
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဒေါ်လှလှနွယ် (အကြီးတန်းစာရေး)သည် သရက်/အောင်လံခရိုင် တာဝန်ခံနှင့် သရက်မြို့နယ်တာဝန်ခံ၏ ညွှန်ကြားမှုတို့ ဖြင့် (၁၅.၁၀.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်ပင်နှင့် မြို့နယ်ကျန်းမာရေး စသော အဖွဲ့စုံဖြင့် သရက်မြို့ပေါ်ရှိ ကုန်စုံဆိုင်နှင့် ဆေးဆိုင်များ အားသက်တမ်းလွန် ကုန်စည်များပပျောက်စေရေး ပူးပေါင်းကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် FDAဦးစီးဌာနမှ အစားအသောက်များတွင် ပါရှိသော အသိအမှတ် ပြုဆိုးဆေးများ ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/ မရှိ၊ သက်တမ်းလွန်ဆေး ဝါးများရောင်းချမှုရှိ/ မရှိနှင့် အသိအမှတ်ပြု မှတ်ပုံတင်ထားသော ကုန်စည်များရောင်းချခြင်း ရှိ/ မရှိတို့ အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးခြင်းများ ပြုလုပ်၍ စားသုံးသူရေးရာဦးစီးဌာန ဒေါ်လှလှနွယ် (ကြီး/ရေး) မှလည်းအစား အသောက်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ရှိ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များသာ ရောင်းချရန်နှင့် အခန်း(၁၈) ပုဒ်မ ၄၂နှင့်၄၃ တို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
