
တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ဒေသတွင်းစားသုံးရန်အတွက် သီးနှံများစိုက်ပျိုးကြပြီး အခြားဒေသမှ ဝင်ရောက်လာသော ခရမ်းချဥ်သီး၊ ခရမ်းသီး၊ ရုံးပတေသီး၊ ရွှေဖရုံသီး၊ ခဝဲသီး အစရှိ သည့်သီးနှံများကို တင်သွင်းရောင်းချလျက်ရှိပါသည်။ ဒန့်သလွန်သီးကို မြိတ်မြို့မှာ စီးပွားရေးဖြစ် စိုက်ပျိုးကြသလို အခြားသောမြို့များမှလည်းတင်သွင်းသဖြင့် ခရီးလမ်းအခြေအနေကြောင့် တင်သွင်းလာသည့်အတွက် အချို့သောသီးနှံများဈေးတက်နေသည်ကို သိရှိရပါသည်။ ဈေးကျဆင်း နေသော်လည်း ဒန့်သလွန်သီးမှာလူကြိုက်များပြီး ရောင်းအားကောင်းကြောင်းသိရှိရပါသည်။ တစ်နှစ်မှတစ်ရာသီတွင် စားသုံးရသော ဒန့်သလွန်သီးမှာ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ဈေးများ တွင် ရောင်းချလာကြောင်းတွေ့ရှိပါသည်။ ဒန့်သလွန်သီးကို ခရမ်းချဉ်သီး၊ ဘူးသီးတို့နှင့် တွဲဖက်၍ ချဉ်ဟင်းချက်စားခြင်း၊ ငါးခြောက်၊ ငါးခြောက်ရိုးများနှင့်ချက်စားခြင်း၊ ဟင်းခါးရည်ချက်၍ စားသုံး ခြင်းဖြင့် ထမင်း မြိန်စေသောဟင်း တစ်ခွက်ရရှိစေနိုင်ပါသည်။ ထို့ကြောင့် ရာသီပေါ် ဒန့်သလွန်သီး ကိုကျန်းမာရေး အတွက်လည်းကောင်း၊ ထမင်းမြိန်စေသော ဟင်းတစ်ခွက်အဖြစ်လည်းကောင်း စားသုံးနိုင်သော အစားအစာတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။
၂၀၂၆ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဒန့်သလွန်သီး ဆယ်လုံးပါတစ်စည်းလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
