
၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အမှတ်(၁)ရပ်ကွက်တွင် ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေး၊ အလေးချိန်၊ အကြိမ်အရေအတွက်၊ ဈေးနှုန်းမှန်ကန်မှုရှိမရှိ မြန်အောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်သည် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကွင်းဆင်းစိစစ်မှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ မြန်အောင်ခရိုင် ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှတစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီ ကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ မြန်အောင်မြို့နယ် အမှတ်(၁)ရပ် ကွက်ရှိ အိမ်ထောင်စု ၂၂၀ အား စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်အိမ်ထောင်လျှင်(၅၀ ကျပ်သား) ဖြင့် ပိဿာချိန် ၁၀၀ ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
