HighLight News

Powered by Drupal

ပဲခူးမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပဲခူးမြို့ပေါ်ရှိကုန်စုံဆိုင်များအား ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းနှင့် တာဝန်ရှိဝန်ထမ်းများက ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသောကုန်စည်နှင့် ဝန်ဆောင်မှုများဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

အ.ထ.က (၃)လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၁.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၀:၄၅)အချိန်တွင် အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်သာယာမြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းသို့ ကျောင်းအုပ်ဆရာမကြီးနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

              အဆိုပါ မုန့်ဈေးတန်းသို့ သွားရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များပြောကြားခဲ့ပြီး ရောင်းချနေသောမုန့်များမှာ CHEESE STICK (ချိစ် အရသာပေါင်မုန့်)၊ EASY BITES (ချောကလက်အရသာပေါင်မုန့်)၊ Young JIAN (ဆော့ဟမ်ဘာကာ) နှင့် ဆီကြော်ပေါင်မုန့်၊ ဦးဦးဇီးထုပ်(မရမ်းပေါင်းအစပ်)တို့အတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

 DOCA(ရန်ကုန်)

ပဲခူးမြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

       ပဲခူးတိုင်းဒေသကြီး ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများစိစစ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် (၂၁-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသောဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့်ရေးသားဖော်ပြ၍ရောင်းချရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သနပ်ပင်မြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

        ပဲခူးတိုင်းဒေသကြီး ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများစိစစ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် (၂၁-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၂၀)နာရီအချိန်တွင် သနပ်ပင်မြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့်ရေးသားဖော်ပြ၍ရောင်းချရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းမေးမြန်းဆောင်ရွက်

             ၁၉.၁၁.၂၀၂၄ ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးအတွင်း အခြေခံစားသောက်ကုန်ရောင်းချနေသော ကုန်မျိုးစုံဆိုင်သို့သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ရောင်းချနေမှုအခြေအနေများကိုသိရှိရန် အင်းစိန်မြို့နယ်ဈေးစည်ပင်သာယာအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဈေးနှုန်းများ ငါး၊ ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားဈေးနှုန်းများ၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို ဈေးနှုန်းအတက်/ အကျရှိ/ မရှိကိုကွင်းဆင်းမေးမြန်း၍ ယခင်အပတ်တွင် အသား၊ ငါးဈေးအနည်းငယ်တက်ခဲ့ပြီး ယခုအပတ်တွင် ဈေးနှုန်းတည်ငြိမ်နေပြီး ကုန်မျိုးစုံဆိုင်များရှိ ဈေးရောင်းချသူများကို ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး ဈေးနှုန်းကောက်ယူကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ပဲခူးမြို့နယ်တာဝန်ခံတို့သည် (၂၁-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

          အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် အခြေခံစားသောက်ကုန်(၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသားငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များအားကွင်းဆင်း၍ ပစ္စည်းများပြတ်လပ်မှုရှိ/မရှိကိုစစ်ဆေးရာ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ပုံမှန်အတိုင်းအ‌ရောင်းအဝယ်ဖြစ်နေပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မှော်ဘီမြို့နယ်၊ မြို့မ(၄)ရပ်ကွက်၊ ကွက်သစ် အ.မ.က (မူလွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၁၉.၁၁.၂၀၂၄ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မ(၄)ရပ်ကွက်၊ ကွက်သစ် အ.မ.က (မူလွန်) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

            အဆိုပါ ဟောပြောပွဲတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန်၊ ကုန်စည်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် အရေးဆိုတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကိစ္စရပ်များ စုံစမ်းမေးမြန်းရန်အတွက် Call Center 1535 အား ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ဟောပြောပွဲတွင် ဆရာ/ ဆရာမ (၁၇)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၃၀)ဦး စုစုပေါင်း (၁၄၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် ၂၀-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ် ၁၄း၀၀ နာရီအချိန်တွင် သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက စိုက်ပျိုးထုတ်လုပ်သည့် သီးနှံအမျိုးအစားများ၊ တစ်နှစ်ဝင်ငွေ၊ တစ်လကုန်ကျစရိတ်၊ အကျိုးအမြတ်ရရှိမှု၊ ကြုံတွေ့ရသောအခက်အခဲများအားဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က ခြံစိုက်ဧက (၀.၈) ဧကစိုက်ပျိုးလျက်ရှိကြောင်း၊ ခြံ၌ စိုက်ပျိုးသောသီးနှံများမှာ ဒူးရင်း၊ ကြက်မောက်၊ ငရုတ်ကောင်း၊ နာနတ်တို့ကိုစိုက်ပျိုးကြောင်း၊ မြေပြုပြင်ခြင်း၊ ပေါင်းရှင်းခြင်း၊ သွင်းအားစုထည့်ခြင်းနှင့် အထွေထွေကုန်ကျစရိတ်မှာ တစ်လလျှင် (၁၅၀၀၀၀) ကျပ်ရှိကြောင်း၊ ခြံလုပ်ငန်းမှ တစ်နှစ်ဝင်ငွေအနေဖြင့် ဒူးရင်းသီးစိုက်ပျိုးခြင်းမှ ကျပ်သိန်း (၁၀၀) ခန့်၊ ကြက်မောက်စိုက်ပျိုးခြင်းမှ ကျပ်သိန်း (၈၀) ကျော်ခန့်၊ နာနတ်စိုက်ပျိုးခြင်းမှ ကျပ်သိန်း (၅၀) ကျော်ခန့်၊ ငရုတ်ကောင်းစိုက်ပျိုးခြင်းမှ ကျပ် (၁၀) သိန်းခန့်၊ စုစုပေါင်း တစ်နှစ်ပျမ်းမျှဝင်ငွေ ကျပ်သိန်း (၂၄၀-၂၅၀) ခန့်ရရှိကြောင်း၊ သီးနှံများကို မွန်ပြည်နယ်အတွင်း ရောင်းချကြောင်း၊ အခက်အခဲအနေဖြင့် မတည်ရင်းနှီးငွေအခက်အခဲရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

DOCA(မွန်)

ပြည်နယ်ဦးစီးမှူးမှ “ရွှေကြက်ဖ” အမှတ်တံဆိပ် ဆန်ကြာဇံလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည်   ၂၀-၁၁-၂၀၂၄ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ “ရွှေကြက်ဖ” အမှတ်တံဆိပ် ဆန်ကြာဇံလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ ကုန်ထုတ်လုပ်မှုအခြေအနေ၊ ကုန်ကြမ်းသုံးစွဲမှု၊ စက်လည်ပတ်သည့်ကာလ၊ လုပ်သားအင်အား၊ တစ်နေ့ထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေ၊ အမြတ်ရရှိမှု၊ ကြုံတွေ့ရသောအခက်အခဲများအား ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က “ရွှေကြက်ဖ” ဆန်ကြာဇံလုပ်ငန်းကို ၂၀၀၄ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ကြောင်း၊ တစ်နှစ်လျှင် စက်လည်ပတ်ချိန် (၅) လသာလည်ပတ်၍ ကျန်သည့်လများတွင် ရပ်နားထားရကြောင်း၊ တစ်နေ့လျှင် ဆန်ကြာဇံ (၅၀၀) ပိဿာထုတ်လုပ်ကြောင်း၊ ဆန်ကြာဇံထုတ်လုပ်ရန် ကုန်ကြမ်းအနေဖြင့် ဆန်ကို အဓိကထားကြောင်း၊ တစ်နေ့ထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၂၅) သိန်းကုန်ကျကြောင်း၊ ကြာဇံ (၅) ပိဿာတစ်ထုပ်လျှင် (၃၀၀၀၀) ကျပ်ဖြင့်ရောင်းချရာ တစ်နေ့လျှင် ပျမ်းမျှအမြတ်ငွေ (၅) သိန်းခန့်ကျန်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မွန်ပြည်နယ်အတွင်းသာရောင်းချကြောင်း၊ လုပ်သားအင်အား (၂၅) ဦးအား အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း၊ အခက်အခဲအနေဖြင့် မတည်ရင်းနှီးငွေလိုအပ်လျက်ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်နယ်ဦးစီးမှူးက မတည်ရင်းနှီးငွေနှင့်စပ်လျဉ်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေချေးငွေ၊ MSME ချေးငွေတို့ကို နိုင်ငံတော်မှ ထုတ်ချေးပေးလျက်ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

DOCA(မွန်)

အသင်းမှ သတ်မှတ်ထားသည့်ဆန်ဈေးထက် ဈေးမြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း

              ၁၉.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်များသို့ အသင်းမှသတ်မှတ်ထားသည့်ဆန်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးစည်ပင်သာယာ ဝန်ထမ်းများမှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)မှ ချိုမာဆန်ဆိုင်၊ ရွှေရွက်လှေ (၂)ဆန်ဆိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှ ဇွဲဆန်ဆိုင်၊ ပွင့်ဖြိုးခိုင်ဆန်ဆိုင်၊ အင်းစိန်ဈေးမှ ဦးကိုကိုကြီးဆန်ဆိုင်၊ ပြည့်ဝဆန်ဆိုင်နှင့် ရွှေဆန်းလွင်ဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧည့်မထ၊ ရက်(၉၀)၊ ဇီယာ၊ ပေါ်ဆန်းမွှေး၊ ဖန်သီးသုခ၊ ဆင်းသုခ၊ ဧရာပဒေသာ၊ အညာသား၊ မနောသုခနှင့် ဆင်းသွယ်အမျိုးအစားအားလုံးတို့တွင် အသင်းမှသတ်မှတ်ထားသော ဆန်ဈေးထက်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News