
၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၊ နေလယ် (၁၄း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး၊ မြိတ်မြို့မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဦးစားပေးဝန်ဆောင်မှုကဏ္ဍ(၃) ရပ်မှ သြဂုတ်လမှ နိုဝင်ဘာလအတွင်း စစ်ဆေးဆောင်ရွက်ရမည့် ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ မြိတ်မြို့ရှိ ATOM ဆက်သွယ်ရေးအော်ပရေတာ ကိုယ်စားလှယ်အား မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်၍ စစ်ဆေးရာတွင် လိုင်းပြတ်တောက်မှုများအား အချိန်မီပြုပြင်ပေးမှု အခြေအနေများ၊ အင်တာနက်လိုင်းအားမကောင်းခြင်းနှင့် အခြားဝန်ဆောင်မှုများအား အပြည့်အဝပေးခြင်းများ ရှိ/ မရှိ၊ လစဉ်ကြေးပေးဆောင်ပြီးသော်လည်း လိုင်းပြန် လည်ဖွင့်လှစ်(သို့)ပြန်လည်လာရောက်တပ်ဆင်ပေးမှုများနှင့် ပတ်သတ်သည့် ကိစ္စရပ်များ၊ အသုံးမပြုသည့် ဝန်ဆောင်မှုများအတွက် ဘေလ်ဖြတ်တောက်ခြင်း၊ Pointများနှင့်ဒေတာလဲလှယ်ပြီးသော်လည်း ဖုန်းဘေလ်အတွင်းမှ ဖြတ်တောက်ခြင်း၊ စာချုပ်ပါအတိုင်း ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အပြည့်အဝပေးနိုင်ခြင်းများ ရှိ/မရှိ၊ ဆင်းမ်ကတ်အား မိမိအမည်ဖြင့်မှတ်ပုံတင်ထားသော်လည်း အခြားသူအမည်ပေါက်နေခြင်းများ မရှိစေရေး၊ ဝန်ထမ်းများမှ စားသုံသူများအပေါ် စိတ်ကျေနပ်မှုရရှိအောင် ဆက်ဆံ၍ ဝန်ဆောင်မှုပေးနိုင်ရေးများနှင့် စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဆွေးနွေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
