တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ကြက်သွန်နီ/ ကြက်သွန်ဖြူ ဈေးကွက်

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို မြိတ်မြို့ဆိပ်ငယ်ဈေးကြီး၊ စမ်းချောင်းကုန်စိမ်းနှင့် အခြားသောဈေးများတွင် နေ့စဉ်အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူသည် စားဖိုချောင်သုံး အစားအစာတွင် အဓိကမပါမဖြစ်သော အသီးအနှံတစ်မျိုးဖြစ်ကြပါသည်။ ကြက်သွန်နီတွင် မိုးကြက်သွန်နီအပြင် ပင်စိုက်ကြက်သွန်နီများလည်း အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အလွယ်တကူဝယ်ယူရရှိပြီး ဟင်းလျာများကို အနံ့အရသာကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်သည်။ မြိတ်မြို့ဈေးကွက်အတွင်း အပတ်စဥ်ဝင်ရောက်လျက်ရှိပြီး ဈေးကွက် ဒေသအတွင်း လက်လီ/လက်ကားဝယ်ယူသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချသူများဖြင့် ပုံမှန်ဝယ်ယူ‌ရောင်းချနေကြောင်း သိရှိရပါသည်။

         ၂၀၂၆ခုနှစ်၊ သြဂုတ်လပထမပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကြက်သွန်နီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၅၀၀)ကျပ်နှင့် (၇၀၀၀)ကျပ်ခန့် ရှိပြီး ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာ လျှင် (၁၁၀၀၀)ကျပ်နှင့် (၁၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူဂုတ်) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှင့် (၁၅၀၀၀)ကျပ်ခန့်ထိရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)