
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်အတွင်း စားသုံးသူကာကွယ်ရေးဆိုင် ရာ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ (၁-၉-၂၀၂၆)နေ့ နေ့လည်(၁၄:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ဓမ္မီတိုက်နယ်၊ သဲဖြူကျေးရွာအုပ်စု ထိန်ကုန်းကျော် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ဆရာ၊ဆရာမနှင့်ကျောင်းသား၊ကျောင်းသူ(၁၅၀)ဦးအား လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံး သူကာကွယ်ရေးဆိုတာ စားသုံးသူအခွင့်အရေး နှင့်စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိ စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို အသုံးပြုခွင့်ရှိစေရေး၊ စားသုံး သူနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား မျှတမှုရှိသော လုပ်ငန်းစဉ်များ သတ်မှတ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊အစားအသောက်များတွင်ပါဝင်သောဓါတုဆိုးဆေး၏ဆိုးကျိုးများအကြောင်း၊ မြန်မာ ဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံး ပြုရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြ တိုင်ကြား ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်းစသည်တို့ကို အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ပြီး၊ဆရာ/ဆရာမများမှသိလိုသည်များမေးမြန်းဆွေးနွေးကာနေလည်(၁၅:၃၀)နာရီ အချိန်တွင် ဟောပြောပွဲ ရုတ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)
