ပြည်ပဲဈေးကွက်တွင် ၂၀၂၆ခုနှစ် ဧပြီလမှ ဇွန်လကုန်အထိဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်းအဝယ်ရှိသော ပဲများနှင့် ပြည်တွင်း စားသုံးမှုများပြီး ဒေသတွင်း ဝယ်လိုအားများသော ပဲများ သာ လက်လီ/ လက်ကား ရောင်းဝယ်မှု ဖြစ်လျှက်ရှိခဲ့ကြပါသည်။ ထိုပဲများ၏ ၂၀၂၆ခုနှစ် ဧပြီလမှ ဇွန်လအထိ ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းများ၏ လအလိုက် ဈေးနှုန်းများကို လေ့လာရာတွင် အောက်ပါအတိုင်း တွေ့ရှိ ရပါသည် -

စဉ်        ပဲအမျိုးအစား          ရေတွက်ပုံ      ၂၀၂၆            ၂၀၂၆            ၂၀၂၆          

                                                           ဧပြီ              မေ                 ဇွန်   (ကျပ်)

၁။      မြေပဲဆီဆန်             ပိဿာ           ၁၁၀၀၀         ၁၀၂၀၀          ၉၅၀၀          

၂။       မြေပဲလုံးဆန်            ပိဿာ           ၁၅၀၀၀         ၁၀၃၀၀         ၁၁၂၀၀                     ၃။          မတ်ပဲ                     တင်း             ၉၉၀၀၀         ၉၇၅၀၀         ၁၀၂၅၀၀                 ၄။     ပဲစင်းငုံ                    တင်း             ၉၅၀၀၀          ၉၆၅၀၀        ၉၆၀၀၀                   ၅။      ကုလားပဲ(HL)           တင်း             ၈၂၀၀၀       ၈၁၀၀၀            ၈၁၀၀၀

၆။      ပဲကြီး                      တင်း             ၁၆၀၀၀၀       ၁၇၀၀၀၀       ၂၂၀၀၀၀

၇။      ဘိုကိတ်ပဲ                တင်း             ၆၈၀၀၀         ၆၈၅၀၀         ၆၃၀၀၀

၈။      စားတော်ပဲ               တင်း             ၂၀၀၀၀၀        ၁၉၀၀၀၀       ၁၉၅၀၀၀

        ပြည်ဈေးကွက်တွင် ဖြစ်ပေါ်လျှက်ရှိသော မြေပဲဆန်(ဆီဆန်)ဈေးများမှာ ဧပြီလတွင် တစ်ပိဿာကို (၁၁၀၀၀)ကျပ်၊ မေလတွင် တစ်ပိဿာကို (၁၀၂၀၀)ကျပ်ဖြင့် ဈေးကျလာခဲ့ပြီး ဇွန်လတွင် တစ်ပိဿာကို (၉၅၀၀)ကျပ်ဖြင့် ဈေးများဆက်လက်ကျဆင်းလာခဲ့ပါသည်။ မြေပဲ(လုံးဆန်)ဈေးမှာလည်း ဧပြီလတွင် တစ်ပိဿာကို (၁၅၀၀၀)ကျပ်၊ မေလတွင် တစ်ပိဿာကို (၁၀၃၀၀)ကျပ်ဖြင့် တစ်ပိဿာကို (၄၇၀၀)ကျပ်ဖြင့် ဈေးနှုန်းများကျဆင်းလာပြီး၊ ဇွန်လတွင် တစ်ပိဿာကို (၁၁၂၀၀)ကျပ်ဖြင့် ဈေးပြန်လည်မြင့်တက်လာခဲ့ပါသည်။ ဈေးကွက် အနေ ဖြင့် ဆီစက်လုပ်ငန်းရှင်သမားများနှင့် ပဲကြော်ဖိုသမားများကဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၃၀၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်းသိရှိရပါသည်။

         မတ်ပဲဈေးနှုန်းများအနေဖြင့် ဧပြီလတွင် တစ်တင်းကို (၉၉၀၀၀)ကျပ် ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ပြီး မေလတွင် တစ်တင်းကို (၉၇၅၀၀)ကျပ်ဖြင့် ဈေးပြန်ကျလာခဲ့ပါသည်။ ဇွန်လတွင် တစ်တင်းကို (၁၀၂၅၀၀)ကျပ်ဖြင့် ယခုလတွင် ဈေးနှုန်းများ ပြန်လည်မြင့်တက် လာခဲ့တာတွေ့ ရပါသည်။ မတ်ပဲကို ဒေသ တွင်းသာဝယ်ယူမှုရှိပြီး လက်လီသမားများနှင့် ပဲလှောင်လက်များဖြင့်သာ အရောင်း အဝယ် ဖြစ်လျှက်ရှိပါသည်။

        ပဲစင်းငုံဈေးမှာ ဧပြီလတွင် တစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလတွင် ဈေးနှုန်းများပြန်လည်မြင့်တက်လာပြီး တစ်တင်းကို(၉၆၅၀၀)ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ပါသည်။ ဇွန်လတွင် တစ်တင်းကို (၉၆၀၀၀)ကျပ်ဖြင့်  ဝယ်ယူမှုစ၍နည်းလာပြီး ဈေးမှာမဆို သလောက် ကျဆင်းလာခဲ့ပါသည်။

         ကုလားပဲ(HL) ဈေးမှာ ဧပြီလတွင် တစ်တင်းကို (၈၂၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ‌မေလနှင့် ဇွန်လတွင် တစ်တင်းကို(၈၁၀၀၀)ကျပ်ဖြင့် ဈေး(၁၀၀၀)ကျပ်ခန့်ကျဆင်းလာခဲ့ပါသည်။ကုလားပဲကို မြို့တွင်း ပဲခွဲစက်များမှ ဝယ်ယူမှုရှိသဖြင့် တစ်နေ့လျှင် အိတ် (၁၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

      ပဲကြီးဈေးမှာ ဧပြီလတွင် တစ်တင်းကို (၁၆၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလတွင် တစ်တင်းကို (၁၇၀၀၀၀)ကျပ် ဈေးပြန်လည် မြင့်တက်လာပြီး ဇွန်လတွင် တစ်တင်းကို (၂၂၀၀၀၀)ကျပ်ဖြင့် ဈေးအမြင့်ဆုံးမြင့်တက်လာခဲ့ပါသည်။ ပဲကြီးကို ပဲလှော်ဖိုသမားများနှင့် လက်လီ သမားများမှ ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၅၀)ခန့် အရောင်း အဝယ်ဖြစ် ကြောင်း သိရပါသည်။

     ဘိုကိတ်ပဲဈေးမှာ ဧပြီလတွင် တစ်တင်းကို (၆၈၀၀၀)ကျပ် ၊ မေလတွင် တစ်တင်း ကို(၆၈၅၀၀)ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်လာသော်လည်း ယခုဇွန်လတွင် ပဲတစ်တင်းကို (၆၃၀၀၀) ကျပ်ဖြင့် ဈေးများပြန်လည်ကျဆင်းလာတာတွေ့ရပါသည်။ ဈေးကွက်အနေဖြင့် လက်လီဝယ်ယူမှု အနည်းငယ်သာရှိကြောင်း သိရပါသည်။

       စားတော်ပဲဈေးများမှာ ဧပြီလ တွင် တစ်တင်းကို (၂၀၀၀၀၀)ကျပ်ဖြင့် ဈေးအမြင့်ဆုံးဖြင့် ရောင်းချခဲ့ပြီး မေလတွင် (၁၉၀၀၀၀)ကျပ်နှင့် ဇွန်လတွင် (၁၉၅၀၀၀)ကျပ်တို့ဖြင့် ရောင်းဝယ် လျှက်ရှိပါသည်။ စားတော်ပဲမှာ ဈေးကောင်းရသည့် ပဲသီးနှံတစ်မျိုးဖြစ်ပြီး ဈေးကွက် တွင်လည်း ရောင်းအားကောင်းသော ပဲတစ်မျိုးဖြစ်ပါသည်။

       ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲများထဲတွင် ပဲကြီးနှင့် စားတော်ပဲ သီးနှံသာ ဈေးအမြင့်ဆုံးဖြစ်ပြီး ယခုလဖြစ်သောဇွန်လတွင် မတ်ပဲသီးနှံမှာ ဈေး(၁)သိန်းကျော်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ကျန်ပဲများမှာ အဆိုပါပဲများလောက်ဈေးမမြင့်ဘဲ အရောင်း အဝယ်ပုံမှန်ဖြစ်လျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)