ကရင်ပြည်နယ်အတွင်းရှိ ကြက်မောက်သီးဈေးကွက်

Powered by Drupal

          ၂၀၂၆ ခုနှစ်၊ ဇွန်လ စတုတ္ထုပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင် ကြက်မောက်သီးများ အရောင်းသွက်လျက်ရှိသည်။ ကြက်မောက်ပင်သည် နှစ်ရှည်ပင်သီးနှံမျိုးဖြစ်ပြီး အပင်တစ်ပင်၏ ပျမ်းမျှအမြင့်ပေ (၁၅)ပေကနေပေ(၃၀)ဝန်ကျင်အထိ မြင့်တတ်ပါသည်။ ကြက်မောက်သီး ပင်သည် စတင်ပေါက်သည့်နေ့မှ စ၍ ()နှစ်မှ()နှစ်အထိကြာတတ်သည်။ ကိုင်းကူးစိုက်ပင်ကတော့ ()နှစ်ကနေ()နှစ်အတွင်း အသီးစသီးပါသည်။ ကြက်မောက်ပင်၏ သဘာဝက မက်လနှင့်ဧပြီလများတွင် အပွင့်ပွင့်ပြီးမိုးရာသီ(ဇွန်လမှဩဂုတ်လ)အထိ အသီးမှည့်ကာခူးဆွတ် ရောင်းဝယ်စားသုံးကြသည်။ ကြက်မောက်သီးကို လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြသည်။ ကြက်မောက်သီးစားသုံးခြင်းသည်  အစာကြေစေခြင်း၊ ကိုယ်အလေချိန်လျှော့ချရန် အထောက်အကူပြုခြင်း၊ ရောဂါပိုးကူးစက်မှုကိုပါကာကွယ် ပေးခြင်းတို့ကြောင့်လူတို့၏ ကျန်းမာရေးကိုလည်းအထောက်အကူဖြစ်စေပါသည်။ ကရင်ပြည်နယ်၊ ဘားအံမြို့ ပေါ်ရှိ ကြောက်မောက်သီးဈေးနှုန်းများမှာ ကြက်မောက်သီး တစ်ကီလိုလျှင် (၁၀၀၀၀)ကျပ်မှ(၁၈၀၀၀)ကျပ် အထိ ဈေးကောင်းရကာ အရောင်းသွက်နေသည်။ဘားအံမြို့ပေါ်ရှိ ကြက်မောက်သီးများမှ ဒေသထွက် ရှိသလို မော်လမြိုင်ဘက်မှလည်းဝင်ရောက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)