
(၁၈.၆.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာ အရောင်းဆိုင်များအား အထက်ဌာန၏ လမ်းညွှန်ချက်အရ မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ကွင်းဆင်းပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် စိုက်ပျိုးရေးဆေးဆိုင်များတွင် ရောင်းချနေသောကုန်စည်များအားသတ်မှတ်ရောင်းဈေးထက်ပိုမိုရောင်းချမှုရှိ/မရှိ၊ ပစ္စည်းပြတ် လပ်မှု ရှိ/ မရှိ၊ အရည်အသွေးနှင့် အလေးချိန်မှန်ကန်မှုရှိစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်၍ သိုလှောင်သိမ်းဆည်းထားခြင်းရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဆိုင်အတွင်းကျန်ရှိသော ဓါတ်မြေဩဇာများကို ကုန်အညွှန်အမှတ်အသားဖော်ပြပါဝင်မှု ရှိ/ မရှိစစ်ဆေးခြင်း၊ သက်ဆိုင်ရာခွင့်ပြုချက်ပါသော အမှတ်များကို စစ်ဆေးခြင်း၊ တာရားမဝင်ကုန်စည်များ ရောနှောရောင်းချမှု ရှိ/ မရှိစစ်ဆေးခြင်း၊ လက်ရှိရောင်းချနေသော ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ အလေးချိန်ပြည့်ဝမှုရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
