
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ရွှေကျင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ (၁၂.၆.၂၀၂၆)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်သူ (၃၀၀)ဦးအား စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးစီးမှူးမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဦးစီးဌာန၏ လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များအား အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုတာ ကုန်စည်(သို့)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် စားသုံးသူများ ထိခိုက်မှုမရှိစေရေး စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူတို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်စေရေး၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများ ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
