ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်ဝယ်လိုအားလျော့နည်းလာသောကြောင့် ဆွစ်ဇာလန် နာရီတင်ပို့မှုကျဆင်း

SWISS နာရီတင်ပို့မှုသည် စက်တင်ဘာလတွင် သိသိသာသာကျဆင်းခဲ့ပြီး တရုတ်နိုင်ငံသို့တင်ပို့မှုမှာ ထက်ဝက်ကျဆင်းသွားကာ ဥရောပနိုင်ငံ၏ ရုန်းကန်နေရသော ဇိမ်ခံကုန်ပစ္စည်းကဏ္ဍအပေါ် ဖိအားများ ပိုမိုသက်ရောက်စေခဲ့ကြောင်းသိရသည်။ ဆွစ်ဇာလန်နာရီများ တင်ပို့မှုသည် စုစုပေါင်းတန်ဖိုး ၁.၉ ဘီလီယံ Swiss Franes ခန့်အထိကျဆင်းပြီး တရုတ်နိုင်ငံ၏တင်သွင်းမှုမှာလည်း ၅၀% ကျဆင်းခဲ့ကြောင်း Swiss Watch Industry အဖွဲ့ချုပ်မှ အောက်တိုဘာလ ၁၇ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ ဝယ်ယူသုံးစွဲသူများသည် ကပ်ရောဂါဖြစ်ပွားပြီးနောက်ဈေးကြီးသောနာရီများအား ဝယ်ယူမှုလျှော့ချလိုက်သောကြောင့် ဆွစ်ဇာလန်နာရီထုတ်လုပ်သူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့သည်။ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့နှင့်အတူ အာရှသို့ ရောင်းအားကျဆင်းမှုသည် လစဉ်တင်ပို့မှု ကျဆင်းမှု၏ သုံးပုံနှစ်ပုံအတွက် တွန်းအားပေးနေကြောင်း အဖွဲ့ချုပ်ကပြောကြားခဲ့သည်။ တင်ပို့မှုစုစုပေါင်းသည် ၂၀၂၃ခုနှစ် ကိုးလတာကာလထက် ၂၀၂၄ခုနှစ်တွင် ၂.၇% ကျဆင်းခဲ့ကြောင်းသိရသည်။ Rolex နှင့် Patek Philippe ကဲ့သို့သော နာမည်ကြီးအမှတ်တံဆိပ်များသည် ရောင်းအားကောင်းနေဆဲဖြစ်ပြီး ထိုအမှတ်တံဆိပ်များကို ဖယ်ထုတ်မည်ဆိုပါက ဆွစ်ဇာလန်နာရီတင်ပို့မှု ကျဆင်းမှုမှာ ပိုမိုသိသာထင်ရှားလာမည်ဟု Vontobel မှ Swiss Equity Research အကြီးအကဲ Jean-Philippe Bertschy ကပြောကြားခဲ့သည်။ Source : businesstimes DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်၌ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု တန်ချိန် ၄.၉ သန်းသို့ မြင့်တက်ဖွယ်ရှိ

ဆန်တင်သွင်းမှုအပေါ် အခွန် ၃၇ ရာခိုင်နှုန်း ဘင်္ဂလားဒေ့ရှ်အစိုးရ လျှော့ချ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရေကြီးမှုကြောင့် ဆန်တန်ချိန် ၁.၁ သန်းခန့် ထိခိုက်ပျက်စီး

ယခုနှစ် ပထမ ၉ လအတွင်း ရော်ဘာတင်ပို့မှုမှ ဒေါ်လာ ၃၉၇ သန်း ကမ္ဘောဒီးယား ရရှိ

စားသုံးဆီများတင်သွင်းမှုအပေါ် အခွန် ၅ ရာခိုင်နှုန်း ဘင်္ဂလားဒေ့ရှ်အစိုးရ လျှော့ချ

၂၀၂၅ ခုနှစ်၌ စားအုန်းဆီကြမ်းတစ်တန်လျှင် ရင်းဂစ်ငွေ ၄၀၀၀ အထိ ရရှိရန် မလေးရှား မျှော်မှန်း

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ