မိတ္ထီလာ ပဲဖက်၊နှမ်းဖက်၊နေကြာဖတ် ဈေးနှုန်းဈေးကွက်

Powered by Drupal

          မိတ္ထီလာမြို့နယ်၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများကို ဒေသတွင်း ဆီစက်များမှ ဒေသတွင်းဆီစားသုံးမှုနှင့် တိရိစ္ဆာန်အစာဈေးကွက်ပေါ်မူတည်၍ ကြိတ်ခွဲထုတ်လုပ် ကြကြောင်း၊ ထွက်ရှိလာသော ဆီကြိတ်ဖတ်များကို ဒေသတွင်း တစ်နိုင်တပိုင် မွေးမြူရေးလုပ်ငန်များအပြင် မန္တလေးမြို့ တိရိစ္ဆာန်အစာတောင့်စက်ရုံများမှလည်း ဝယ်ယူ လျက်ရှိ ကြောင်းသိရပါသည်။

         ယခု ဇွန်လဒုတိယပတ် မိတ္ထီလာဈေးကွက်တွင် ဖြစ်ပေါ်နေသော ပဲဖက်နှမ်းဖက် ဈေးနှုန်း များမှာ ပဲဖက်တစ်ပိဿာလျှင်(၇၄၀၀)ကျပ်၊ နှမ်းဖက်တစ်ပိဿာလျှင်(၅၄၀၀-၅၅၀၀)ကျပ်၊ နေကြာဖက်တစ် ပိဿာလျှင်(၃၇၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ပဲဖက်တစ်ပိဿာလျှင်(၅၅၀)ကျပ်ခန့် ဈေးနှုန်း ကျဆင်းလာကြောင်း၊ နှမ်းဖက်နှင့်နေကြာဖတ် ဈေးနှုန်းများမှာအရောင်းအဝယ်အေး၍ ဈေးနှုန်း တည်ငြိမ်နေကြောင်း  သိရပါသည်။

DOCA(မန္တလေး)