ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်နိုင်ငံမှ အစားအစာပို့ဆောင်ရေး Keeta ကို ကာတာနိုင်ငံတွင်ဖွင့်လှစ်

          တရုတ်နိုင်ငံမှ အော်ဒါမှာယူသည်များကို ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကုမ္ပဏီ Meituan ၏ နိုင်ငံတကာ လုပ်ငန်းခွဲဖြစ်သည့် Keeta သည် ကာတာနိုင်ငံတွင် ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း သြဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ၄င်းသည် ကမ္ဘာလုံးဆိုင်ရာ တိုးချဲ့ရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပင်လယ်ကွေ့နိုင်ငံသို့ ကုမ္ပဏီ ဝင်‌ရောက်ခြင်းကို ဖော်ပြခဲ့ ပါသည်။

          ကာတာနိုင်ငံရှိ Keeta ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Jane Liu က ကုမ္ပဏီသည် လွယ်ကူ မြန်ဆန်ပြီး ယုံကြည်စိတ်ချရစွာ ပို့ဆောင်ပေးခြင်းဖြင့် ကာတာ၏ရည်မှန်းချက် ၂၀၃၀ ကို ပံ့ပိုးရန် ကြိုးစားနေပါသည်။ ဒေသတွင်းစီးပွားရေးလုပ်ငန်းများနှင့် လည်းပူးပေါင်းလျက် ဖောက်သည်များ ပိုမိုရရှိလာအောင် လုပ်ဆောင်နေပါသည်။

          ကာတာနိုင်ငံသည် တက်ကြွသော အစားအစာယဉ်ကျေးမှုကြောင့် သာမက ဒီဂျစ်တယ် ဆန်းသစ်ပြောင်းလဲမှုနှင့် အဆင်ပြေစေရန် မျှော်မှန်းချက်ကြောင့် အရေးကြီးသော စျေးကွက် တစ်ခုဖြစ်ကြောင်း Liu ကပြောကြားခဲ့ပါသည်။အစားစာများ ဝန်ဆောင်မှုပေးရုံသာမက ကာတာ နိုင်ငံ၏ ဒီဂျစ်တယ် စီးပွားရေးကိုလည်း ထောက်ပံ့ပေးနိုင်ရန်ဖြစ်ကြောင်း ဆက်လက်ပြောကြား ခဲ့ပါသည်။

          Meituan ရဲ့ အဆိုအရ ၄င်း၏ နည်းပညာသည် နေ့စဉ်အများဆုံး အော်ဒါ ၁၅၀ ကျော်ကို ဆောင်ရွက်ပေးနိုင်ပြီး ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူသန်း ၇၇၀ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                                   

တရုတ်နိုင်ငံ၏ ထီရောင်းချမှု ရောင်းအားကျဆင်းလာ

          တရုတ်နိုင်ငံ၏ ထီလက်မှတ်ရောင်းချမှုသည် ဇူလိုင်လတွင် ယခင်နှစ်ကထက် ၅ ရာခိုင်နှုန်း ကျဆင်းလာကာ ၅၁.၉၄၉ ဘီလီယံ  (အမေရိကန်ဒေါ်လာ ၇.၃  ဘီလီယံခန့် ) ရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက သြဂုတ်လ ၁၉ ရက်နေ့က ပြောကြားခဲ့ပါသည်။

          ဇူလိုင်လတွင် အားကစားလုပ်ငန်းများကို အထောက်အကူပြုသော ထီလက်မှတ်ရောင်းရ ငွေမှာ ၃၄.၀၂၂ ဘီလီယံ ရရှိခဲ့ပါသည်။ယခင်နှစ်က ဥရောပချန်ပီယံရှစ်ကြောင့် အားကစားထီ ရောင်းအား မြင့်တက်ခဲ့သောကြောင့် ယခုနှစ်တွင် ယခင်နှစ်ကထက် ၈.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

          နိုင်ငံ၏ သက်သာချောင်ချိရေးကို ထောက်ပံ့ပေးသည့် ထီလက်မှတ်ရောင်းအားသည် ပြီးခဲ့ သည့်လက ယွမ် ၁၇.၉၂၈ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ်ကထက် ၁.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

          ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတစ်ဝန်းလုံးတွင် ယွမ် ၃၆၉.၈ ဘီလီယံ ရောင်းချခဲ့ရပြီး ယခင်နှစ်ကထက် ၁.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

          တရုတ်နိုင်ငံ၏ ထီစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေအောက်တွင် လက်မှတ်ရောင်းချခြင်းမှ ရရှိသော ရန်ပုံငွေများကို အုပ်ချုပ်ရေးဆိုင်ရာ ကုန်ကျစရိတ်များ၊ပြည်သူ့လူမှုဖူလုံရေး စီမံကိန်းများနှင့် ဆုမဲ များအတွက် ခွဲဝေထားကြောင်း သိရှိရပါသည်။

Source: Xinhua 

DOCA (ရန်ကုန်)                                                                                   

Druzhba ပိုက်လိုင်းမှ Slovakia သို့သဘာဝရေနံဆီတင်ပို့မှုများ ရပ်ဆိုင်း

          သြဂုတ်လ ၁၈ ရက်နေ့တွင် Druzhba ပိုက်လိုင်းမှတစ်ဆင့် Slovakia သို့ သဘာဝရေနံ တင်ပို့မှုကို ရပ်ဆိုင်းလိုက်သော်လည်း ၎င်း၏ပိုင်နက်အတွင်း ဖြတ်သန်းသွားလာမှုကို ထိခိုက်မှုမရှိဘဲ ဆက်လက်လုပ်ဆောင်နေကြောင်း Slovak အော်ပရေတာ Transpetrol ကပြောကြားခဲ့ပါသည်။ Hungarian နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က Ukraine ပိုက်လိုင်းအား တိုက်ခိုက်ခြင်းသည် အလွန်ပင်ရက်စက်ကြောင်းနှင့် လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့ပါသည်။  ရရှားအရာရှိများသည် ၎င်းအား ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော ထရန်စဖော်မာဘူတာရုံကို ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း နှင့် ထောက်ပံ့မှုများကို ပြန်လည်စတင်ရန်အတွက် အချိန်သတ်မှတ်ထားခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံ နိုင်ငံခြားရေးရာဒုဝန်ကြီး Andrii Sybiha က အဆိုပါစွပ်စွဲချက်ကို ပယ်ချခဲ့ပြီး ရရှားစွမ်းအင်အပေါ် မှီခိုနေသည့် Hungary နိုင်ငံအား ဝေဖန်မှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အဆိုပါရပ်တန့်မှုများဖြစ်ပေါ်နေသော်လည်း Hungary နိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ အဖွဲ့အစည်း MOL က ပြည်တွင်းထောက်ပို့မှုများသည် ကောင်းမွန်ဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Xinhua 

DOCA (ရန်ကုန်)                                                                        

၂၀၂၅ ခုနှစ်တွင် သီရိလင်္ကာတွင် နိုင်ငံခြားခရီးသည် လည်ပတ်မှုများ ၁.၅ သန်းခန့်ကျော်လွန်

           နိုင်ငံခြားရေးရာဝန်ကြီးဆိုသူ Vijitha Herath က လူမှုကွန်ရက်ပလက်ဖောင်းတွင် သီရိလင်္ကာသို့ နိုင်ငံခြားခရီးသွားဦးရေ ၁.၅ သန်းကျော် ရောက်ရှိနေပြီဖြစ်ကြောင်း တင်ပြခဲ့ပါသည်။ သီရိလင်္ကာနိုင်ငံ ခရီးသွားဖွံ့ဖြိုးမှုအာဏာပိုင်အဖွဲ့အစည်းမှ ထုတ်ပြန်သော အချက်အလက်များအရ ခရီးသွားလည်ပတ်သူဦးရေပေါင်း ၁၅၀၀၆၅၆ ဦး ရှိနေပြီဖြစ်ကြောင်း သိရပါသည်။

       နိုင်ငံခြား ခရီးသည်အများစုသည် အိန္ဒိယလူမျိုး၊ ဗြိတိန်လူမျိုး၊ ရရှားလူမျိုး၊ ဂျာမနီလူမျိုး၊ တရုတ်လူမျိုးများဖြစ်ကြောင်း သိရပါသည်။ သီရိလင်္ကာနိုင်ငံ‌‌ငွေကြေးလှဲလှယ်‌ရေးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်များအရ နိုင်ငံခြားခရီးသွားလည်ပတ်မှုမှရရှိသော ဝင်ငွေများသည် အများဆုံးဖြစ်ကြောင်း သိရပါသည်။ သီရိလင်္ကာနိုင်ငံဗဟိုဘဏ်မှ ထုတ်ပြန်သော အချက်အလက်များအရ သီရိလင်္ကာနိုင်ငံသည် ယခုနှစ် ပထမ ၇ လအတွင်းတွင် နိုင်ငံခြားခရီးသွားလည်ပတ်မှုများမှ အမေရိကန်‌ဒေါ်လာ ၂ ဘီလီယံခန့်ရရှိခဲ့ကြောင်း သိရပါသည်။

Source: Xinhua 

DOCA (ရန်ကုန်)                                                                        

ရှယ်ယာတန်ကြေး ဒေါ်လာ ၄၂ ဘီလီယံဖြင့် စတင်ဖွင့်လှစ်ခဲ့သည့် သြစတြေးလျနိုင်ငံမှ Canva

          သြစတြေးလျနိုင်ငံမှ ဂရပ်ဖစ်ဒီဇိုင်းပလက်ဖောင်း Canva သည် ယခုနှစ်အတွက် IPO ၏ အစီရင်ခံစာမထုတ်မှီတွင် ၎င်း၏ဝန်ထမ်းရှယ်ယာများကို အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံဖြင့် စတင်ရောင်းချတော့မည်ဟု ကြေညာခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ၎င်းတို့ထံတွင် အသုံးပြုနေသည့် သန်း ၂၄၀ ကျော်အတွက် AI ကိရိယာများတွင် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်နေစဥ်တွင် အဆိုပါအစုရှယ်ယာများကို ရောင်းချလိုက်ခြင်း ဖြစ်ကြောင်း သိရပါသည်။ ရန်ပုံငွေဝိုင်းမှ ဝန်ထမ်းများသည် ၎င်းတို့၏ ရှယ်ယာများကို လက်ရှိရင်းနှီးမြှုပ်နှံသူနှင့် ရင်းနှီး မြှုပ်နှံသူအသစ်များ ထံသို့ ပြန်လည်ရောင်းချနိုင်ကြောင်းသိရပါသည်။ လက်ရှိတွင် JPMorgan  သည် ရင်းနှီးမြှုပ်နှံသူအသစ်အဖြစ် ပါဝင်လျက်ရှိကြောင်း သိရပါသည်။ ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သော Canva ကုမ္ပဏီသည် ဝက်ဆိုဒ်အခြေပြု ပလက်ဖောင်းဖြစ်ပြီး ၎င်းတွင် အသုံးပြုသူများသည် ဝက်ဆိုဒ်ဖိတ်ကြားခြင်းများနှင့် မွေးနေ့ကတ်များကဲ့သို့ လူမှုကွန်ရက်တွင် ပို့စ်တင်ရန်အတွက် ဒီဇိုင်းများကို ဖန်တီးနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ ကုမ္ပဏီသည် လက်ရှိတွင် AI အားပြုကိရိယာများကို စတင်မိတ်ဆက်နေပြီး အဆိုပါ ကိရိယာများသည် အင်္ဂလိပ် ဘာသာစကားကိုအသုံးပြု၍ ဒီဇိုင်းများနှင့် ပုံရိပ်ယောင်များကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ Canva သည် ၎င်း၏ တစ်နှစ်ပတ်လုံး ဝင်ငွေလမ်းကြောင်းသည် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံခန့် ရောက်ရှိခဲ့ကြောင်း အစီရင်ခံတင်ခဲ့ပါသည်။

Source: CNA

DOCA (ရန်ကုန်)                                                                             

တရုတ်နိုင်ငံအားသွင်းချစ်ပ်ထုတ်လုပ်သည့် ကုမ္ပဏီအား ဒေါ်လာ ၄၅၇ သန်းဖြင့် ဝယ်ယူရန်စီစဥ်နေသည့် Shanghai Bright Power

          Semiconductor များထုတ်လုပ်သည့် Shanghai Bright Power ကုမ္ပဏီသည် ၎င်း၏ ထုတ်လုပ်မှုအစုစုကိုချဲ့ထွင်ပြီး ယှဥ်ပြိုင်နိုင်စွမ်းကို အဆင့်မြင့်တင်ရန်အတွက် ကြိုးမဲ့အားသွင်း ချစ်ပ်များထုတ်လုပ်သည့် ကုမ္ပဏီအား အမေရိကန်ဒေါ်လာ ၄၅၇ သန်း (ယွမ်၃.၂၈ ဘီလီယံ)ဖြင့် ဝယ်ယူရန် သဘောတူညီချက်ပြုလုပ်ခဲ့ကြောင်း သြဂုတ်လ ၁၉ နေ့တွင် ပြောကြားခဲ့ပါသည်။

          ရှန်ဟိုင်းစာရင်းဝင်ကုမ္ပဏီသည် Sichuan Yichong Technology ၏ ရှယ်ယာများကို ‌ငွေသားနှင့် အစုရှယ်ယာများထုတ်‌ပေးရန်သဘောတူညီချက်ဖြင့် ကုမ္ပဏီ၏ အစုရှယ်ယာများထံမှ ဝယ်ယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: CNA 

DOCA(ရန်ကုန်)                                                                            

တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုသည် ဇူလိုင်လအထိ နှစ်လဆက်တိုက် မြင့်တက်လာ

           ဥရောပနှင့် အာရှမှဝယ်လိုအား ကောင်းမွန်မှုကြောင့် တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုသည် ဒုတိယလဆက်တိုက်တိုးလာကြောင်း သြဂုတ်လ ၁၉ ရက်နေ့ ဖော်ပြခဲ့သည့် အစိုးရအချက်အလက်များအရ သိရသည်။ ကုန်သွယ်မှု၊ စက်မှုနှင့် စွမ်းအင်ဝန် ကြီးဌာန၏ အဆိုအရ ယခင်လတွင် ဂဏန်းတစ်လုံးစာတိုးလာခဲ့ပြီး ဇူလိုင်လတွင် မော်တော် ယာဉ်တင်ပို့မှုသည် အစောပိုင်းလကထက် ၈.၈ ရာခိုင်နှုန်း တိုးမြင့်လာကြောင်းသိရသည်။ ထိုသို့တိုးတက်မှုသည် အမေရိကန်၏ အခွန်စည်းကြပ်မှု ကန့်သတ်မှုကြောင့်ဖြစ်ပေါ် လာသော အမေရိကန်၏ ဝယ်လိုအားနိမ့်ကျသော ဥရောပနှင့် အာရှမှ ခိုင်မာသောဝယ်လိုအား မြင့်မား လာခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ အမေရိကန်သို့မော်တော်ကားတင်ပို့မှုသည် ၄.၆ ရာ ခိုင်နှုန်းမှ ၂.၃၃ ဘီလီယံ‌ဒေါ်လာသို့ ကျဆင်းသွား‌သော်လည်း ဥရောပသမဂ္ဂ (EU) နှင့် အာရှ နိုင်ငံများသို့ တင်ပို့မှုသည် နှစ်ဆတိုးလာခဲ့သည်။ ဆလွန်းကားများတင်ပို့မှုမှာ ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ဇူလိုင်လတွင် ၁၀.၇ ရာခိုင်နှုန်းတိုးလာကာ ဒေါ်လာ ၂.၀၅ ဘီလီယံအထိ တိုးလာခဲ့သည်။ ဇူလိုင်လတွင် ပြည်ပသို့တင်ပို့သည် မော်တော်ယာဉ်အရေ အတွက်မှာ၂၁၁၈၅၄ ရှိပြီး ယခင်နှစ်ကထက် ၅.၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ မော်တော် ယာဉ် အစိတ်အပိုင်းများ တင်ပို့ရောင်းချမှုမှာ ၇.၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒေါ်လာ ၁.၉၂ ဘီလီ ယံ ဖြစ်သည်။ ပြည်တွင်းစက်ရုံများတွင် ထုတ်လုပ်သည့် မော်တော်ယာဉ်အရေအတွက်သည် နှစ်စဉ်ဇူလိုင်လတွင် ၈.၇ ရာခိုင်နှုန်းတိုးလာကာ ၃၁၆၂၉၅ စီးသို့တိုးလာခဲ့သည်။ ဇူလိုင်လပြည် တွင်းထုတ်ကားများနှင့် တင်သွင်းသည့်ကားများ အပါအဝင်နိုင်ငံအတွင်း ရောင်းချသည့်ကား အ‌ရေအတွက်စုစုပေါင်းသည် ၁၃၈၅၀၃ စီးရှိကာ ယခင်နှစ်ကထက် ၄.၆ ရာခိုင်နှုန်းတိုးမြင့် လာခဲ့ကြောင်းသိရသည်။

Source: Xinhua

DOCA (ရန်ကုန်)

တရုတ်နိုင်ငံ၏ ထိပ်တန်းအရက်အမှတ်တံဆိပ်သည် ၂၀၂၅ ခုနှစ်ပထမနှစ်ဝက်တွင် အသားတင်အမြတ် ၈.၈၉ ရာခိုင်နှုန်းတိုးလာ

          တရုတ်နိုင်ငံ၏ ထိပ်တန်းအရက်ထုတ်လုပ်သူ Kweichow Moutia သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် အမြတ်ငွေ ယွမ် ၄၅.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆.၃၆ ဘီလီယံခန့်) ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၈.၈၉ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်းသိရသည်။ ယခုနှစ် ပထမ ခြောက်လတွင် ကုမ္ပဏီ၏ဝင်ငွေသည် ယွမ် ၈၉.၃၉ ဘီလီယံအထိ တစ်နှစ်ထက်တစ်နှစ် ၉.၁ ရာခိုင်နှုန်းတိုးလာကြောင်း သြဂုတ်လ ၁၉ ရက်နေ့ကထုတ်ပြန်သော နှစ်တစ်ပိုင်းနှစ်ပတ်လည် အစီအရင်ခံစာအရသိရသည်။

          အစီအရင်ခံစာအရ ကုမ္ပဏီ၏ တိုက်ရိုက်ရောင်းချမှုသည် ပထမနှစ်ဝက်တွင် ခိုင်မာသောတိုးတက်မှုကိုပြသခဲ့ပြီး ၎င်းတို့၏တိုက်ရိုက်ရောင်းချမှုလမ်ကြောင်းများမှ တစ်နှစ်ထက် တစ်နှစ် ၁၈.၆၃ ရာခိုင်နှုန်းတိုးလာကာ ယွမ် ၄၀.၀၁ ဘီလီယံအထိ တိုးလာခဲ့သည်။ တရုတ်နိုင်ငံတောင်ပိုင်း Guizhou ပြည်နယ် Maotai တွင် ပေါင်းခံထားသောထိုနာမည်ကြီးအရက်များအား ပြည်နယ်ပွဲများတွင် မကြာခဏ ဧည့်ခံတိုက်ကျွေးလေ့ရှိကြောင်း သိရသည်။

Source: Xinhua

DOCA (ရန်ကုန်)       

တရုတ်နိုင်ငံ၏ မော်တော်ယာဥ်လုပ်ငန်းသည် ဇူလိုင်လတွင် ဆက်တိုက် တိုးတက်လာကြောင်း အစီရင်ခံတင်ပြခဲ့

            တရုတ်နိုင်ငံ၏ မော်တော်ယာဥ်လုပ်ငန်းသည် ဇူလိုင်လတွင် အထွက်နှုန်းနှင့် ရောင်းအား နှစ်ခုစလုံးတွင် တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုကို မှတ်ပုံတင်ခဲ့ကြောင်း သြဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်သော လုပ်ငန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။ ဇူလိုင်လတစ်ရက်တည်းတွင် နိုင်ငံ၏မော်တော်ယာဥ်ထုတ်လုပ်မှုသည် အစီးရေ ၂.၅၉၁ သန်းရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၃.၃ ရာခိုင်နှုန်း တိုးလာကာ ရောင်းအားမှာ ၁၄.၇ ရာခိုင်နှုန်း မှ ၂.၅၉၃ သန်းအထိ တိုးလာသည်ဟု China Association of Automobile Manufacturers (CAAM) မှ အချက်အလက်များအရ သိရသည်။ ယခုနှစ် ပထမ ခုနစ်လအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း မော်တော်ယာဥ် ထုတ်လုပ်မှုသည် ၁၂.၇ ရာခိုင်နှုန်း တိုးလာကာ အစီးရေ ၁၈.၂၄ သန်း ရောင်းချရပြီး ၁၂ ရာခိုင်နှုန်း တိုးကာ အစီးရေ ၁၈.၂၇ သန်းအထိ တိုးလာခဲ့သည်။ CAAM ဒေတာအရ ယခင်လက လုပ်ငန်းသုံးယာဉ်စုစုပေါင်း ၂၉၈,၀၀၀ ထုတ်လုပ်မှုမှာ ယခင်နှစ် အလားတူလကထက် ၁၆.၃ ရာခိုင်နှုန်း တိုးလာပြီး ရောင်းအားမှာ ၁၄.၁ ရာခိုင်နှုန်းအထိ တက်လာခဲ့ကြောင်း CAAM အချက်အလက်များအရ သိရသည်။ သို့သော်လည်း သဘာဝ ဓာတ်ငွေ့သုံး မော်တော်ယဉ်များ ရောင်းချမှုသည် ဇူလိုင်လတွင် အစီးရေ ၁၆,၀၀၀ သို့ တစ်နှစ် ထက်တစ်နှစ် ၅.၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ လုပ်ငန်းသုံး မော်တော်ကား ထုတ်လုပ်မှုသည် ဇန်နဝါရီမှ ဇူလိုင်လအတွင်း အစီးရေ ၂.၄ သန်းအထိ တစ်နှစ်ထက် တစ်နှစ် ၆ ရာခိုင်နှုန်း မြင့်တက်လာပြီး အစီးရေ ၂.၄၃ သန်း ရောင်းချခဲ့ရပြီး ၃.၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ CAAM ဒေတာသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လတွင် စွမ်းအင်သုံးယာဉ်သစ် (NEV) ထုတ်လုပ်မှု ၃၉.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အစီးရေ ၈.၂၃ သန်းကျော်နှင့် ရောင်းအား ၃၈.၅ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ကြောင်း သိရသည်။ တနင်္လာနေ့ထုတ်ပြန်သော အချက်အလက်မျာအရ နိုင်ငံ ၏ မော်တော်ယာဥ်တင်ပို့မှုသည် ဇန်နဝါရီကနေ ဇူလိုင်လအတွင်း စံချိန်တင် တစ်နှစ်ထက် တစ်နှစ် ၁၂.၈ ရာခိုင်နှုန်း တိုးလာခဲ့ပြီး နိုင်ငံ၏ မော်တော်ယာဥ် တင်ပို့မှုသည် တည်ငြိမ်သော အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)

နမီးဘီးယားနိုင်ငံ၏ ယူရေနီယံ အထွက်နှုန်းသည် ဇူလိုင်လတွင် ၃၆ ရာခိုင်နှုန်း မြင့်တက်လာ

        ရွှေနှင့် စိန်များ လစဉ်ထုတ်လုပ်မှုပြန်ကောင်းမွန်လာခြင်းကြောင့် နမီးဘီးယားသတ္တုတွင်း ကဏ္ဍသည် ဇူလိုင်လတွင် ခိုင်မာစွာရပ်တည်နိုင်ခဲ့ကြောင်း နမီးဘီးယားသတ္တုတွင်း လုပ်ငန်းရှင်များအသင်းမှ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၎င်း၏ လစဉ် သတ္တုတူးဖော်ရေး အဆင့်မြှင့်တင်မှုတွင် ယူရေနီယံသည် နမီးဘီးယားနိုင်ငံ၏ ပို့ကုန် ၂၉.၃ ရာခိုင်နှုန်းကို မေလတွင် တွက်ချက်ကာ ယူရေနီယံ ထိပ်တန်း ပို့ကုန်အဖြစ် ၎င်း၏ အခန်းကဏ္ဍကို ဆက်လက် ထိန်းသိမ်းထားကြောင်း၊ အများစုမှာ နမီးဘီးယား ဒေါ်လာ ၃.၄၅ ဘီလီယံ (အမေရိ ကန်ဒေါ်လာ ၁၉၆ သန်းခန့်) တန်ဖိုးရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည်။ ကုန်သည်ကြီးများ အသင်း၏အဆိုအရ ဇွန်လတွင် ရွှေထုတ်လုပ်မှုသည် အစောပိုင်းနှစ်များနှင့် နှိုင်းယှဉ်ပါက ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတကာရွှေဈေးသည် ဇွန်လတွင်ပျမ်းမျှ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၃၅၂ ရှိပြီး ယခင်နှစ်ထက် ၄၄ ရာခိုင်နှုန်း မြင့်တက် လာကာ နမီးဘီးယား၏ ပို့ကုန်ဝင်ငွေကို ပိုမိုအားကောင်းစေသည်ဟု ကုန်သည်များက ပြော ကြားခဲ့သည်။ တစ်ချိန်တည်းတွင်၊ ဇွန်လအတွင်း စိန်များ ထုတ်လုပ်မှုသည် လစဉ် ၂၄ ရာခိုင် နှုန်း ပြန်လည်ကောင်းမွန်လာကြောင်း ပြသခဲ့သော်လည်း နှစ်စဉ် အထွက်နှုန်းမှာ ကျဆင်းနေ သေးကြောင်း ကုန်သည်များကပြောကြားခဲ့ပြီး ဓာတ်ခွဲခန်းမှ စိုက်ပျိုးထုတ်လုပ်သည့် အခြား ရွေးချယ်စရာများနှင့် ယှဉ်ပြိုင်မှုများကြောင့် ၂၀၂၂ ခုနှစ်မှစ၍ ဈေးနှုန်းများ ၄၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ ဘော့ဆွာနာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဘယ်လ်ဂျီယံတို့ထံ အများစုရောင်းချမှုဖြင့် မေလတွင် ကျောက်မျက်ရတနာ များ တင်ပို့မှု၏ ၁၀.၂ ရာခိုင်နှုန်းရှိကြောင်း ကုန်သည်ကြီးများအသင်းက ပြောသည်။ သို့သော် လည်း နမီးဘီးယား ပို့ကုန်များအပေါ် မကြာသေးမီက အမေရိကန်၏ အခွန်စည်းကြပ်မှု ၂၁ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ခြင်းသည် မူဝါဒ အပြောင်းအလဲများ မကြာခဏ ဖြစ်ပေါ်ခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် မသေချာ မရေရာမှုများ ရှိနေကြောင်း သတိပေးထားသည်။ နောက်ဆုံး ပြုပြင်ပြောင်းလဲမှုသည် သက်သာရာရစေသော်လည်း၊ အကောက်ခွန်စနစ်များတွင် တည်ငြိမ်မှုမရှိခြင်းသည် နမီးဘီးယားနိုင်ငံမှ ထုတ်လုပ်သူများအတွက် ကြိုတင်စီစဉ်ရန်နှင့် ရေရှည်ကုန်သွယ်ရေး သဘောတူညီချက်များ ရရှိရန်ခက်ခဲစေကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ