ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဘင်္ဂလားဒေရှ်နိုင်ငံ၏သကြားအကောက်အခွန်များလျှော့ချပြီးနောက် ဈေးနှုန်းများ ၁၄ Tk ကျဆင်းနိုင်

ဘင်္ဂလားဒေရှ်နိုင်ငံ၏ အမျိုးသားအခွန်များဘုတ်အဖွဲ့ (NBR) သည် လက်ရှိ သကြားတင်သွင်းမှုဆိုင်ရာစည်ကြပ်ခွန်ကို ထက်ဝက်လျော့ချခဲ့ပြီး ၎င်းအား ၁၅ရာခိုင်နှုန်းအထိလျော့ချခဲ့ကြောင်းသိရသည်။ မသန့်စင်သောသကြားများအပေါ် တင်သွင်းခွန်ကို တစ်ကီလိုလျှင် ၁၁.၁၈ Tk (Tk= Bangaladesh Taka) လျှော့ချလိုက်ပြီး သန့်စင်ပြီးသကြားအား တစ်ကီလိုလျှင် ၁၄.၂၆ Tk လျှော့ချလိုက်ကြောင်း NBR က အောက်တိုလာလ ၉ရက်နေ့ (ဗုဒ္ဓဟူး‌နေ့)တွင်ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများ၊ နိုင်ငံရေးမတည်ငြိမ် မှုများ၊ ငွေတန်ဖိုးကျဆင်းမှု၊ မကြာသေးမီက ကျောင်းသားအုံကြွမှုနှင့် ရေလွှမ်းမိုးမှုများကြောင့် ကလေးစားသောက်ကုန်များအပါအဝင် ကုန်ပစ္စည်းတချို့၏ ဈေးနှုန်းများမြင့်တက်လာခဲ့သည်။ ယင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် NBR သည် အလုံးစုံအခြေအနေအား ခွဲခြမ်းစိတ်ဖြာပြီးနောက် သန့်စင်ထားသောသကြားနှင့် မသန့်စင်ထားသောသကြားနှစ်မျိုးလုံးအား အခွန် ၃၀ရာခိုင်နှုန်းမှ ၁၅ရာခိုင်နှုန်းသို့လျှော့ချခြင်းဖြင့် ဈေးကွက်ဈေးနှုန်းတည်ငြိမ်အောင်ကူညီဆောင်ရွက်ရန် အစပျိုးလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သက်ဆိုင်ရာ NBR ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး၏ Business Standard သို့ပြောကြားချက်အရ လက်ရှိ သကြားတစ်တန်ကို တင်သွင်းသောအကောက်ခွန်သည် ၃၀၀၀ Tk ရှိကြောင်း စည်းမျဉ်းခွန် ၃၀ရာခိုင်နှုန်း (ယခု ၁၅ရာခိုင်နှုန်းသို့လျှော့ချ) အပြင် ၁၅ရာခိုင်နှုန်းတန်ဖိုးထပ်တိုးခွန် (VAT) နှင့် ကြိုတင်ခွန် ၅ရာခိုင်နှုန်းတို့လည်းရှိကြောင်းသိရသည်။ NBR ၏အဆိုအရ ဤဆုံးဖြတ်ချက်သည် အောက်တိုဘာလ ၈ရက်နေ့မှစတင်အသက်ဝင်မည်ဖြစ်သည်။ ထို့ပြင် ဤလှုပ်ရှားမှုသည် တရားမဝင်သကြားမှောင်ခိုမှုတိုက်ခိုက်ရေးကို တွန်းအားပေးရာရောက်ပြီး တရားဝင်တင်သွင်းမှုကိုအားပေးရာရောက်ကြောင်း NBR မှ ယုံကြည်ထားသည်။ ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုနှင့် အကောက်ခွန်ကော်မရှင်သည် မကြာသေးမီက NBR သို့ စာတစ်စောင်ပေးပို့ခဲ့ပြီး သကြားအကောက်ခွန်လျှော့ချရန် တောင်းဆိုခဲ့သည်။ Source: tbsnews.net DOCA(ရန်ကုန်)

လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ကုန်သွယ်ရေးကို အမေရိကန်ဒေါ်လာ ၁၁ဘီလီယံထိတိုးမြင့်

ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဖြစ်သူ Pichai Naripthaphan နှင့်လာအိုနိုင်ငံစက်မှုမှုနှင့် စီးပွားကူးသန်းဝန်ကြီးဖြစ်သူ Malaythong Kommmasith တို့၏ အပြန်အလှန်ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံသည် အပြန်အလှန်စီးပွားရေးနှင့်ကုန်သွယ်ရေးပူပေါင်းဆောင်ရွက်ရေး၊ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရေးတို့တွင် ပိုမိုအားကောင်းရန် သဘောတူညီခဲ့ကြပြီး ၂၀၂၅ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၁ဘီလီယံထိရောက်ရှိရန် ပစ်မှတ်ထားနေကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည် လာအိုနိုင်ငံ၏ အဓိကကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၂၃ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၆၃ ဘီလီယံရှိခဲ့ကြောင်းသိရပါသည်။ Mr.Pichai က ထိုင်းကုန်ပစ္စည်းများကို လာအိုနိုင်ငံသို့ သယ်ယူပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန် ကိုဗစ်ကာလမှစတင်၍ပိတ်ထားသည့် နယ်စပ်စစ်ဆေးရေးဂိတ် ၄ခုကိုပြန်လည်ဖွင့်ပေးရန် Mr. Malaythong ကိုတောင်းဆိုခဲ့ကြောင်းပြောကြားခဲ့သည်။ ယာယီအကူးအပြောင်းကုန်သွယ်ရေးနှင့်ပတ်သက်၍ Mr.Pichai က R3A၊ R9 နှင့် R12 လမ်းကြောင်းနှင့် လာအို-တရုတ် ရထားလမ်းတို့မှတစ်ဆင့် ထိုင်းကုန်ပစ္စည်းများအား နယ်စပ်ဖြတ်ကျော်၍ တရုတ်နှင့်ဗီယက်နမ်သို့ တင်ပိုရာတွင် လွယ်ကူချောမွေ့စေရေးအတွက် လာအိုကိုတောင်းဆိုခဲ့ကြောင်းသိရပါသည်။ Mr.Pichai က ထိုင်းမှထရပ်ကားများ လာအိုကိုဝင်ရောက်၍ တရုတ်သို့ သစ်သီးများတင်ပို့ရန်ခွင့်ပြုရာတွင် အကောက်ခွန်လုပ်ငန်းစဉ်များကို ဖြေလျှော့ပေးသည့်အတွက် လာအိုအစိုးရကို ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့ပြင် Mr.Pichai က နယ်စပ်စစ်ဆေးရေးဂိတ်အားလုံး၌ သယ်ယူပို့ဆောင်ခွင့်ပြုရန် လိုင်စင်အတွက်ကာလကို ၁၅ရက်မှ ၃၀ရက်အထိတိုးမြှင့်ပေးရန် လာအိုအာဏာပိုင်များကိုတောင်းဆိုခဲ့ကြောင်းသိရပါသည်။ လာအိုအစိုးရကလည်း လမ်းကြောင်း ၃ခုလုံးတွင်နယ်စပ်ဖြတ်ကျော်နှင့် ယာယီအကူးအပြောင်းကုန်သွယ်ရေးနှစ်ခုလုံးတွင် လွယ်ကူချောမွေ့စေရန်နှင့် သယ်ယူပို့ဆောင်ခွင့်လိုင်စင်အတွက် ကာလကိုတိုးမြှင့်ပေးရန် ကတိပြုခဲ့ကြောင်းသိရပါသည်။ ထိုဆွေးနွေးပွဲသည် အာဆီယံ၏ ဒစ်ဂျစ်တယ်စီးပွားရေးမူဘောင်သဘောတူညီချက် (DEFA) ပြီးမြောက်ရေး တွန်းအားပေးဆောင်ရွက်ရန်နှင့် ၂၀၂၄ခုနှစ်တွင် ဆွေးနွေးမှု၏ ၅၀ရာခိုင်နှုန်းပြီးမြောက်ရန် ရည်ရွယ်ကြောင်းလည်းသိရပါသည်။ ထိုကနဦးစတင်မှုသည် လာအို MSME လုပ်ငန်းများ e-commerce သို့ ပိုမိုဝင်ရောက်နိုင်မည်ဖြစ်ကာ လာအို၏ကုန်သွယ်မှုတန်ဖိုးမြင့်တက်ရန် ကူညီပေးနိုင်မည်ဟုသိရပါသည်။ Mr.Pichai က ထိုင်းနိုင်ငံသည် လာအိုနိုင်ငံအား စိုက်ပျိုးရေးထုတ်ကုန်များ၊ ကုန်သွယ်မှုမြှင့်တင်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာထောက်ပံ့ခြင်းတို့တွင် ကူညီပံ့ပိုးသွားမည်ဟုပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံလုံးသည် လာအို၏ကုန်သွယ်ရေးလိုငွေပြမှုကိုဖြေရှင်းရာတွင် ကူညီရန် လာအိုထုတ်ကုန်များ ဝယ်ယူမှုမြှင့်တင်ခြင်း၏အရေးပါမှုနှင့် လာအိုတွင် ပြည်တွင်းထုတ်လုပ်မှုကိုတွန်းအားပေးရန် အရေးထားခဲ့ကြကြောင်းသိရပါသည်။ Source: Bangkok post DOCA(ရန်ကုန်)

တရုတ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့မှ ထုတ်လုပ်သော သံပြားတချို့အပေါ် ရင်းနှီးမြှုပ်နှံမှုတိုက်ဖျက်ရေးအခွန်စည်းကြပ်မည့် အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံသည် တရုတ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့မှ ထုတ်လုပ်သော သံပြားထုတ်ကုန်ပစ္စည်းတချို့ကို လာမည့်သတင်းပတ်မှစတင်၍ ရင်းနှီးမြှုပ်နှံမှုတိုက်ဖျက်ရေးအခွန်စည်းကြပ်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္လာနေ့ (အောက်တိုဘာ ၇ရက်နေ့) ကထုတ်ပြန်ခဲ့သည်။ အခွန်စည်းကြပ်မှသက်ရောက်မည့် ကုန်ပစ္စည်းများအားလုံးတင်သွင်းမှုအပေါ် အခွန် ၄.၄ ရာခိုင်နှုန်းမှ ၇.၉ ရာခိုင်နှုန်းအထိကောက်ခံမည်ဖြစ်ပြီး ကုန်ပစ္စည်းများအပေါ် ချမှတ်ထားပြီးဖြစ်သည့် အထွေထွေသွင်းကုန်ခွန် သို့မဟုတ် အခြားအခွန်များကိုလည်းကောက်ခံမည်ဖြစ်ကြောင်း စာတမ်းတွင်ဖော်ပြထားသည်။ လုပ်ငန်းတာဝန်များကို အောက်တိုဘာလ ၁၄ရက်နေ့မှ ၂၀၂၉ခုနှစ်အထိကျင့်သုံးမည်ဖြစ်သည်။ အဆိုပါသံပြားများမှ သံပြား သို့မဟုတ် အလွိုင်းမဟုတ်သော သံမဏိဖြင့်ပြုလုပ်ထားသော သို့မဟုတ် သံဖြူဖြင့်ဖုံးအုပ်ထားသော သံပြားထုတ်ကုန်များကို ဆက်လက်စွန့်ပစ်ခြင်းအလေ့အကျင့်ကြောင့် ဆုံးရှုံးနစ်နာမှုများမှ အပြည့်အဝပြန်လည်ကောင်းမွန်ခြင်းမရှိသော ပြည်တွင်းစက်မှုလုပ်ငန်းများအား စုံစမ်းစစ်ဆေးပြီးနောက် အခွန်စည်းကြပ်မှုဆောင်ရွက်ရန် လိုအပ်သည်ဟုမှတ်ယူခဲ့ခြင်းဖြစ်သည်။ တရုတ်ကုမ္ပဏီ ၅ခုအပါအဝင် ကုမ္ပဏီ ၉ခုထက်မနည်း အမည်ပေးထားကြောင်း စာရွက်စာတမ်းများအရသိရပါသည်။ Source: CAN DOCA(ရန်ကုန်)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က AI နည်းပညာပိုမိုတိုးတက်လာစေရေးအတွက် စပိန်နှင့်ပို၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်လိုလား

အင်ဒိုနီးရှား၏ စားအုန်းဆီကဏ္ဍအင်ဒိုနီးရှားရူပီး ၇၇၅ ထရီလီယံရောက်ရှိနိုင်ကြောင်း ဝန်ကြီးပြောကြား

အင်ဒိုနီးရှား၏ ကျောက်ပုဇွန်မွေးမြူရေးသည် ၂၀၃၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံထိရရှိနိုင်

အိန္ဒိယနိုင်ငံ၏တားမြစ်ချက်များ ရုပ်သိမ်းလိုက်သောကြောင့် ထိုင်းနိုင်ငံ၏ ဆန်ဖြူဈေးနှုန်းများကျဆင်း

ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က Continental တာယာကုမ္ပဏီ၏ အမေရိကန်ဒေါ်လာသန်း ၄၀၀ တန်ရင်းနှီးမြှုပ်နှံမှုကိုခွင့်ပြု

အင်ဒိုနီးရှားသည် အာရှ၏ စီးပွားရေးအင်အားသစ်ဖြစ်လာရန်အလားအလာရှိကြောင်း သမ္မတ Jokowi ပြောကြား

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ