စားသောက်ဆိုင်လုပ်ငန်းများအား ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        ၂၀၂၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ နံနက်(၀၉း၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ အလွင်စားသောက်ဆိုင်နှင့် ယူနိုက်တက်စားသောက်ဆိုင်တို့အား အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ ကိုင်တွယ်သည့်ဝန်ထမ်းများ ၆ လအတွင်း ကျန်းမာရေးစစ်ဆေးထားမှု ရှိ/မရှိ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်ထားမှု၊ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား အရွယ်အစား ပမာဏအလိုက် ဈေးနှုန်းများ ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြထားမှုနှင့် လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူအား အသိပေးဖော်ပြထားမှု ရှိ/ မရှိတို့အား စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ FDA ၊ ကျန်းမာရေးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိတို့ ထုတ်လုပ်လျက်ရှိသော လုပ်ငန်းတွင် သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေး၊ ဝန်ဆောင်မှုနှင့်ပတ်သတ်၍ သိသာထင်ရှားသော သတင်းအချက်အလက်များအား စားသုံးသူများသိရှိစေရန် ကြိုတင်အသိပေးချက် ဖော်ပြထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)