Covid-19 စီးပွားရေးကုစားမှု အစီအစဉ်အရ လူသုံးကုန် လက်တွေ့လုပ်ငန်းခွင်သင်တန်း အမှတ်စဉ် (၇/၂၀၂၀) သင်တန်းဖွင့်လှစ်

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် Covid-19 ကာလအလွန် စီးပွားရေးပြန်လည်ကုစားရေး အစီအစဉ်အရ အလုပ် အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးခြင်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လူသုံးကုန်လက် တွေ့လုပ်ငန်းခွင်သင်တန်း အမှတ်စဉ် (၇/၂၀၂၀) သင်တန်းကို (၁၈.၈.၂၀၂၀) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

         သင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးအောင် က သင်တန်းဖွင့် အမှာစကားပြောကြား၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦး စီးမှူး ဦးစိုးနိုင်ထူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပေးမည့် ဘာသာ ရပ်များဖြစ်သော လက်သန့်ဆေးရည်၊ ဆပ်ပြာရည်နှင့် Hand Gel ပြုလုပ်နည်းများကို ဈေးကွက် အတွင်း တင်ပို့ရောင်းချနိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၆ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန