
စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခု ဖြစ်သည့်အတိုင်း ရွှေဘိုခရိုင်သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက (၄.၄)သိန်းခန့်တွင် ရွှေဘိုပေါ်ဆန်းစပါးကို ဧက(၃)သိန်း ခန့် နှစ်စဉ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ရွှေဘိုခရိုင်တွင် အောက်တိုဘာလ ပထမပတ်တွင် ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၆၁၀၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၂၃၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး၊ဒေသတွင်းသာမက ပိုလျှံသော ဆန်များကို အခြားတိုင်း/ ပြည်နယ် ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၆ခုနှစ် အောက်တိုဘာလ ပထမပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ (၂၅၃၁၉)အိတ်၊ မန္တလေးသို့ (၅၃၄၉) အိတ်၊ နေပြည်တော်သို့ (၅၄၀) အိတ်၊ ပဲခူးသို့ (၁၆၃၄)အိတ်၊ ပြည်သို့ (၆၇၀)အိတ်၊ တောင်ငူသို့ (၁၅၅)အိတ်၊ ကျောက်ပန်းတောင်းသို့ (၁၃၅)အိတ်၊ မိတ္ထီလာသို့ (၁၁၀)အိတ်၊ ကရင်ပြည်နယ် ဘားအံမြို့သို့ (၇၄၅)အိတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ (၃၅၉၁)အိတ်၊မြိတ်သို့ (၁၇၅)အိတ်၊ ကချင်ပြည်နယ်သို့ (၇၈၈)အိတ်၊ မွန်ပြည်နယ်သို့ (၂၀၀၅)အိတ်၊ မကွေးတိုင်းသို့ (၄၀၀)အိတ်၊ စုစုပေါင်း အိတ်ရေ (၄၁၆၁၆)၊ တန်အားဖြင့် (2၀၈၁)တန် စီးထွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
