
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း အမှတ်တံဆိပ် ပြည်တွင်းထုတ်ရောနှောဆီများတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ အောက်တိုဘာလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ မြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များမှ ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံ၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးတို့အတွက် မိမိတို့အနေဖြင့် ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော အမှတ်တံဆိပ် ပြည်တွင်းထုတ်ရောနှောဆီများတွင် သက်ဆိုင်ရာအစိုးရဌာနများ၏ ခွင့်ပြုချက်များ၊ ညွှန်ကြားချက်များဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိရမည့် အချက်များ ပြည့်စုံစွာဖော်ပြပါခြင်းမရှိသော ပြည်တွင်းထုတ်အမှတ်တံဆိပ်ရောနှောဆီများအား ဝယ်ယူပြန်လည်ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီအမှတ် တံဆိပ်အမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
