
စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့ အတွက် မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် စစ်ဆေးရေးအရာရှိများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၇.၁၀.၂၀၂၆) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြင်းခြံမြို့၊ စံပြဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့်အဖွဲ့သည် ဈေးကွက်အတွင်းရှိ စားသောက်ကုန်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့်ကိုက်ညီသောကုန်စည်များကိုသာ ရောင်းချမှုရှိ/မရှိ စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်များ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များ ကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်း ကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား အစဉ်တစိုက်လိုက်နာကာ ရောင်းချကြရန်ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCa(မန္တလေး)
