
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်ကြိုး ပမ်းဆောင်ရွက်လျက်ရှိရာ ၁၁.၈.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး နှင့် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်ရွှန်းလဲ့ခင်အောင် နှင့် ဒေါ်စန္ဒာဦး၊ နေ့စားဝန်ထမ်း ဦးခန့်နောင်ဦးတို့သည် မိတ်ဖက်ဌာနများနှင့်အတူ ညောင်လေးပင် မြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက် ဌာနများ ဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ညောင်လေးပင်မြို့မဈေး တာဝန်ခံတို့နှင့် အတူ ညောင်လေးပင်မြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေး အာဟာရ ဖြည့်စွက်စာအမျိုးမျိုးတို့အား စစ်ဆေးခဲ့ရာ မြို့နယ်တာဝန်ခံက ကလေးအာဟာရ ဖြည့်စွက် စာများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက အသိအမှတ်ပြု ထောက်ခံချက်ပေးထား သော အသိ အမှတ်ပြု လက်မှတ်များ ရှိရမည်ဖြစ်ကြောင်း၊ ကလေးအာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာ ဖော်ပြပါရှိရမည်ဖြစ်ကြောင်း၊ သက်တမ်းလွန်နေသော ဆေးဝါးများနှင့် ဖြည့်စွက်စာများအား ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါက စားသုံးသူ ကာကွယ်ရေးဥပဒေအရ အပြစ်ပေး အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေး ဆွေးနွေး ခဲ့ပါသည်။ ကွင်းဆင်းစစ် ဆေးရာတွင် ညောင်လေးပင်မြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသော ကလေးအာဟာရဖြည့်စွက်စာများတွင်ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါရှိကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
