ကရင်ပြည်နယ်ဒေသထွက် ဒညင်းသီးဈေးကွက်

Powered by Drupal

      ကရင်ပြည်နယ်၏ အဓိကဒေသထွက်ကုန်တစ်ခုဖြစ်သော ဒညင်းသီးရာသီပေါ်ချိန်တွင် ဈေးကွက် အတွင်း ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတမှုကြောင့် ဈေးနှုန်းအတက်အကျ ကြမ်းနေကြောင်း ဒေသခံ ခြံရှင်များနှင့်ကုန်သည်များမှ သိရသည်။

    ကရင်ပြည်နယ်ဒေသထွက် ဒညင်းသီးသည် အရသာဆိမ့်ပြီး အရည်အသွေးကောင်းမွန်ခြင်း ကြောင့် ရန်ကုန်၊မန္တလေးနှင့်မော်လမြိုင်အစရှိသည့် မြို့ကြီးများသို့တင်ပို့ရသည့် ဒေသထွက်သီးနှံ တစ်ခုဖြစ်သည်။ ဘားအံမြို့ပေါ်ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ပျမ်းမျှဈေးနှုန်းများမှာ ဒညင်းသီး အလုံးကြီး လက်ကားဈေးအလုံး(၁၀၀)လျှင် (၁၅၀၀၀၊၁၈၀၀၀)ကျပ်၊ ဒညင်းသီး အလုံးအလတ် (၁၀၀)လျှင် (၁၀၀၀၀၊၁၂၀၀၀)ကျပ်၊ ဒညင်းသီးအလုံးသေးနှင့်အနုအလုံး(၁၀၀)လျှင် (၆၀၀၀၊၈၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဆိုပါဈေးနှုန်းများသည် သီးနှံလှိုင်လှိုင်ပေါ်ချိန်နှင့် သယ်ယူ ပို့ဆောင်ရေး အဆင်ပြေမှုအပေါ် မူတည်၍ နေ့စဉ်ပြောင်းလဲမှုရှိသည်။ ကုန်ကျစရိတ်မြင့်မားရခြင်းမှာ ဒညင်းသီး ခူးဆွတ်ရာတွင် လုပ်အားခ၊ ခြင်းတောင်းခ၊ သယ်ယူစရိတ်များ မြင့်တက်ခြင်းတို့ကြောင့် ဖြစ်သည်။ ဒညင်းသီးကို အကြော်၊ အလှော်၊ အိုးစိမ် ပြုလုပ်ရောင်းချသည့် ပြည်တွင်းစားသောက်ကုန် လုပ်ငန်း ရှင်များကလည်း အဝယ်လိုက်နေသဖြင့် ဈေးကွက်မှာ အလားလာကောင်းနေကြောင်း ခြံရှင်များ၊ ကုန်သည်များနှင့်စားသုံးသူများ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသခံ ကုန်သည် တစ်ဦးထံမှ သိရသည်။

DOCA(ကရင်)