မုဒုံမြို့နယ်၊ မြို့မ (၁) ရပ်ကွက်ရှိ အ.မ.က (ဝက်သစ်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

 

၁၃.၁၀.၂၀၂၆ ရက်နေ့အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင် ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ အ.မ.က (ဝက်သစ်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာ ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများဖြစ်သော လူကိုယ်တိုင်လာရောက်တိုင်ကြားခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားခြင်း၊ Consumer Call Center 1535သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ပုံအဆင့်ဆင့်၊ DOCA Application ၌ တိုင်ကြားခြင်း၊ DOCA  Website သို့ တိုင်ကြားခြင်းတို့ကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဟောပြောပွဲသို့ အ.မ.က (ဝက်သစ်) ကျောင်းမှ ဆရာ/ဆရာမ (၇) ဦး၊ ကျောင်းသား/ကျောင်းသူ (၉၂) ဦး တက်‌ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)