
ပြင်းထန်သောမိုးခေါင်မှုနှင့် တောရိုင်းတိရိစ္စာန်များသည် ဘောစနီးယားနှင့် ဟာဇီဂိုဗီးနား တွင် ပြောင်းသီးနှံပျက်စီးရခြင်း အဓိကအကြောင်းရင်း ဖြစ်ကြောင်း၊ မီးလာင်ခြင်းကြောင့် လယ်မြေ ဟက် တာထောင်နှင့်ချီ၍ ပျက်စီးစေခဲ့ပြီး ကြာရှည်မိုးရေရှားပါးပြတ်လပ်မှုကြောင့် မီးလောင်ကျွမ်း ခြင်း မခံရသည့် နယ်မြေဧရိယားများတွင် သီးနှံအခြေအနေ သိသိသာသာဆိုးဝါးလားခဲ့ကြောင်း သိရှိရပါသည်။
ဒေသခံတောင်သူများအနေဖြင့် ပြောင်းထွက်ရှိမှု သိသိသာသာကျဆင်းမည်ဟု ခန်းမှန်း ထားကြောင်း၊ တောင်သူများသည် ယခင်က ပျှမ်းမျှ ၁ ဟက်တာလျှင် ၇ တန်ခန့် ရိတ်သိမ်းပါက အထိခိုက် အခံရဆုံးနယ်မြေများတွင် အထွက်နှုန်းမှာ ယခုနှစ်တွင် ၁ ဟက်တာလျှင် ၁.၅ တန်ထက် ပိုမိုထွက်ရှိရန် မမျှော်လင့်ထားကြောင်း၊ အဆိုပါအချက်မှာ အထွက်နှုန်းသည် ၈၀ % ခန့် ကျဆင်း နိုင်သည်ကို ဆိုလိုကြောင်း သိရှိရပါသည်။
သွင်းရေရရှိနိုင်မှု အကန့်အသတ်ရှိခြင်းကြောင့် အခြေအနေမှာ ပိုမိုခက်ခဲလျက်ရှိကြောင်း၊ တောင်သူအများစုသည် စိုစွတ်မှုလျော့နည်းခြင်းကို အစားထိုး မဖြည့်ဆည်းပေးနိုင်ကြသဖြင့် သီးနှံ ဖြစ်ထွန်းမှု မကောင်းပါကြောင်း၊ အချို့သော စိုက်ပျိုးခြံများမှာ ဆုံးရှုံးမှု ကြီးမားသောကြောင့် လုပ်ငန်းများ လုံးဝရပ်ဆိုင်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြာင်း၊ ပြောင်းသီးနှံ ဆုံးရှုံးမှု များသည် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် သိသာထင်ရှားသော အကျိုးဆက်များ ရှိလာနိုင်ပြီး အကြောင်းရင်းမှာ ပြောင်းသီးနှံသည် ဒေသတွင်း သီးနှံထုတ်လုပ်မှုနှင့် အစာရေစာထောက်ပံ့မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသည် ဘောစနီးရား နှင့် ဟာဇီဂိုဗီးနား နိုင်ငံ၏ အလုပ်အကိုင် ၁၀% ခန့် ရရှိစေပြီး ထုတ်လုပ်မှု သိသိသာသာလျော့ကျ ခြင်းသည် ကျေးလက်ဒေသများအပေါ် အပိုဆောင်းစီးပွားရေးဖိအားများ ဖန်တီးပေးလာနိုင်လာ နိုင်ကြောင်း သိရှိရပါသည်။
Source: UkrAgroConsult, 11 August 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
