဝင်ဘာလ (၁၃) ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကွင်းဆင်းခဲ့ကြောင်းသိရသည်။

                ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာမြို့မဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးမှ မြို့နယ်တာဝန်ခံတို့သည် စားသုံးသူပြည်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့အား ဝယ်သူသုံးစွဲရာတွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် တွံတေးမြို့နယ်ရပ်ကွက်များရှိ အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေသည့် ကုန်စုံဆိုင်များအား အလှကုန်ပစ္စည်းအမျိုးမျိုးတို့၌ သက်ဆိုင်ရာဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ခွင့်ပြုချက်ပါရှိ/ မရှိ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်တွင် အွန်လိုင်းရောင်းချမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း Talk Show ပြုလုပ်ခြင်း”

               ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ နိုဝင်ဘာလ(၁၃)ရက်နေ့၊ နေ့လယ် (၁၁း၃၀) အချိန်တွင် အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

                  အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ သုံးခွမြို့နယ်တာဝန်ခံဒေါ်စန်းစန်းမော်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်ဆွေတို့သည် အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်အလက်များ၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများစိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ဆောင်ရွက်နေမှုများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကိုဝယ်ယူရာ၌ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း ဆွေးနွေးခဲ့သည်ဟုသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်၌ ဈေးကွက် အတွင်း ရောင်းချနေသော အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်း "

              ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ညွှန်ကြားချက်အရ ဦးစားပေးကုန်စည်(၁၀)မျိုးတို့တွင် နိုဝင်ဘာလအတွင်းစစ်ဆေးရမည့် (၁၀) ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများအား စစ်ဆေးနိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်း အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

                ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချသောဆိုင်များဖြစ်သည့် “နှင်းဆီမ”အလှကုန်ဆိုင်၊ “ဒေါ်ငြိမ်းငြိမ်းဆု”အလှကုန်ဆိုင်နှင့် “နွေးနွေး” အလှကုန်ဆိုင်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် Pond’sအမှတ်တံဆိပ် မျက်နှာလိမ်းခရမ်အမျိုးမျိုး၊ Bella အမှတ်တံဆိပ် မျက်နှာလိမ်းခရမ်များနှင့် တောင်ကြီးမောက်မယ်အမှတ်တံဆိပ် သနပ်ခါးဗူးများ၊ All Sweet အမှတ်တံဆိပ် ကိုယ်လိမ်းပေါင်ဒါဗူးများကို အများအားဖြင့်တွေ့ရှိရပြီး ၎င်းအလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ကွမ်းခြံကုန်းမြို့နယ်တာဝန်ခံက ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအား အလှကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော အလှကုန်ပစ္စည်းများကိုသာရောင်းချကြရန် ဈေးဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်း "

                ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ (၁၂) ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ခရမ်းမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

               အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူသားတို့ဘဝတွင် လူငယ်ဘဝသည်အရေးကြီးဆုံးဖြစ်၍ လူငယ်ဘဝကတည်းက နိုင်ငံကိုချစ်မြတ်နိုးစိတ်၊ တိုင်းရင်းသားအချင်းချင်းချစ်ကြည်ရင်းနှီးစွာနေထိုင်လိုစိတ်တို့ရှိနေရမည်ဖြစ်ကြောင်း အထူးသဖြင့် ပြည်ထောင်စုစိတ်ဓာတ်များလွှမ်းခြုံထားရမှာဖြစ်ပြီး ပြည်စုထောင်စုစိတ်ဓာတ်ရှိသည့် လူငယ်မောင်မယ်များသည် လူကြီးအရွယ်ရောက်သည့်အခါ နိုင်ငံတော်၏အနာဂတ်ကို လှပအောင်ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးကနိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များပေါများခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံပြီး ပညာတတ်များနှင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ်တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းအကောင်အထည်ဖော်ဆောင်လျှက်ရှိကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ ကုန်စည်(သို့)ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းမပြုမှီ သတိပြုရမည့်အချက်များအား အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူးက တိုင်းရင်းဆေးအကြောင်းသိကောင်းစရာများ ဆွေးနွေးပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနကလည်း အားကစားကဏ္ဍမြင့်မားတိုးတက်စေရေးအား နိုင်ငံတော်အနေဖြင့် ကြိုးပမ်းလုပ်ဆောင်နေကြောင်း အခြေခံပညာကျောင်းများတွင် အားကစားထူးချွန်သူများပေါ်ထွန်းလာရေးကိုရည်ရွယ်လျှက် အားကစားကွင်းများအား အဆင့်မြင့်မြင့်တည်ဆောက်ပေးလျက်ရှိကြောင်း မည့်သည့်ဘာသာရပ်မဆို ထူးချွန်တတ်ကျွမ်းထားလျှင် အသက်မွေးဝမ်းကြောင်းအတွက် ခိုင်မာစွာရပ်တည်နိုင်မည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရေတာရှည်မြို့တွင် စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် နိုဝင်ဘာလ ၁၁ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      မြို့နယ်တာဝန်ခံသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများထိခိုက်နစ်နာမှုမရှိစေရန် သိကောင်းစရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် စားသုံးသူရေးရာ ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ အွန်လိုင်းတွင် ဈေးဝယ်ယူခြင်းနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို အသိပညာပေးပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့်ဆွေးနွေးခဲ့ပါသည်။

             စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် စာပေဝါသနာရှင်(၈)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

      အခြေခံပညာကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့်အတူ အောက်တိုဘာလ ၂၃ရက်နေ့၊ နံနက်ပိုင်းတွင် ဖြူးမြို့နယ်၊ ကညင်မြောင် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဌာခွဲစာရေး ဒေါ်ပပလင်းက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန် အရေးကြီးပုံများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာဆိုင်ရာများကိုလည်းကောင်း အသိ ပညာပေးဟော​ပြောခဲ့ပါသည်။

         မွန်းလွဲပိုင်းတွင် ဖြူးမြို့နယ်၊ ခင်ဝိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းသည် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း၊ ကညင်မြောင် အခြေခံပညာအလယ်တန်းကျောင်းခွဲဟောပြောပွဲတွင် ကျောင်းသား/ ကျောင်းသူ(၁၀၀)ဦးနှင့် ခင်ဝိုင်း အခြေခံပညာမူလတန်းလွန်ကျောင်းဟောပြောပွဲတွင် ကျောင်းသား/ ကျောင်းသူ (၈၅) ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ်၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို၊ ဈေးတာဝန်ခံ ဦးတိုးအောင်၊ ‌စျေးအတွင်းရှိ တာဝန်ရှိသူများပူးပေါင်း၍  ( ၁၁-၁၁-၂၀၂၄ ) ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် တိုင်းရင်းဆေးရောင်းဝယ်ရေးဆိုင်များသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ( ၁၈ )ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။ 

DOCA(ပဲခူး)

 

Pages

Subscribe to RSS - HighLight News