မိုးတွင်းကာလတွင် ဘူးသီးများအထွက်ကောင်း၍ အရောင်းသွက်လျှက်ရှိ

Powered by Drupal

          မိုးရာသီကာလအတွင်း ဘူးသီးစိုက်ခင်းများမှ ဒေသတွင်းထွက်ရှိသည့် ဒေသမျိုးများနှင့် ထိုင်ဝမ် မျိုးများသည် အသီးထွက်နှုန်းများကောင်းပြီး ဈေးကွက်များတွင်လည်း ပေါများစွာ ရောင်းချလျက်ရှိပါသည်။ ဘူးသီးသည် ဆောင်းရာသီးနှင့် မိုးရာသီတွင် ကောင်းစွာဖြစ်ထွန်း အောင်မြင်ပြီး အိမ်ရှင်မ များသည် ချက်ပြုတ်ရလွယ်ကူသောကြောင့် ကြိုက်နှစ်သက်ကြပါသည်။ စိုက်ပျိုးသူတောင်သူများကလည်း ဘူးသီးကို သီးသန့်တစ်မျိုးတည်းစိုက်ပျိုးကြသလို၊ အခြား သီးနှံများကြားတွင်လည်းရော၍ စိုက်ပျိုးကြပါသည်။ အချို့သော တောင်သူများသည် ဗူးသီးကို ဝါးဖြင့် စင်ထိုး၍ စိုက်ပျိုးကြသလို၊ မြေလွတ်၊မြေရိုင်းများတွင် မြေလွှတ်၍လည်းစိုက်ပျိုးကြ ပါသည်။ ဘူးသီးကို ကြော်/ချက်စားခြင်း၊ ဟင်းချိုအဖြစ်ချက်စားခြင်း၊ အသား တို့နှင့်ရော၍ ချက်စားခြင်း စသည်ဖြင့်အမျိုးမျိုးပြု၍ စားသုံးနိုင်ပြီး ယခုအခါ ဈေးကွက်တွင် ဘူးသီးများ လှိုင်လှိုင်ထွက် ပေါ်နေပြီဖြစ်၍ ဈေးနှုန်းအနေဖြင့်လည်း ဒေသမျိုး ဘူးသီး တစ်လုံးလျှင် အကြီး (၁)လုံးလျှင် (၁၈၀၀) ကျပ်၊  အလတ် (၁)လုံးလျှင် (၁၂၀၀) ကျပ်၊ အသေးတစ်လုံးလျှင်(၈၀၀) ကျပ်ဖြင့် ရောင်းချလျှက် ရှိကြောင်းသိရှိရပါသည်။ မိုးတွင်းကာလတွင်လည်း ဘူးသီးများ အထွက်တိုးပြီးရောင်းချရာတွင်လည်း အရောင်းသွက်လျှက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)