
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ( ၁၅ ) ရက်၊ နေ့လယ် ( ၁၃:၀၀ )နာရီ အချိန်တွင် လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်ရပ်ကွက်ရှိ ကိတ်မုန့်၊ ပေါင်မုန့်များ ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော အမှတ်တရ၊ Diamond၊ ရွှေလင်းယုန်၊ ဆန်းသစ် မုန့်ဖိုများနှင့် သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော LK Fresh သောက်ရေသန့်စက်ရုံသို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးရာတွင် “အမှတ်တရ” မုန့်ဖို၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်များတွင် ဖော်ပြထားသော ကုန်အမှတ်တံဆိပ်သည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး Diamond၊ ရွှေလင်းယုန်၊ ဆန်းသစ် မုန့်ဖိုများနှင့် LK Fresh သောက်ရေသန့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုန့်ဖိုများနှင့် သောက်ရေသန့်စက်ရုံမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်များတွင် ဖော်ပြထား သော ကုန်အမှတ်တံဆိပ်သည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ ပြန်လည် ပြင်ဆင်ဖြည့်စွက်ပြီးသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသို့ အမြန်ဆုံး ပြန်လည်တင်ပြသွားရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့မှုအား သတင်းရရှိပါသည်။
DOCA(ကယား)
