ကန့်ဘလူမြို့နယ်တွင် ပြည်ပပို့ကုန် မတ်ပဲဈေးနှုန်း အနည်းငယ်ဆက်လက်မြင့်တက်

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲမျိုးစုံ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသည့် ပြည်ပပို့ကုန် မတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ ထန်းကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း ကြေးတိုင်နှင့် မြေစာ ရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

       ကန့်ဘလူမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲ တစ်တင်းလျှင် ၉၀၅၀၀ ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ၉၄၉၀၀ ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်ဩဂုတ်လ ပထမပတ်၏ ဈေးနှုန်းများမှာ မတ်ပဲတစ်တင်းလျှင် ကျပ် ၉၀၀၀၀ နှင့်မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ကျပ် ၉၄၅၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်လနှင့် ယခုလဈေးနှုန်းနှိုင်းယှဉ်ပါက စက်တင်ဘာလအတွင်း မတ်ပဲတစ်တင်းလျှင် ကျပ် ၅၀၀နှင့် မတ်ပဲ (ဂျပန်)တစ်တင်းလျှင် ကျပ် ၄၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း၊ မတ်ပဲသီးနှံများကို မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ မန္တလေးပဲဈေးကွက်၏ အရောင်းအဝယ်ဖြစ်မှု နှင့် ဈေးနှုန်းအတက်၊အကျပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲဖြစ်လျက်ရှိကြောင်း သီးနှံရောင်း ဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)