
တရုတ်နိုင်ငံအကောက်ခွန်ဆိုင်ရာသတင်းအချက်အလက်အရ တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ဟင်းသီးဟင်းရွက်ဆီ တန်ချိန် ၂.၇ သန်း တင်သွင်းခဲ့ပြီး ယခင်နှစ်နှင့် ကာလတူ နှိုင်းယှဉ်ပါက တင်သွင်းမှုမှာ ၁၄.၉ % လျော့နည်းသွားကြောင်း သိရှိရပါသည်။
တင်သွင်းမှုကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းတစ်ချက်မှာ ပဲပုပ်ဆီတင်သွင်းမှု လျော့နည်းသွားခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်ပမှ ဝင်ရောက်မှုလျော့ကျသွားခြင်းသည် တရုတ် နိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင် ဟင်းသီးဟင်းရွက်ဆီရရှိနိုင်မှု ပိုမိုကျပ်တည်းလာနိုင်မည်ဖြစ်ပြီး ယင်းအချက်မှာ လက်ရှိပေါက်ဈေးကို ထိန်းညှိပေးခြင်းခြင်ဖြစ်ကြောင်း သိရှိရပါသည်။
စားအုန်းဆီသည် တရုတ်နိုင်ငံ၏ အဓိကတင်သွင်းသော ဟင်းသီးဟင်းရွက်ဆီမှ တစ်ခု အဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ တင်သွင်းမှု လျော့ကျသွားသည့်အခြေအနေတွင် ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားသူများအနေဖြင့် ပြည်တွင်းထောက်ပံရရှိမှုပိုမိုနည်းပါးလာမည်ဖြစ်ပြီး အဆိုပါ အချက်သည် တရုတ်နိုင်ငံအတွင်း စားအုန်းဆီဈေးနှုန်းများကို ထောက်ကူပေးလျက်ရှိကြောင်း သိရှိရ ပါသည်။
Source: UkrAgroConsult, 10 August 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
