
အာဖကန်နစ္စတန်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့် ၆ လအတွင်း အမေရိကန် ဒေါ်လာ ၆.၇၈၃ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဒေသတွင်းမီဒီယာ TOLOnews က စက်တင်ဘာလ ၂၅ ရက်နေ့က ပြောကြားခဲ့ပါသည်။
နိုင်ငံ၏ အဓိက တင်ပို့ကုန်များမှာ စပျစ်ခြောက်၊ သဖန်းသီး၊ ဝါဂွမ်း၊ မက်မွန်သီးခြောက်၊ saffron၊ သစ်အယ်သီး၊ စပျစ်သီး၊ အရက်နှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များ ပါဝင်ကြောင်း စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Akhundzada Abdul Salam Jawad က ပြောကြားခဲ့ပါသည်။
အဆိုပါကုန်ပစ္စည်းများကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကာဇက်စတန်၊ တာ့ခ်မင်နစ္စတန်နှင့် အီရတ်နိုင်ငံများသို့ အဓိက တင်ပို့ကြောင်း သိရှိရပါသည်။
ဤကာလအတွင် ပို့ကုန်စုစုပေါင်း ဒေါ်လာ ၇၄၈ သန်းရှိပြီး ရမန်နှစ်ထက် ၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
