
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့နယ် မအူကုန်ရပ်ကွက်ရှိ AROMA သောက်ရေသန့်လုပ်ငန်းရှင် ဦးအောင်သက်ခိုင်နှင့် ၂၀၂၆ခုနှစ် စက်တင်ဘာလ ၂၁ရက်နေ့၊ နေ့လည် (၁:၀၀) နာရီအချိန်တွင်၊ လက်ပံတန်းမြို့နယ် တာဝန်ခံ ဦးကျော်မျိုးထွန်းနှင့်ဝန်ထမ်းတို့မှတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါကုန်စည်များ ပေါ်တွင်ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း ၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ဥပဒေအခန်း(၁၁)ပါ ကုန်စည် နှင့်စပ်လျဉ်း၍စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူး အလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင် ဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)
