HighLight News

Powered by Drupal

ကြို့ပင်ကောက်မြို့တွင် အခြေခံစားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့မဈေး (၂) အတွင်းရှိ ကုန်စုံဆိုင်များသို့ (၂၁-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စားအုန်းဆီခွဲတမ်းရရှိသည့်ဆီများရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်မရောင်းချရန်၊ အလေးချိန်မှန်ကန်စွာရောင်းချပေးရန်ပြောကြားခဲ့ပါသည်။ ထို့နောက် ပါကင်ဆီဘူးများကိုလည်း ၁/၂၀၂၁ ခုနှစ် ညွှန်ကြားချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသည့် ဆီများကိုသာရောင်းချကြရန် အသိပညာပေးပြောကြာခဲ့ပြီး အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေကိုသိရှိရန် ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)

လက်ပံတန်းမြို့ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၁-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိကို စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့်ဝန်ထမ်းများက ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။ စားသုံး သူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များကိုသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခဲ့ပြီးနောက် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့နယ်(အ.လ.က) ဗောဓိပင်ကျောင်း၌ စားသုံးသူအသိပညာပေးဟောပြောခြင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အ.လ.က.ဗောဓိပင်ကျောင်း၌ (၂၁-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနအဖွဲ့နှင့် ဆရာ/ ဆရာမ(၁၀)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၆၀)ဦးတို့အား အသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ “သန့်ရှင်းသောကမ္ဘာမြေကြီးဖြစ်ဖို့ စနစ်တကျအမှိုက်စွန့်ပစ်ဖို့” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ ထို့နောက် စည်ပင်ဌာနမှ (3Rs Reuse,Reuse,Recycle) စနစ်အကောင်အထည်ဖော်ဆောင်နိုင်ရေးအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်က အစားအသောက်များဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူစားသောက်ရေး အလေ့အကျင့်ကောင်းများရရှိစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ Online မှ တစ်ဆင့်ဝယ်ယူခြင်းနှင့်ပတ်သတ်၍ သိကောင်းစရာများအကြောင်းကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး သန့်ရှင်းလတ်ဆတ်သော အစားအေသောက်များကို ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့ ငွေကြယ်မုန့်မျိုးစုံထုတ်လုပ်ငန်းအားကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ဈေးချိုတောင်ရပ်ကွက်၊ သဲတန်းလမ်းရှိ ငွေကြယ်မုန့်မျိုးစုံထုတ်လုပ်ငန်းအား (၂၁-၁၁-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့တို့ ကြည့်ရှုစစ်ဆေးရာ MSMEs လုပ်ငန်းတစ်ခုဖြစ်သော ငွေကြယ်မုန့်လုပ်ငန်းအနေဖြင့် စားသောက်ကုန်ဖြစ်သည့်အတွက် စားသုံးသူများဘေးကင်းလုံခြုံရေးအား အထူးအလေးထားရန်၊ ထုတ်ပိုးမှုစနစ်များပြုပြင်ဆောင်ရွက်သွားရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ၏ထောက်ခံချက်ရရှိရေး ဆောင်ရွက်နိုင်ရန်တို့ပြောကြားခဲ့ပြီး MSMEs လုပ်ငန်းအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးယူရရှိထားမှု၊ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ထားခြင်းကြောင့် လုပ်ငန်းတွင်လိုအပ်သည့် အဆင့်မြင့်စက်ပစ္စည်းများကိုဝယ်ယူထားနိုင်ကြောင်း၊ ထုတ်ကုန်များကို တိုးမြင့်ထုတ်လုပ်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်နှင့်အညီ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်ကပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဆောင်ရွက်ထားပြီးကြောင်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)

နတ်တလင်းမြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် မြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၁-၁၁-၂၀၂၄)ရက်နေ့၌ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် နိုဝင်ဘာလအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထုတ်ပြန်ထားသော ဈေးနှုန်းများအပေါ် ဈေးမြှင့်တင်ရောင်းချမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် နတ်တလင်းမြိုနယ်အတွင်းရှိ တော်ဝင်ဆန်ဆိုင်၊ ကသစ်ဆန်ဆိုင်၊ ရတနာမင်းဆန်ဆိုင်၊ ဓူဝံကြယ်ဆန်ဆိုင်များရှိ ဆန်ဈေးနှုန်းများကိုစစ်ဆေးခဲ့ပြီး ဆန်ဆိုင်များအနေဖြင့် စားသုံးသူများသို့ ဆန်များရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် အချင်အတွယ်နှင့် အရည်အသွေးပြည်မီစွာရောင်းချရေး အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြော

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၁-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

        အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးသည် စာအုပ်စာပေလူမိတ်ဆွေ ဆိုသည့်အတိုင်း ကျောင်းသား/ကျောင်းသူများ စာဖတ်ခြင်းနှင့် စာအုပ်စာပေလေ့လာခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကိုဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၉)၊ ပုဒ်မ (၁၉)မှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် စားသုံးသူ၏ နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ကို တိုင်ကြားလိုပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို အသိပညာပေးရှင်းလင်းဟောပြောခဲ့ရာ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၇၅)ဦးတက်ရောက်ကာ ဟောပြောပွဲအား နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ဈေးကွက်အတွင်း ပေါင်မုန့်အမှတ်တံဆိပ်အမျိုးမျိုး ဈေးကွက်စောင့်ကြည့်ခြင်း

             ၂၀.၁၁.၂၀၂၄ ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ 1 Stop Mart သို့ ပေါင်မုန့်အမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၄၂/၄၆)လမ်းသစ်လမ်းပေါ်ရှိ 1 Stop Mart မှ Supervisor ကိုမျိုးခိုင်ဦးမှ ပူးပေါင်းပါဝင်၍ ပေါင်မုန့်အမျိုးမျိုးဖြစ်သော Goodmorning(ပဲနီပေါင်မုန့်)၊ Pucci (မုန်လာဥနီပေါင်မုန့်၊ စပါရှယ်ပူတင်းပေါင်မုန့်)၊ May San (ချိစ်ပေါင်မုန့်)၊ Diamond (ရွေနို့မလိုင် ပေါင်မုန့်)၊ Moe (အုန်းသီးပေါင်မုန့်)၊ Fundo (ရွှေပဲလုံး)နှင့် SP-Bakery (နို့ပေါင်မုန့်)များတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၁.၁၁.၂၀၂၄ ရက်နေ့ နေ့လယ်(၁၂:၁၅)နာရီအချိန်တွင် အမှတ်(၁၆)၊ အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ရှိပုလဲခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးထွန်းလွင်လေးက အသိပညာအတတ်ပညာပြည့်စုံပြီး ပညာတတ်များနှင့်သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန်အတွက် အရည် အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ်တိုးတက်ရေးကိုလည်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ (၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုတို့ ဝယ်ယူအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများကို  အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲတွင် ဆရာ/ ဆရာမ(၁၇)ဦး၊ ကျောင်းသား/ ကျောင်းသူ(၃၂၄) ဦး စုစုပေါင်း (၃၄၁)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ငူမြို့ မူလွန်တံတားဦးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးတို့သည် (၂၁-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်ပိုင်းတွင် တောင်ငူမြို့၊ တံတားဦး အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်ချက်များ၊ စားသုံးသူပြည်သူများကိုယ်တိုင် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက ဌာနသို့တိုင်ကြား၍ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပုံများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

         ဆက်လက်၍ အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များကို ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၁၆၃ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အ.ထ.က(၃)ရှိ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၁.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းခိုင်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များပေါများခြင်းပင်ဖြစ်ကြောင်း၊ အရည်အသွေးပြည့်ဝသည့်ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးက ဌာန၏‌မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲတွင် ဆရာ/ ဆရာမ(၈)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၀၇) ဦး စုစုပေါင်း (၁၁၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News