
ကမ္ဘာ့ဒုတိယအကြီးဆုံးသကြားထုတ်လုပ်သည့် အိန္ဒိယအနေဖြင့် မကြာသေးခင်က စံချိန် တင် မြင့်တက်ခဲ့သည့် ပြည်တွင်းသကြားဈေးနှုန်းများကို ထိန်းကျောင်းနိုင်ရေးအတွက် အခြေခံ ကုန်စည် အမယ်အလိုက် သွင်းကုန်အကောက်ခွန် လျှော့ချနိုင်ရေး အလေးအနက် စဉ်းစားလျက်ရှိ ကြောင်း သိရသည်။
ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်ရန်အတွက် သွင်းကုန်သကြားအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန် ကောက်ခံခြင်းအား လျှော့ချနိုင်ရေး အဆိုတင်သွင်းမှုအား အရာရှိများက အလေးထားစီစဉ်လျက် ရှိကြောင်း၊ သကြားဈေးနှုန်းမြင့်တက်နေမှုကို တားဆီးထိန်းချုပ်ရန် ကူညီပံ့ပိုးပေးမှုများအပြင် ပွဲတော်ရာသီအတွက် သကြားလိုအပ်ချက် မမြင့်တက်မီ အလေးအနက်ဆွေးနွေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုအပြောင်းအလဲသည် ကမ္ဘာ့သကြားဈေးကွက်တွင် ရင်ဆိုင်နေရသည့် ရောင်းလိုအား ဖိအားများရှိနေသည်ကို ထင်ဟပ်စေသည့် နောက်ထပ်အရိပ်အရောင်တစ်ရပ် ဖြစ် ကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အထွက်နှုန်း လျော့နည်းမည့်အခြေအနေများကို စိုးရိမ် လျက်ရှိကြောင်းသိရသည်။
အိန္ဒိယသကြားနှင့် ဇီဝစွမ်းအင်ထုတ်လုပ်သူများအသင်း(ISMA)၏ အဆိုအရ Maharashtra ပြည်နယ်ရှိ စက်ရုံတိုက်ရိုက်သကြားဈေးနှုန်းများသည် မကြာသေးမီက တစ်ကီလိုလျှင် ရူပီး ၄၆ အထိ ရောက်ရှိခဲ့ပြီး စံချိန်တင် အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ ပွဲတော်ရာသီအတွင်း ရိုးရာအချိုမုန့် များ နှင့် အဖျော်ယမကာများ ဝယ်ယူမှုမြင့်တက်ခဲ့ခြင်းကြောင့် အဓိကအားဖြင့် အိန္ဒိယတွင် သကြား အသုံးပြုမှုသည် ဇန်နဝါရီလမှ ဩဂုတ်လနှောင်းပိုင်းအထိ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလေ့ရှိ ကြောင်းသိရသည်။
ထိပ်တန်းကြံစိုက်ပျိုးရာပြည်နယ်များဖြစ်သည့် Uttar Pradesh ပြည်နယ်နှင့် Maharashtra ပြည်နယ်များရှိ စက်ရုံများသည် စားနပ်ရိက္ခာဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီးနောက် ပုံမှန် နိုဝင်ဘာလ အစောပိုင်း စတင်ချိန်ထက် ၁၀ ရက်မှ ၁၅ ရက်အထိ စောစီးစွာ ကြံကြိတ်ခွဲဆောင်ရွက်ရန် စီစဉ် လျက်ရှိသည်။ သိုလှောင်မှုကန့်သတ်ချက်နှင့် ငွေကြေးဖောင်းပွနေမှုအန္တရာယ်များကို ထိန်းကျောင်း နိုင်ရေး အစိုးရအနေဖြင့် ကုန်သည်များအား သိုလှောင်မှုပမာဏ ကန့်သတ်မှုများကို မကြာသေးမီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ISMA ၏ အချက်အလက်များအရ အိန္ဒိယသည် ပြည်တွင်းစားသုံးရန်အတွက် သကြားကို ပုံမှန်တင်သွင်းလေ့မရှိဘဲ နောက်ဆုံးအကြိမ် ပမာဏများပြားစွာ တင်သွင်းခဲ့သည်မှာ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းဖြစ်ကြောင်း၊ အိန္ဒိယလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ ဩဂုတ်လ ၁၄ ရက်နေ့အထိ ကြံစိုက်ဧကမှာ ဟက်တာ ၅.၈၃ သန်း (ဧက ၁၄.၄ သန်း) ရှိပြီး အဆိုပါပမာဏ သည် ယခင်နှစ်ကာလတူ စိုက်ဧကထက် အနည်းငယ်လျော့နည်းနေကြောင်း သိရှိရသည်။
Source : The Economic Times, 18 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
